ယာဉ်များကို အဓမ္မငွေညှစ်နေသည့် ဝေါမြို့ နယ်ရဲတပ်ဖွဲ့ ကားတိုက်ခံရ၊ ရဲအုပ် ၁ ဦး သေ ဆုံး

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့မှာ ​ မော်တော်ယာဉ်တွေကို ​အ​ပြစ်မရှိ အ​ပြစ်ရှာတားဆီး​ပြီ အဓမ္မ ငွေညစ်တောင်းယူနေတဲ့အဖွဲ့ အောက်တိုဘာ ၇ ရက်​နေ့ ည ၇ နာရီလောက်က ကားနဲ့ အတိုက်ခံရတာကြောင့်  ရဲအုပ် ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

​ဝေါ​မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ် မင်းသိန်းနဲ့အဖွဲ့ဟာ ​နေ့စဥ် ညဘက်တွေမှာ မူးယစ်​သောက်စား​​ပြီး လူရှင်းတဲ့ ​မြို့ပြင်ထွက်ကာ  မြဝတီဘက်က လာတဲ့ကားတွေကို အကြောင်းမဲ့တားဆီးစစ်ဆေး​​ပြီ အပြစ်မရှိအပြစ်ရှာ အဓမ္မ ငွေညစ်တောင်းယူနေတာ ​ကြာ​ပြီလို့ ဆိုပါတယ်။

မနေ့ညက ရှမ်းစု​ကျေးရွာအနီးမှာ မော်တော်ယာဉ်တွေကို တားဆီးပြီ အ​ပြစ်မရှိအ​ပြစ်ရှာဆဲဆို​ကြိမ်း​မောင်းကာ  အဓမ္မ ငွေညစ်တောင်းယူနေချိန် ကား​နဲ့ အတိုက်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“​မြို့ပြင်ထွက်ပြီ မူးကြောင်ကြောင်နဲ့ ကားတွေလိုက်တား၊ မှောင်မှောင်မည်းမည်းနဲ့ အခုလို အချိန်အခါမှာ ဘယ်ကားသမားက ရပ်ရဲမလဲ။ စစ် ဆေးမယ်ဆို မြင်သာထင်သာရှိတဲ့ မြို့ထဲမှာ စစ်လေ၊ ညကသူတို့အဖွဲ့ တော်တော်မူးနေကြတယ်။ မူးရူးပြီ ​မြို့​ပြင်ထွက်လမ်းပေါ်တက်​ပြီ တရား လက်လွန်  လုပ်ချင်သလိုလုပ်နေကြတာဆိုတော့ အတိုက်ခံရတာ နည်း​တောင်နည်း​သေးတယ်။”

ယာဉ်တိုက်မှုကြောင့် နယ်ထိန်းခေါင်း​ဆောင် ရဲအုပ်မင်းသိန်းမှာ ဒဏ်ရာ​ပြင်းထန်စွာနဲ့  သေဆုံးခဲ့ပြီ ယာဉ်တိုက်သွားသူကိုတော့ ဖမ်းဆီးစစ်ဆေးနေပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s