ရန်ကုန်၊ ကော့မှူး၊ မှော်ဘီ အပါအဝင် မြို့နယ်များ၊ လွိုင်ကော်၊ တန့်ဆည်၊ ပွင့်ဖြူ၊ ပခုက္ကူနှင့် ဆားလင်းကြီး အပါအဝင် နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်များကို ပြည်သူများက ခုခံတိုက်ခိုက်နေ

ရန်ကုန်တိုင်း ကော့မှူး၊ မှော်ဘီ အပါအဝင် မြို့နယ်များ၊ ကရင်နီပြည်နယ်၊ လွိုင်ကော်၊ စစ်ကိုင်းတိုင်းတန့်ဆည်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ မကွေးတိုင်း ပွင့်ဖြူမြို့နယ်၊ ပခုက္ကူမြို့နယ် အပါအဝင် နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီတပ်များကို ပြည်သူများက အောက်တိုဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ခုခံတိုက်ခိုက်နေကြသည်။

ကော့မှူးမြို့

==============

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ကော့မှူး PDFတို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် ဝါးသင်္ခအလယ်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ ၂ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။ အဆိုပါကျေးရွာရှိ ပြည်သူ တချို့သည် လက်ရှိချိန်၌ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ အပြန်တွင် ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

စစ်တပ်မြို့တော် မှော်ဘီမြို့နယ်

======================

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်၊ ၂ ရပ်ကွက် ရွှေနံ့သာဘုန်းကြီးကျောင်းလမ်း၊ ဓမ္မာရုံကျောင်းအနီးရှိ Mytel တာဝါတိုင်၊ အောက်ချိုင့်ဘုန်းကြီး ကျောင်းအနီးရှိ တပ်ပိုင် အုတ်စက်၊ နန်းဦးကျောင်းအနီးရှိ ၃ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ၂ရပ်ကွက် ပြည်လမ်းမပေါ်ရှိ မြို့နယ် ကြံ့ဖွတ်ပါတီ ရုံးချုပ်တို့ကို အောက်တို ဘာလ ၇ရက်နေ့တွင် အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ACPLF) နှင့် မှော်ဘီရင်သွေးတပ် ( HYA) တို့က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ကမ္ဘာအေးဘုရားလမ်း နှင့်လှိုင်မြို့နယ်

============================

ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ကမ္ဘာအေးဘုရားအနီးတွင် ယနေ့ အောက် တိုဘာလ ၈ရက် နေ့လည် ၁၂ နာရီခန့်က ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ လှိုင်မြို့နယ်တွင်လည်း ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ နေ့လယ်ပိုင်း ဗုံး၂ ကြိမ်ပေါက်ကွဲခဲ့ပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ထန်းတပင်မြို့နယ်

================

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတစ်ပင်မြို့နယ်၊ စစ်ကောင်စီခန့် မရွှေဥကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းဗိုလ်ကို အမည်မသိသူတွေက ယနေ့ နံနက်ပိုင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကျည်ထိမှန်သွားကာ သေဆုံးဖွယ်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

မင်္ဂလာဒုံမြို့နယ်

=============

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအတွင်းမှာ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ချိန်ရွယ်ထားသည့် ၁၀၇ မမရှော့တိုက်ဒုံးတစ်လုံးကို အောက်တိုဘာလ ၇ ရက် နေ့လယ်ပိုင်းက တွေ့ရှိရပြီး ပေါက်ကွဲသံများလည်း ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့

=========================

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ အကြမ်းဖက် စစ်တပ်ပိုင် အင်းဝဘဏ်တွင် ယနေ့ အောက်တိုဘာလ ၈ရက်နေ့ နံနက် ၁၁ နာရီခန့်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ဘဏ်အဆောက်အအုံရှိ မှန်တချို့ ပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူများ ၏ပြောဆိုချက်အရ သိရသည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်

=========================

တန့်ဆည်မြို့နယ် နဘက်ကြီးကျေးရွာတွင် ကင်းလှည့်၍ ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ ယနေ့ အောက်တိုဘာလ ၈ရက်နေ့ နံနက်ပိုင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စီတုံးလုံးချောင်း နဘက်ကြီးမယ်တော်နန်း မူးဘောင်အကူးတွင် အမည်မသိ သေနတ်သများဖြင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီဘက်မှ ၁၈ ဦးသေဆုံးကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်

============================

ဆားလင်းကြီးမြို့နယ် ကျားတက်တိုက်နယ်ရွာ အကြမ်းဖက် စစ်ကောင်စီ ရဲစခန်းရှေ့တွင် ယနေ့ အောက်တိုဘာလ ၈ရက် နေ့လည် ၁၁နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲစခန်းရှေ့ ဖြတ်သွားသူများကို ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာ

==================

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ ကန်သာယာအရှေ့ဘက်အခြမ်းတွင် ကွမ်းယာဆိုင်ဖွင့်လှစ်ထားသည့် စစ်ကောင်စီသတင်းပေး ဒလန်အဖြစ်သတ်မှတ်ခံထားရသူ ဖက်တီးကို ယနေ့တွင် Monywa Heroes Group က သေနတ်ဖြင့် အနီးကပ် ပစ်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

မကွေးတိုင်း ပွင့်ဖြူမြို့

===================

ပွင့်ဖြူမြို့ တောင်ပိုင်းရှိ အကြမ်းဖက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို အောက် တိုဘာလ ၇ ရက်နေ့ ည ၈ နာရီခန့်က PDF-PBUနှင့် PRA-Magway ပူးပေါင်းတပ်ဖွဲ့က ဗုံး ၂ ကြိမ် ဆက်တိုက် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း သိရသည်။ အဆိုပါ PDF-PBUနှင့် PRA-Magway ပူးပေါင်းတပ်ဖွဲ့တို့သည် အောက် တိုဘာလ အစောပိုင်းကလည်း ဝါဇီ စက်ရုံကို ထောက်ပို့နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းကိုလည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့

======================

ပခုက္ကူမြို့တွင် အောက်တိုဘလ ၇ရက်နေ့ ညနေ ၅နာရီ ၃ဝမိနစ်က မြို့ရှောင်လမ်းပေါ်တွင် အကြမ်း ဖက် စစ်ကောင်စီ ယာဉ် ၈ စီးပါ ယာဉ်တန်းတစ်ခုကို PPDF၊ BGF-Myingyan နှင့် Seven PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေနှင့် သေဆုံးမှု အခြေအနေများကို မသိရှိရသေးကြောင်း သိရသည်။ အဆိုပါယာဉ်တန်းသည် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၏ ခရီးစဉ် ယာဉ်တန်းဖြစ်သည်ဟု သိရှိရသော်လည်း ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s