ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ၏ ကျည်ဆံများနှင့် အသုံးအဆောင်များ ဆိမ်းဆည်းရမိ

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကျည်ဆံများနှင့် အသုံးအဆောင်အချို့ သိမ်း ဆည်းရမိကြောင်း KNDF တပ်ရင်း ၉ ဒီးမော့ဆိုဇုန်မှ သတင်းထုတ်ပြန်သည်။
ဒီးမော့ဆိုမြို့နယ်အတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များ ယနေ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အသုံးအ ဆောင်အချို့နှင့် ၎င်းတို့ ဖျက်ဆီးသွားခဲ့သော အများပြည်သူပိုင် မော်တော်ယဉ်များနှင့် နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရခြင်းဖြစ်သည်။
ထိုပစ္စည်းများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပေါ့ဆမှုကြောင့် ကျန်ရစ်ခဲ့ခြင်းမဟုတ်ဘဲ ဖိနှိပ်မှုများအား အောက်ခြေတပ်ဖွဲ့ဝင်များမှ မခံနိုင်တော့ပဲ ပစ္စည်းများအားစွန့်လွှတ်ကာ တပ်မှ ထွက်ပြေးခြင်းများဟု သုံးသပ်ကြောင်း KNDF တပ်ရင်း ၉ မှ ထုတ်ပြန်ထားသည်။khit thit