Monthly Archives: Oct 2021

မြိုင်တောင်ပိုင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ဥရောပသမဂ္ဂပါလီမန်၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနှင့် NUGသာ ပြည်သူ့အစိုးရဖြစ်ကြောင်း အင်းအားပြည့် ချီတက် ဆန္ဒပြ

khit thit

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ၏ ကျည်ဆံများနှင့် အသုံးအဆောင်များ ဆိမ်းဆည်းရမိ

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကျည်ဆံများနှင့် အသုံးအဆောင်အချို့ သိမ်း ဆည်းရမိကြောင်း KNDF တပ်ရင်း ၉ ဒီးမော့ဆိုဇုန်မှ သတင်းထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ်အတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များ ယနေ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အသုံးအ ဆောင်အချို့နှင့် ၎င်းတို့ ဖျက်ဆီးသွားခဲ့သော အများပြည်သူပိုင် မော်တော်ယဉ်များနှင့် နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရခြင်းဖြစ်သည်။

ထိုပစ္စည်းများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပေါ့ဆမှုကြောင့် ကျန်ရစ်ခဲ့ခြင်းမဟုတ်ဘဲ ဖိနှိပ်မှုများအား အောက်ခြေတပ်ဖွဲ့ဝင်များမှ မခံနိုင်တော့ပဲ ပစ္စည်းများအားစွန့်လွှတ်ကာ တပ်မှ ထွက်ပြေးခြင်းများဟု သုံးသပ်ကြောင်း KNDF တပ်ရင်း ၉ မှ ထုတ်ပြန်ထားသည်။khit thit

မြင်းခြံနှင့်တောင်သာမြို့နယ်ကို Stay At Home အမိန့်ဖြေလျှော့

မန္တလေးတိုင်း မြင်းခြံခရိုင်ထဲက တောင်သာနဲ့ မြင်းခြံမြို့နယ်တွေကို Stay  At  Home အမိန့်ကို အောက်တိုဘာ ၈ ရက်မှာ ဖြေလျော့ပေးလိုက်တယ်လို့ မြို့နယ်ဒေသခံတွေဆီက သိရပါတယ်။  

မန္တလေးတိုင်း မြင်းခြံခရိုင် ၄ မြို့နယ်မှာ  မနက် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း နေ့မထွက်ရ  Stay  At  Home အမိန့်ကို  ဇူလိုင်လအတွင်းက  သတ်မှတ်ခဲ့တာပါ။

မနက် ၁၁ နာရီက  ညနေ ၄ နာရီအထိ နေ့မထွက်ရအမိန့်ကို အောက်တိုဘာ ၈  ရက်ကစပြီး မြင်းခြံမှာ ည ၈ နာရီက မနက် ၄  နာရီနဲ့ တောင်သာမှာတော့ ည ၇ နာရီက မနက် ၄  နာရီအထိ ပြောင်းလဲသတ်မှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

Stay  At  Home အမိန့်ကို မြင်းခြံခရိုင်မှာ  ၄ မြို့နယ် သတ်မှတ်ခံခဲ့ရတာဖြစ်ပြီး အစောဆုံး သတ်မှတ်ခံရတဲ့ နွားထိုးကြီးမြို့နယ်က ဖြေလျှော့ပေးတဲ့ထဲ မပါသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။DVB

မြန်အောင်မြို့မှ ဒလန်ဟု ယူဆရသူ အသတ်ခံရပြီးနောက် ၁၅ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာတွင် သေနတ်သမားတစ်ဦးက ဒလန်ဟု နာမည်ကျော်သူ ကိုဝင်းမြင့်အောင်(ခ) ဂျပ်ကြီးကို အောက်တိုဘာ ၁ တွင် ပစ်သတ်ပြီးနောက် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ဒေသခံ ၁၅ ဦးထက်မနည်းကို ဖမ်းထားကြောင်း သိရသည်။

အဖမ်းခံရသည့် အမျိုးသမီး ၆ ဦး၊ အမျိုးသား ၉ ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ထောက်ခံကြသည့် လူငယ်များဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဖမ်းတာကတော့ အဲဒီနေ့ပဲ ညတွင်းချင်းပဲ အကုန်လိုက်ဖမ်းကြတယ်ဗျ။ အခုထက်ထိကို ဖမ်းနေတုန်းပဲ။ ဘာအကြောင်းပြချက်မှ မပြောဘူး။ သူတို့ထင်တဲ့သူ အကုန်ဖမ်းတာ”ဟု ၎င်းက ယနေ့ (အောက်တိုဘာ ၇) တွင် ပြောသည်။

ရခိုင်ရိုးမနှင့် ထိစပ်နေသော မြန်အောင်မြို့ ပတ်ဝန်းကျင် ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)များကို သင်တန်းပေးနေသည်ဟု ယူဆကာ စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇူလိုင်လလယ်ခန့်မှစ၍ စစ်ဆေးရှာဖွေနေသဖြင့် လူငယ်လူရွယ်အများစုမှာ တိမ်းရှောင်နေကြကြောင်း အထက်ပါ သတင်းရင်းမြစ်ကပင် ပြောသည်။

ဖမ်းဆီးခံထားရသူများကို သပြေကုန်းတိုက်နယ်ရဲစခန်းတွင် ချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းနေသည်ဟု အထက်ပါ ဒေသခံထံမှ သိရသည်။ ရဲစခန်းကို ဖုန်းဖြင့် မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ်မရသေးပါ။

ဖမ်းဆီးခံရသူတို့၏ အသေးစိတ်အကြောင်းအရာများကိုမူ စုံစမ်း၍ မရသေးပါ။

ဇွန် ၁၂ ရက်တွင် မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအနီး တောအတွင်းတွင် PDF ၆ ဦးကို လက်နက်များနှင့်အတူ ဖမ်းမိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ဖူးသည်။ အမည်မဖော်လိုသည့် ဒေသခံအချို့ကမူ ထိုသူများမှာ သာမန်အလုပ်သမားများသာဖြစ်သည်ဟု ပြောသည်။  

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၆ရက်တွင် ထုတ်ပြန်သည့် စာရင်းများအရ အာဏာသိမ်းစစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားသူ ၇၁၀၄ ဦးထက်မနည်း ရှိနေပြီဟု သိရသည်။ AAPP ကို တရားမဝင်အဖွဲ့ဟု ပြောသည့် စစ်ကောင်စီကမူ ထိုသို့သော ကိစ္စများကို သတင်းထုတ်ပြန်လေ့မရှိပေ။myanmar now

မန္တလေး ရထားသံလမ်း ပေါက်ကွဲမှုထပ်ဖြစ်

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်အနီးက ရထားလမ်း သံလမ်းပေါ် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲအားပြင်းထန်ကြောင်း ဒေသခံတစ်ဦးကအတည်ပြုပြော သည်။

“ကျွန်တော်တို့တံခွန်ုတိုင်ရပ်ကွက်ဘေးကရထားသံလမ်းပေါ်ပေါက်တာပါ၊ ပေါက်ကွဲအားတအားပြင်းတယ်၊ မြေကြီးပါတုန်သွားတာပါ၊ ဖြစ်ဖြစ်ချင်းပဲ စစ်သားတွေရောက်လာပြီး အဲဒီဘက်ပိတ်ထားပါတယ် လူထိ တယ်တော့ မကြားမိဘူးဗျ” ကနဦးအခြေအနေနှင့်ပတ်သက်၍ ဒေသခံတစ်ဦးကပြောသည်။မွန်းလွဲ ၂ နာရီအချိန်ခန့်က အုန်းကနဲပေါက်ကွဲသံကြီးနှင့်အတူ မြေတုန်ခါမှု ကြီးပါဖြစ်ခဲ့တာကြောင့် ဒေသခံများအထိတ် တလန့်ဖြစ်ခဲ့ကြကြောင်းလည်း သိရသည်။

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းကလည်း ၁၁၆ လမ်းနှင့် ၅၆ လမ်းအနီး မန္တလေး-ပြင်ဦးလွင်ရထားလမ်းပိုင်းရှိ တံတားအမှတ်(၉)ပေါ်တွင် ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ခဲ့သေးဘူး၊ ပေါက်ကွဲမှုများနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ အစည်းကဖောက်ခွဲခြင်းဖြစ်ကြောင်းတော့ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်းတွင် ယမန်နေ့ညက ဗုံးနှင့် လက်နက်ပစ္စည်းများသယ်ဆောင်လာသည့် ကျောက်ကားတစ်စီး ဖမ်းဆီးခံ ထား ရကြောင်း ယနေ့ညနေပိုင်း သတင်းများထွက်ပေါ်နေသည်။mizzima

အောင်ဆန်းကွင်းကို မြေအောက်ဥမင်လမ်းထည့်သွင်း အဆင့်မြှင့်ရန် စစ်ခေါင်းဆောင်ပြော

အောင်ဆန်းအားကစားကွင်းကို မြေအောက်လမ်းကူး လူသွားဥမင်တွေနဲ့ ခုံးကျော်တံတားတွေ  ထည့်သွင်းပြီး နိုင်ငံတကာအဆင့်မီပွဲတွေ ကျင်းပနိုင်ရေးအတွက် ပြန်လည်အဆင့်မြှင့်တင်တည်ဆောက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာ ၇ ရက်က ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ဝင်းနဲ့ ကျိုက္ကဆံအားကစားကွင်းကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ်မှာ ခုလိုပြောကြားလိုက်တာပါ။ 

အောင်ဆန်းအားကစားဝင်အား ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်ရာမှာ နိုင်ငံတကာအဆင့်မီပွဲတွေ ကျင်းပနိုင်ရေး ထည့်သွင်း စဉ်းစား ဆောင်ရွက်ကြဖို့၊ ယာဉ်တွေ ရပ်နားရန်အတွက်နေရာတွေ၊ ပရိတ်သတ် ဝင်ထွက်သွားလာမှု အဆင်ပြေ စေရေးအတွက် ခုံးကျော်တံတားတွေနဲ့ မြေအောက်လမ်းကူး လူသွားဥမင်တွေ၊ ဘတ်စ်ကား မှတ်တိုင်တွေ ထည့်သွင်း တည်ဆောက်ဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ 

အာကစားကွင်းတည်ဆောက်နေချိန်မှာ လက်ရှိအားကစားကွင်းမှာ လေ့ကျင့်ရေး ဆောင်ရွက်နေတဲ့ အားကစားသမားတွေ အားကစားနည်းအလိုက် လေ့ကျင့်ရေး ဆောင်ရွက် နိုင်ရန်နေရာတွေ ကြိုတင်စဉ်းစား ဆောင်ရွက်ထားဖို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ခေါင်းဆောင် အောင်ဆန်းကွင်းကို လာရောက်စစ်ဆေးချိန်မှာတော့ အားကစားသမားတွေ တစ်ယောက်မှ ရှိနေတာ မတွေ့ရပါဘူး။  

အောင်ဆန်းအားကစားကွင်းဟာ နှစ်ပေါင်း ၁၁၂ နှစ် သက်တမ်းရှိပြီဖြစ်ပြီး အရင်က အရှေ့တောင်အာရှမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ သမိုင်းဝင် အားကစားပြိုင်ဝင်းတစ်ခုဖြစ်ပေမဲ့ ယခင် နဝတ စစ်အစိုးရလက်ထက်က ဘောလုံးကွင်းထဲ ဆင်ခင်းသဘင်နဲ့ မြင်းခင်းသဘင်တွေ ကျင်းပခဲ့ရာက အားကစားကွင်း စတင်ပျက်စီးသွားခဲ့ပါတယ်။

အောင်ဆန်းအားကစားဝင်းအား ၁၉၀၆ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး မူလအမည်မှာ BAA (Burma Athletic Association Ground) အဖြစ်ရှိခဲ့ရာက ၁၉၅၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်မှာ အောင်ဆန်းအားကစား ပြိုင်ဝင်း အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဟာ မနေ့က ရန်ကုန်မြို့တော်ခန်းမမှာ ရန်ကုန်တိုင်း စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို တွေ့ဆုံပြီး Green City ၊  Clean City ဖြစ်အောင် ဆောင်ရွက်ဖို့နဲ့  နည်းပညာတွေနဲ့ ပေါင်းစပ်ကာ  Smart City အဆင့်သို့ ရောက်ရှိအောင်လုပ်ဆောင်ဖို့ တိုက် တွန်း သွားပါတယ်။ DVB

ဒလန်အသတ်ခံရပြီးနောက် ပြည်သူ ၁၅ ဦး ဖမ်းဆီးခံရ၊ ကျပ်သိန်း ၂၀၀ တန်ဖိုးရှိသော အိမ်တွင်းပစ္စည်းများကို စစ်ကောင်စီတပ် ဖျက်ဆီး

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ သပြေကုန်းတိုက်နယ်တွင် ရဲသတင်းပေး ကြံ့ခိုင်ရေးပါတီဝင် ဒလန် ဂျပ်ကြီး(ခ)ကိုဝင်းမြင့်အောင် အသတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီ တပ်သားများက ပြည်သူ ၁၅ ဦးကို PDF များဟု စွပ်စွဲဖမ်းဆီးပြီး ကျေးရွာအတွင်းရှိ လူနေအိမ်များမှ ကျပ် သိန်းနှစ်ရာ တန်ဖိုးရှိ အိမ်တွင်းပစ္စည်းများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဖမ်းဆီးခံရသူများမှာ အမျိုးသမီး လေးဦးနှင့် အမျိုးသား ၁၁ ဦးတို့ဖြစ်ပြီး အဆိုပါ အမျိုးသား ၁၁ ဦးတွင် အသက်မပြည့်သေးသည့် ၁၄ နှစ်အရွယ် အမျိုးသားတစ်ဦးလည်းပါဝင်‌ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ဒလန် ဝင်းမြင့်အောင် အသတ်ခံရတဲ့နေ့ ကစပြီး ရွာသူရွာသားတွေ အဖမ်းခံနေရတာပါ။ အိမ်ပိုင်ရှင်တွေကို သေနတ်ထောက်ပြီး အိမ်တွေကို ဝင်မွှေတယ် ။ တန်ဖိုးရှိတာ အကုန်ယူသွားတယ်။ ကျန်တာတွေကို အကုန်ဖျက်ဆီးခဲ့တယ်။ အိမ်နံရံတွေ ဆေးသုတ်တဲ့ နေရာမှာသုံးတဲ့ လုပ်ငန်းသုံးပတ်တီးမှုန့်တွေကိုလည်း ဖောက်ခွဲရေးပစ္စည်းဆိုပြီး ဖမ်းသွားတယ် ။ စစ်ခွေးတွေတော်တော်လွန်နေပြီ ။ စခန်းမှူးကလည်း ရွာကို မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်များနှင့် ရဲများက သပြေကုန်းတိုက်နယ်အတွင်း မတရားဖမ်းဆီးခြင်းများနှင့် နေအိမ်များကိုအကြမ်းဖက်ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်ဟုသိရပြီး ဖမ်းဆီးခံထားရသူများကို သပြေကုန်းနယ်မြေရဲစခန်းနှင့် အင်္ဂပူမြို့နယ် ရဲစခန်းတို့တွင် ရိုက်နှက်စစ်ဆေးနေကြောင်း သိရသည်။ ရဲသတင်းပေး ကြံ့ခိုင်ရေးပါတီဝင် ဒလန် ဂျပ်ကြီး(ခ)ကိုဝင်းမြင့်အောင် ဆိုသူကို မြန်အောင် မြို့ပြပြောက် ကျားတပ်ဖွဲ့ဝင်များနှင့် မြစ်ဝကျွန်းပေါ်ပြောက်ကျား စစ်ဆင်ရေးတပ်ပေါင်းစု အဖွဲ့များက အောက်တိုဘာ ၁ ရက်နေ့တွင် ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ဒေသခံများနှင့် ပတ်သက်မှုမရှိကြောင်း ပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ပြောသည်။mizzima

ဆားလင်းကြီးနယ်တိုက်ပွဲတွင် စစ်သားနှင့်ရဲ ၅ ဦး သေဆုံး

ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် နယ်နိမိတ်အစပ်တွင် တပ်စွဲရန်ရောက်လာကြသည့် စစ်သားနှင့်ရဲ စီးနင်းလိုက်ပါလာသော ယာဉ်တန်းအား ဆားလင်းကြီးမြို့နယ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ခုမှ တိုက်ခိုက်ရာ စစ်သားနှင့်ရဲ ငါးဦးထက်မနည်း သေဆုံးကြောင်းသိရသည်။

“သူတို့က ခွေးဘီလူးကားရယ်၊ ဆိုင်ကယ်တွေရယ်နဲ့ ဆားလင်းကြီးနယ်ဘက်ကို လာကြတာ ဒါကို ကျွန်တော်တို့အဖွဲ့တွေက မိုင်း ငါးလုံးခွဲလိုက်တယ်။ ပြီးတော့တူမီးတွေနဲ့ဝိုင်းပစ်ပြီး ဆုတ်ခွာခဲ့တာပါ” ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Pale People’s Defence Force (PPDF) ခေါင်းဆောင်ဗိုလ်နဂါးက မဇ္စျိမ ကိုပြောသည်။

ထိုတိုက်ပွဲတွင် မိုင်းပေါက်ကွဲမှုနှင့် ပစ်ခတ်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း သေဆုံးကြောင်း ဗိုလ်နဂါးကအတည်ပြုသည်။ “ကျွန်တော်တို့မိုင်းတွေက ဆိုင်ကယ်နဲ့လာတဲ့စစ်သားတွေဆိုရင်တော့ မသေတာရှားတယ်။ အတည်ပြုလို့ရသလောက်တော့ ငါးဦးထက်မနည်းဘူး။ တိုက်ပွဲပြီးတော့ လူနာတင်ကားတွေနဲ့ စစ်ခွေးအလောင်းတွေကို လာကောက်သွားကြတယ်။ စောင့်ကြည့်ပေးနေတဲ့ ဒေသခံတွေက သတင်းပို့ချက်အရသိရတာပေါ့” ဟု ၎င်းကဆိုသည်။

“ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Pale People’s Defence Force (PPDF) ခေါင်းဆောင်ဗိုလ်နဂါးနှင့် ညီနောင်မဟာမိတ်ဖြစ်သော မြိုင်မြို့နယ်မှ ညီအကို ရဲဘော်များ ပုလဲမြို့နယ်နှင့် နယ်နမိတ်ထိစပ်နေသော ဆားလင်းကြီးမြို့နယ်အတွင်း ခွေးရူးများအား ရှင်းလင်းသုတ်သင်ခဲ့သည်။

ခွေးငါးကောင်နှင့် အထက်အား တမလွန်သို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါသည်။ စခများဘက်မှအလောင်းများကိုကားဖြင့်လာကောက်သွားပြီဟု သိရှိရပါသည်” ဟု PPDF ၏လူမှုကွန်ရက်စာမျက်နှာတွင်လည်း ယနေ့ အောက်တိုဘာ ၈ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဆားလင်းကြီးမြို့နယ်တွင် ယခုကဲ့သို့တိုက်ပွဲဖြစ်ပွားသည့်အတွက် အကြမ်းဖက်စစ်ကောင်စီဘက်မှ ပြည်သူများအားဖိအားပေးလာမည်ကို စိုးရိမ်သည့်အနေဖြင့် “အားတော့နာတယ် ဆားလင်းကြီးရယ်” ဟုလည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။mizzima

« Older Entries