အောက်တိုဘာလ ၆ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ ၅ တို့ တိုကပွဲ ၁၆ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်မှ ဗိုလ် ကြီး ၁ ဦးအပါအဝင် ၁၂ ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ စစ်ရေးလှုပ်ရှားရာ ဖာပွန် (မူတြော်) ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ ၅ ကြား အောက်တိုဘာလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး၊ တပ်ခွဲမှူး ၁ ဦးအပါအဝင် ၁၂ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရကြောင်း KNU သတင်းရင်းမြစ်ထံမှ သိရသည်။

မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ် (စကခ-၈) လက်အောက်ခံ ခမရ ၄၀၄၊ ခမရ ၄၀၆၊ ခမရ ၁၀ စသည့် တပ်ရင်း ၃ရင်း ဖြင့် စစ်အင်အားတိုးချဲ့လာကြောင်း ၎င်းမှ ဆက်ပြောသည်။အောက်တိုဘာလ ၄ ရက် နံနက်ပိုင်း ဝေမှုံရွာအနီး စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝေမှုံရွာအတွင်းသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၃၆ လုံးပျက်စီးခဲ့ကြောင်း၊ ၆ ရက်နေ့တွင် စစ်ကောင်စီလက်ပါးစေ ကရင်နယ်ခြားစောင့်တပ် BGF မှ ဗိုလ်မှူးမောင်ချစ်ဦး ဦးဆောင်သည့်အဖွဲ့သည့် လယ်မူပလောကျေးရွာရှိ အများပြည်သူပိုင် ယာခင်းများအတွင်း မိုင်းထောင်ခြင်းများ၊ စိုက်ခင်းများအား ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s