ကော့မှူးမြို့နယ်၌ ပြောက်ကျားစစ်စတင် စစ်ကောင်စီတပ်သား ၉ ဦး ခန့်သေဆုံး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ရန်ကုန်တိုင်း၊ ကော့မှူးမြိုနယ်မှာ အောက်တိုဘာ ၆ ရက်နေ့ ညပိုင်းက ဒေသခံ ပြည်သူ့ကာ ကွယ်ရေးတပ်တွေ မြို့ပေါ်ပြောက်ကျားစစ်ဆင်ရေး တစ်ရပ်ပြုလုပ်ခဲ့တယ်လို့  ကော့မှူး PDF ကပြောပါတယ်။

ပြောက်ကျားစစ်ဆင်ရေးအဖြစ် မနေ့ည ၇ နာရီလောက်က မှော်တောကျေးရွာရှိ သတင်းပေးဒလန် ၃ ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ည ၈ နာရီလောက်မှာတော့ ကျိုက်ထော်ကနေ လာတဲ့ စစ်ကားတစီးကို လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ခန့်မှန်း ၉ ယောက်လောက်သေဆုံးပြီး  တပ်ကြပ် တယောက် အပါအဝင် ၄ ယောက် ဒဏ်ရာရပြီး တချို့က ကျိုက်ထော်ဆေးရုံမှ ရန်ကုန်ဆေးရုံသွားဖို့ လူနာတင်ကားပေါ်အရောက်မှာ သေဆုံးသွားတယ်လို့  ကော့မှူး PDFက အတည်ပြုပြောပါတယ်။

အဆိုပါ စစ်ဆင်ရေးမှာ ကော့မှူးမြို့နယ်က PDF ရဲဘော်တွေတော့ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အောက်တိုဘာလ ၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ကော့မှူးမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ  အင်အား ၂၀၀ လောက်နဲ့ ဝင်ရောက် စစ်ဆေးနေပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s