ရေစကြိုတွင် Mytel တာဝါတိုင်မီးစက် ဆီဖြည့်သူ ၃ ဦး မိုင်းနင်းမိ၊ ၁ ဦး ခြေထောက်ပြတ်

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ အောက်တိုဘာ ၇ ရက်နေ့ ညနေပိုင်းက Mytel တာဝါတိုင်က မီးစက်ကို ဆီလာဖြည့်တဲ့ ဝန်ထမ်း ၃ ယောက် မိုင်းနင်းမိလို့ တစ်ယောက် ခြေထောက်ပြတ်သွားပါတယ်။

ညနေ ၆ နာရီလောက်က ဂွေးဂုဏ်ရွာက ဆက်သွယ်ရေးတာဝါတိုင်အတွက် ဝန်ထမ်း ၃ ယောက် ဆီလာဖြည့်ရာမှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းပေါက်ကွဲတာလို့ ဒေသခံတဦးက ပြောပါတယ်။

“အုန်းခနဲ အသံတော်တော်ကျယ်တယ်ဗျ။ ကျနော်တို့ မကပ်ရဲဘူး။ ကယ်ပါဦး ကယ်ပါဦး အော်သံပဲကြားရတယ်။ ခြေထောက် ပြတ်သွားတယ်လို့လည်း ပြောသံကြားလိုက်ရတယ်။”

သူတို့ထဲက ၂ ယောက်ကတော့ ဘာမှမဖြစ်ဘူးလို့ သိရပြီး ဒဏ်ရာရသူကို သူတို့လာတဲ့ကားနဲ့ ပြန်ခေါ်သွားတယ်လို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s