ကလေး ၇၅ ဦးအပါအဝင် ပြည်သူ ၁၁၀၀ ကျော်ကို သတ်ဖြတ်ကာ ဆိုးရွား သော စစ်ရာ ဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ် တပ်ကို အရေးယူရန် ၇၆ ကြိမ်မြောက်ကုလညီလာခံ၏ ကော်မတီ အစည်းအဝေး ၃ ခုတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်းပြောတောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရNUG ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကလေး ၇၅ ဦး အပါအဝင် ပြည်သူ ၁၁၀၀ ကျော်ကို သတ်ဖြတ်ကာ ဆိုးရွားသော စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို အရေးယူရန် ၇၆ ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေညီလာခံ၏ ကော်မတီ အစည်းအဝေး ၃ ခုသို့ တက်ရောက် မိန့်ခွန်းပြော တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် အောက်တိုဘာလ ၇ ရက်နေ့ ကျင်းပသော (၇၆) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာ ခံ၊ တတိယကော်မတီ ၏ ကလေးများ၏ အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးတွင် ကလေးများ၏ အခွင့်အရေးချိုးဖောက်ခံနေရမှုနှင့် မြန်မာစစ်တပ်က ဆေးရုံ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများ၌ နေရာယူထားမှုနှင့်စပ်လျဉ်း၍ နိုင်ငံ တကာအသိုက်အဝန်းမှ ထိရောက်စွာအရေးယူဆောင်ရွက်ရေး သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောဆို တောင်းဆို တင်ပြသည်။

အဆိုပါအစည်းအဝေးတွင် သံအမတ်ကြီးက မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံရှိ ကလေးငယ်များသည် စစ်တပ်အာဏာသိမ်းမှုကြောင့်၎င်းတို့၏ အခွင့်အရေး အားလုံး သည် ဆိုးဝါးစွာ ချိုးဖောက်ခံနေရကြောင်း၊ မြန်မာစစ်တပ်သည် ကလေးငယ်များ၏ လုံခြုံရေးကို စာနာ ထောက် ထားခြင်း မရှိသကဲ့သို့ ပဋိပက္ခအတွင်း ကလေးငယ်များအား ကာကွယ်ရေးနှင့်ပတ်သက်သည့် နိုင်ငံတကာဥပဒေများကိုလည်း လိုက်နာလိုခြင်းမရှိကြောင်း၊ ကလေးများအပေါ် မြန်မာစစ်တပ်၏ လုပ်ရပ်များနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုက် အဝန်းမှ စိုးရိမ်ကြောင်း ထုတ်ဖော်လျက်ရှိသော်လည်း မြန်မာစစ်တပ်သည် အရပ်သား ပြည်သူများနှင့် ကလေးများအပေါ် ကျူးလွန်သည့် ဆိုးဝါးသည့် လုပ်ရပ်များကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ကျူးလွန်နေဆဲဖြစ်ကြောင်း ၊ ကလေးများအပေါ် မြန်မာစစ်တပ်မှ ကျူးလွန်လျက်ရှိသည့် ဆိုးဝါးသည့်ပြစ်မှုများနှင့် စပ်လျဉ်း၍ နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအနေနှင့် ထိရောက်စွာ အရေးယူဆောင်ရွက်ရန် ၊ မြန်မာစစ်တပ်မှဆေးရုံ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများ၌ နေရာယူထားမှုကို ချက်ချင်းရပ်တန့်ရေး ဆောင်ရွက်ပေးရန် တိုက်တွန်းပြောဆိုသည်။

အလားတူ အောက်တို ဘာလ ၄ ရက်နေ့ ကျင်းပသော (၇၆)ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ၌ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပြောကြားမှု၌ ကုလသမဂ္ဂ အနေဖြင့် မြန်မာပြည်သူများ နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရ အား ခိုင်မာစွာ ဆက် လက် ထောက် ခံ၍ မြန်မာပြည်သူတို့၏ ဒီမိုကရေစီလိုလားမှုနှင့် အတူ ဆက်လက်ရပ်တည်သွားရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောဆို တိုက်တွန်းသည်။

အလားတူ အောက်တိုဘာလ ၇ ရက်နေ့ ကျင်းပသော (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက် သိမ်းရေးနှင့်နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲ တမ်းကိုယ်စားလှယ်က မိန့်ခွန်းပြောဆိုရာတွင်

(က) နျူကလီးယားလက်နက်များတည်ရှိခြင်းနှင့် အသုံးပြုခြင်းသည် လူသားမျိုးနွယ်များ အ တွက် အကြီးမားဆုံး လုံခြုံရေးခြိမ်းခြောက်မှုဖြစ်သည်ကို သတိမူရမည်ဖြစ်ပါကြောင်း၊ နျူကလီးယားခြိမ်းခြောက်မှုများသည် လူသားမျိုးနွယ်တည်ရှိမှုအတွက် အဆိုးရွားဆုံး လုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုဖြစ်ပါကြောင်း၊

(ခ) နျူကလီးယားလက်နက်များ အလုံးစုံဖျက်သိမ်းရေးသည် ယင်းလက်နက်များ အသုံး ပြုမှု သို့မဟုတ် ခြိမ်းခြောက်မှုများအတွက် တစ်ခုတည်းသော အာမခံချက် ဖြစ်ပါ ကြောင်း၊

(ဂ) ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် နျူကလီးယားလက်နက် တားဆီး ပိတ်ပင် ရေး ဆိုင်ရာစာချုပ် (Treaty on the Prohibition of Nuclear Weapons – TPNW) အသက်ဝင် ခဲ့ခြင်းသည်ကြိုဆိုရမည့် တိုးတက်မှုတစ်ခုဖြစ်ပြီး၊ နျူကလီယား လက်နက်များ ကင်းစင်သော ကမ္ဘာကြီးဖြစ်ပေါ်လာစေရေးအ တွက် များစွာအထောက်အကူပြုမည် ဟု ယုံကြည် ပါကြောင်း၊

(ဃ) မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်သို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး၊ ယခု၂၀၂၁ခုနှစ်တွင် အတည်ပြု ပါဝင်ရန် စီစဉ်ခဲ့ပါကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ အကြမ်းဖက် စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည့်အတွက် အ တည်ပြု ပါဝင်ရေးသည် လက်ရှိတွင်ဖြစ်နိုင်ဖွယ်မရှိပါကြောင်း၊ သို့သော်လည်း မြန်မာ နိုင်ငံ၏ နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့် ပတ်သက်သည့် ကတိကဝတ် အပေါ် သံသယ ဖြစ်စရာ မလိုပါကြောင်းနှင့် မြန်မာပြည်သူများမှ တရားနည်းလမ်းကျ ရွေးကောက် တင်မြှောက် ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ၏ ထောက်ခံမှုဖြင့် အမြန်ဆုံး အတည်ပြု ပါဝင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

(င) ကုလ သမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီတွင် ၁၉၉၅ ခုနှစ်မှစတင်၍ “Nuclear Disarmament” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံကနှစ်စဉ် ကမ က ထပြု တင်သွင်း သည့် ဆုံးဖြတ်ချက် တစ်ရပ်ကို ယခုနှစ်တွင်လည်း ဆက်လက်တင်သွင်း သွားမည် ဖြစ်ပါ ကြောင်း၊ ယခင်နှစ်များတွင် အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံပံ့ပိုးခဲ့မှုများအတွက် ကျေးဇူး တင်ရှိ ပါကြောင်းနှင့် ယခုနှစ်တွင် လည်း မြန်မာနိုင်ငံမှ တင်သွင်းမည့် ဆုံးဖြတ်ချက် အဆိုအပေါ် ဆက်လက် ထောက်ခံ ပေးကြပါရန် မေတ္တာရပ်ခံလိုပါကြောင်း၊

(စ) လက်နက်ဖျက်သိမ်းရေးကဏ္ဍအတွက် တစ်ခုတည်းသော နိုင်ငံစုံအဆင့် ညှိနှိုင်း ဆွေးနွေး သည့် လက်နက်ဖျက်သိမ်းရေးညီလာခံ (Conference on Disarmament) တွင် မြန်မာနိုင်ငံသည် ကနဉီး အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည့် အားလျော်စွာ ယခု ၂၀၂၁ ခုနှစ် အတွင်း အဆိုပါညီလာခံ၌ ဆွေးနွေးမှုများတွင် တူညီဆန္ဒမရရှိခဲ့ခြင်း အပေါ် စိတ်မကောင်းဖြစ်မိပါကြောင်းနှင့် နှစ်ပေါင်း များစွာ နှောင့်နှေးလျက်ရှိသည့် လက် နက် ဖျက်သိမ်းရေး ညီလာခံ၏ လုပ်ငန်းများရှေ့ဆက် ဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့ဝင် နိုင်ငံများ အနေဖြင့်၎င်းတို့၏ သဘောထားပျော့ပြောင်းမှုကို ပြသရန် တိုက်တွန်းလိုပါ ကြောင်း၊

(ဆ) ဓာတုလက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်သို့ ၂၀၁၅ ခုနှစ် ဇူလိုင်လမှ စတင်၍ အတည်ပြုပါဝင်ခဲ့သည့် အားလျော်စွာ စစ်တပ်မှပူးပေါင်းဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာမှု မရှိသော်လည်း မြန်မာနိုင်ငံ၏ အရပ်သားအစိုးရသည် စာချုပ်ပါ အချက်အလက်များကို လိုက်နာ ဆောင်ရွက်ရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက် ခဲ့ပါကြောင်း၊ မကြာသေးမီအချိန်က လုံလောက်သည့် သက်သေအထောက်အထားများအရ မြန်မာစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိသည့် (schedule 1 chemical) ပါ ဓာတု ပစ္စည်းများ ထုတ်လုပ်သည်ဆိုသည့် ဖျက်သိမ်းပြီး ဓာတု စက်ရုံနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် တင်ပြ ကြေညာရန် ပျက်ကွက်လျက်ရှိသည် ကို အရပ်သားအစိုးရက မကြာသေးမီအချိန်ကမှ သိရှိရပါကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေးအကျပ်အတည်းများကြောင့် အဆိုပါ ပျက်ကွက်မှုနှင့် ပတ် သက်၍ ဖြေရှင်းဆောင်ရွက်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် အတွက် စိတ်မကောင်းဖြစ်မိပါကြောင်း၊

(ဇ) နိုင်ငံတစ်နိုင်ငံတွင် တရားဝင် အာဏာပိုင်များနှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်း များသည် နိုင်ငံ၏ နယ်မြေဒေသများနှင့် ပြည်သူ များကို ကာကွယ်ရန် အတွက် သမားရိုးကျ လက်နက်များအသုံးပြုခွင့်ရှိသည်ကို ယုံကြည်ပါကြောင်း၊ သို့သော်လည်း အာဏာရှိသူများသည် အဆိုပါလက်နက်များကို တာဝန်မဲ့စွာ အသုံးပြုခြင်းကြောင့် လူသားများအနေဖြင့် ထိခိုက် နာကျင်မှုများ၊ သေကြေပျက်ဆီးမှုများနှင့် ဒုက္ခအ လုံးစုံကို ခံစားနေရပါကြောင်း၊ အာဏာရှိသူများ သည် အဆိုပါလက်နက်များကို ကိုယ်ကျိုး စီးပွား အတွက် အလွဲသုံးစားအသုံးပြုခြင်းကြောင့် အကြမ်းဖက်သတ်ဖြတ်မှုများ ဖြစ်ပွားလျှက် ရှိပါကြောင်း၊ မြန်မာပြည်သူများသည် အဆိုပါ အခြေအနေများကို လက်ရှိရင်ဆိုင် ကြုံတွေ့ နေရပါကြောင်း၊ စစ်တပ်သည် ချေမှုန်းရေး ရိုင်ဖယ်များ၊ လက်နက်ကြီးများ၊ လေကြောင်း တိုက်ခိုက်မှုများနှင့် အခြားလက်နက်များကို အသုံးပြု ၍ပြည်သူများအပေါ် အကြမ်းဖက် သတ်ဖြတ်မှုများ ကျူးလွန်လျှက်ရှိပါကြောင်း၊

(ဈ) သို့ဖြစ်ပါ၍ မြန်မာစစ်တပ်သို့ လက်နက်များ၊ ကျည်ဆံများနှင့် ဆက်စပ်နည်း ပညာများ ရောင်းချနေသည့် နိုင်ငံများအနေဖြင့် မြန်မာပြည်သူများ၏ အသက်များကို ကယ်တင် ပေးနိုင်ရေး အတွက် ရောင်းချနေမှုများကို ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ပါရန် မေတ္တာရပ်ခံ လိုပါကြောင်း ပြောဆိုသွားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s