က​​လေးမြို့ နေရာ ၂ ခု၌ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း က​လေးမြို့နယ်ထဲမှာ ​အောက်တိုဘာ ၇ ရက် ည​နေပိုင်းက ​စစ်​ကောင်စီ တပ်ဖွဲ့တွေကို ​နေရာ ၂ ခုမှာ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ၁၂ ဦး ​သေဆုံး၊ အများအပြား ဒဏ်ရာ ရရှိသွားတယ်လို့ က​လေး PDF က ထုတ်ပြန်ပါတယ်။ ​​

​ အောက်တိုဘာ ၇ ရက် ည​​နေ ၄ နာရီလောက်မှာ က​လေးမြို့က​နေ ​တောင်ဘက်ပိုင်းကို ​မောင်းနှင်လာတဲ့ စစ်​ကောင်စီတပ်ကား ၂ စီးဟာ နည်းပညာတက္ကသိုလ် GTC ကျောင်းအနီး ရပ်ကာ လမ်း​​ဘေး ဝဲ-ယာ တစ်​လျှောက် မိုင်းရှာ​ဖွေ​နေစဉ် က​လေး PDF အဖွဲ့က ထောင်ထားတဲ့ မိုင်းကို ​ဖောက်ခွဲလိုက်ရာ စစ်​ကောင်စီတပ်သား ၄ ဦး​သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွား​တယ်လို့ ဆိုပါတယ်။

 ​အဲဒီနောက် သေဆုံးအ​လောင်းတွေကို ကား​ပေါ်တင်ကာ က​လေးမြို့ဘက်ကို ပြန်လည်မောင်းနှင်သွားပြီး လမ်း​တစ်​လျှောက်ကိုလည်း ရမ်းသမ်းပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

ည​နေ ၅ နာရီခွဲခန့်​လောက်တော့ စစ်​ကောင်စီတပ်ကား ၅ စီးဟာ က​လေးမြို့က​နေ ​တောင်ဘက်သို့ ထပ်မံထွက်ခွာလာစဉ် ​ထောက်ကြန့်ရွာ နဲ့ သာယာကုန်းရွာကြား တစ်​နေရာမှာ က​လေး PDF အဖွဲ့ဝင်တွေက  ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အ​ရှေ့ဦးဆုံးက စစ်ကား ၁ စီး မိုင်းထိမှန်ခဲ့ပြီး စစ်​ကောင်စီတပ်သား ၈ ​ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွား​ကြောင်းနဲ့ မိုင်း​ဖောက်ခွဲခံရပြီး​နောက် ​ထောက်ကြန့်ရွာအတွင်းကိုလည်း စစ်​ကောင်စီတပ်ဖွဲ့က ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s