သပိတ်ကျင်းတွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကား ၁စီးပျက်စီးကာ အများအပြားထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်တွင် စစ်ကား ၁၀စီးပါ စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့​ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၇ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်က ထီးချိုင့်မြို့နယ် တုံလုံဘက်က တက်လာသည့် စစ်ကောင်စီ ကား ၁၀ကို သပိတ်ကျင်းမြို့နယ် တောင်တလုံးကျေးရွာ နှင့် အင်ပျံ ကျေးရွာကြားတွင် TBK PDF နှင့် Tigying PDF တို့မှ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ။စစ်ကောင်စီဘက်မှ စစ်ကားတစ်စီး ပျက်စီးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိသူများကို ထီးချိုင့်ဆေးရုံသို့ပို့ထားရသည်ဟုလည်း သိရသည် ။

” ၁ နာရီကျော်လောက်က အုံးအုံးဆိုပြီးကြားလိုက်ရတာ ၊ ပီးတော့ လက်နက်ကြီးတွေနဲ့ရော ၊ စက်သေနတ်တွေနဲ့ရောရမ်းသမ်းပြီးပစ်ပုံရတယ် ၊ ဒီကောင်တွေ ထိခိုက်မိတဲ့ကားတွေကို ညတွင်းချင်း ရှင်းကြလို့နေမှာ ၊ မနက်ကျတော့ ကားလမ်းပေါ်မှာ မှန်ကွဲစတွေဘဲ တွေ့ရတော့တယ်လို့ ” ဒေသခံတဦးက ပြောသည် ။

သပိတ်ကျင်းမြို့နယ်PDF နှင့် ထီးချိုင့်မြို့နယ်PDFတို့သည် မဟာမိတ်များဖြစ်ကြပြီး သပိတ်ကျင်းမြို့နယ်တွင် ယခုကဲ့သို့ စစ်ကောင်စီတပ် ယာဥ်တန်းများအား မိုင်းဆွဲတိုက်ခိုက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟုလည်း သိရသည် ။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s