Monthly Archives: Oct 2021

“ပြည်သူ့ဘဝနှင့် အနာဂတ်ကို ကာကွယ်ရန်အဆင်သင့်” ဟု MPDF တပ်သားများပြော

မုံရွာမြို့၊ ပြည်သူ့ကာကွယ်ရေးတပ်သားများ သင်တန်းအတွင်း လေ့ကျင့်ပြင်ဆင်နေသည့် ဓာတ်ပုံမှတ်တမ်းများကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – MPDF ၏လူမှုကွန်ရက်စာမျက်နှာထက်မှ ယနေ့ အောက်တိုဘာလ ၈ ရက် မနက်ပိုင်းတွင် ထုတ်ပြန်လိုက်သည်။

“လေ့ကျင့်ခန်းဆင်းချိန်မှာ အော်လေ့ရှိတဲ့ “ချွေးထွက်များမှ သွေးထွက်နည်းမယ်” စာသားနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်သားများဟာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ ပေါ်ပေါက်လာတဲ့ ပြည်သူ့စစ်သားစစ်စစ်တွေ ဖြစ်ပါတယ်။ သူတို့ရဲ့ မူလဘူတအလုပ်အကိုင်၊ ပညာရေး၊ မိသားစုနဲ့ ချစ်ခင်ရသူတွေကို စွန့်လွှတ်ပြီး တိုင်းပြည်အတွက် အသက်စွန့်ထားကြသူတွေလည်း ဖြစ်ပါတယ်” ဟုရေးသား ဖော်ပြထားသည်။

“ကျွန်တော်တို့ကို အားပေးထောက်ခံနေတာ သိရလို့ ဝမ်းသာပါတယ်။ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ပြည်သူတွေ အားတင်းထားကြပါ။ ပြည်သူများရဲ့ ဘဝနဲ့အနာဂတ်ကို ကာကွယ်ဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ပြည်သူတွေ မျှော်လင့်ချက် မပျက်စေရပါဘူး” ဟု MPDF တပ်သားများက ပြည်သူများသို့ သတင်းစကားပါးပြောဆိုလာသည်။mizzima

ဒီပဲယင်း မြင်းတန့်ကျေးရွာကို စစ်ကောင်စီ တပ်ဖွဲ့များ ၄ရက်ကြာ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးကာ ရွာ သား ၂ဦးကို ဖမ်းဆီးသွား

ဒီပဲယင်းမြို့နယ် မြင်းတန့်ကျေး ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အောက်တိုဘာ ၅ ရက်နေ့ကစတင်ကာ ၄ရက်တာ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးပြီး ရွာသား ၂ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ “၅ရက်နေ့ညထဲက တပ်စွဲထားတာပါ။ ဒီနေ့ နေ့လည် ၁ နာရီလောက်ကမှ ရွာထဲက ထွက်သွားတာ ကျေးရွာထဲက ပြည်သူ (၂)ဦးကိုလည်း ဖမ်းဆီးသွားတယ်။ သူတို့ ဘာတွေ ယူသွားလဲဆိုတာကတော့ မသိရသေးဘူး‌။ ရွာထဲကို တချို့တဝက်ပဲ ပြန်ဝင်ရဲသေးတာမို့ အခုလက်ရှိ တက်ကောင်းကျေးရွာထဲ ဝင်ရောက်နေပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။khit thit

မန္တလေးမြို့တွင် ကျောင်းတိုက်များထဲ သ င်္ကန်း၀တ်မျက်နှာစိမ်းများ ၀င်ထွက်နေ၍ ကျောင်းနေသံဃာများ စိတ်အနှောင့်အယှက်ဖြစ်နေရ

မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းတိုက်များထဲတွင် ယခုရက်ပိုင်းအတွင်း သင်္ကန်း၀တ်မျက်နှာစိမ်းများ ၀င်ထွက်နေခြင်းကြောင့် ကျောင်းနေသံဃာများ စိတ်အနှောင့်အယှက်ဖြစ်နေရသည်ဟု သံဃာများက မိန့်ကြားသည်။ “ဦးဇင်းတို့က ကျောင်းထဲ၀င်လာတဲ့သူမှန်သမျှ သံဃာပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်၊ မျက်နှာစိမ်းဆိုတန်းသိတာပဲလေ။

ဒီရက်ပိုင်း နိုင်ငံရေးအခြေအနေတွေလည်း ဦးဇင်းတို့သိကြတာပဲ။ ဦးဇင်းတို့ကျောင်းမှာဘာမှမရှိဘူး။ စာသင်သားက စာသင်တယ်။ ဥပုသ်ရက်တွေမှာ သီလလာယူသူတွေရှိတယ်။အဲဒါလောက်ပဲ။ အဲဒါကို သင်္ကန်း၀တ်ထားတဲ့ မျက်နှာစိမ်းတွေ လာလာချောင်းကြတာ အခုရက်ပိုင်းသတိထ ားမိတယ်။ စိတ်အနှောင့်အယှက်ဖြစ်တာပေါ့။

မထင်ရင်မထင်သလို ဖမ်းဆီးရိုက်နှက်တဲ့ကောင်တွေဆိုတော့” ဟု မြို့ပေါ်ကျောင်းတိုက်တစ်ခုမှ ရဟန်းတော်တစ်ပါးက မိန့်သည်။ မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်းကို အငြိုးတကြီးဖြင့် လိုက်လံဖြိုခွင်းနေသည့် အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းက ဘုန်းကြီးကျောင်းတိုက်များအတွင်း အတင်းအဓမ္မ ၀င်ရောက်စီးနင်းပြီး ရဟန်းတော်များအား ဖမ်းဆီးခြင်း၊ သံဃာပိုင်ပစ္စည်းများ သိမ်းယူသွားခြင်းတို့ ပြုလုပ်ခဲ့သည်။

“မနေ့က စသတိထားမိတာဗျ။ ကျုပ်တို့ကျောင်းတိုက်ထဲ ဒီကိုယ်တော်တွေမမြင်ဖူးပါလားပေ့ါ။ ဒီနေ့တော့ ဘုရားကြီးဘက်က ကျောင်းတိုက်တချို့မှာလည်း အဲလိုတွေ(မျက်နှာစိမ်းသင်္ကန်း၀တ်)တွေ့ရတယ်လို့ ပြောသံကြားတယ်။ စိတ်အနှောင့်အယှက်ဖြစ်လားဆိုတော့ ဖြစ်တာပေါ့။ တချို့ကျောင်းတိုက်တွေဆို တပ်စွဲခွင့်တောင်ပေးထားတယ် ကြားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရဟန်းတော်တစ်ပါးက မိန့်သည်။

ယနေ့နံနက်ပိုင်း ရရှိသည့် သတင်းများအရ မဟာမုနိဘုရားကြီးအနီးရှိ ကျောင်းတိုက်များတွင်လည်း သင်္ကန်း၀တ် မျက်နှာစိမ်းများ ၀င်ထွက်နေသည်ကိုတွေ့ရကြောင်း၊ တချို့ကျောင်းတိုက်များတွင် ပျူစောထီးနှင့် ဒလန်များအား လက်ခံထားကြောင်း၊ မြတောင်ကျောင်းတိုက်အနီး ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားကို စစ်ကောင်စီလက်နက်ကိုင် တပ်ဖွဲ့က ပိတ်ဆို့စောင့်ကြည့်နေကြောင်း သိရသည်။

မန္တလေးမြို့တွင် ခေတ်အဆက်ဆက် စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲများတွင် ပြည်သူနှင့်အတူရပ်တည်ခဲ့သည့် ဘုန်းကြီးကျောင်းတိုက်ကြီးများ ရှိခဲ့ဖူးပြီး၊ စစ်အာဏာရှင်၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသည့် ရဟန်းတော်အများအပြားလည်းပေါ်ထွန်းခဲ့ဖူးသည်။mizzima

စစ်ကောင်စီ တပ်ဖွဲ့များက မအူပင်တွင် စက် ဘီးစီး ခရီးသွားများကို စစ်ဆေးကာ ငွေတောင်း

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် အသံပေးဘဲလ်၊ ရောင်ပြန် တပ်ဆင်ထားခြင်မရှိသော စက်ဘီး၊ ဆိုက္ကား စီးလာသူများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ က ငွေကျပ်သုံးသောင်းအထိ တောင်းခံနေသည်ဟု ဒေသခံများက ပြောသည်။

“သမီးလေး စက်ဘီးကို ဘဲလ်မတပ်လို့ဆိုပြီး ဖမ်းတယ်။ ဒဏ်ငွေဆိုပြီး သုံးသောင်းတောင်းတယ်။ တောင်းတောင်းပန်ပန် ပြောတော့ ၂၀၀၀၀ နဲ့ အဆင်ပြေသွားတယ်” ဟု မအူပင်မြို့ အမှတ် ၂ ရပ်ကွက်နေ ဦးကိုဝင်းက ပြောသည်။

ဦးကိုဝင်း၏ သမီးဖြစ်သူ၏ စက်ဘီးမှာ ကျပ်တစ်သောင်းခွဲတန် တရုတ်နိုင်ငံလုပ် စက်ဘီးအဟောင်းဖြစ်သော်လည်း ရုံးကိုလာရန် ပြောဆိုလိုက်သည့်အတွက် လူဖမ်းဆီးခံရမည်ကို စိုးရိမ်၍ တောင်းခံသော ငွေကို ပေးဆောင်ခဲ့ရသည် ဟု ဆိုသည်။စစ်ကောင်စီတပ်ဖွဲ့ဝင်များက မအူပင်မြို့ရှိ ဆိုင်ကယ်များကို ဘက်မှန်ပါမပါ လေပေါင်ပြည့်မပြည့် စစ်ဆေးပြီး ကျပ်သုံးသိန်းအထိ ငွေတောင်းကြောင်း၊ ယခင်က မြို့အဝင်ဂိတ်တွင် ဖမ်းဆီးမှုများ ရှိခဲ့သော်လည်း ယခုအချိန်တွင် မြို့တွင်းလမ်းမကြီးများတွင်ပါ ပိတ်ဆို့ စစ်ဆေးဖမ်းဆီးပြီး ငွေတောင်းနေကြသည်ဟု ဒေသခံ အချို့က ပြောသည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်သူများကို ဥပဒေနှင့်အညီ ဒဏ်ငွေ စီးကြပ်အပြစ်ပေးခြင်းမျိုးလုပ်၍ ရပြီး ဒဏ်ငွေဆောင်လျှင် တရားရုံးမှာ ဆောင်ရမှသာ တိုင်းပြည်အတွက် အခွန်ဘဏ္ဍာရရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်အောင်ကြီး ထောက်ပြပြောဆိုသည်။”ဒီလိုလမ်းမှာတားပြီးတော့ ငွေတောင်းတာမျိုး လုပ်လို့မရပါဘူး။

ဒါဟာ တရားမဲ့ပြုကျင့်တာ၊ ဥပဒေကို ချိုး ဖောက်တာ” ဟု တရား လွှတ်တော်ရှေ့နေ ဦးခင်အောင်ကြီး ပြောသည်။ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့ နှင့် ကျေးရွာအချို့တို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သင်္ကာမကင်းဟုဆိုပြီး အရပ်သားပြည်သူ အချို့ကိုလည်း ဖမ်းဆီးပြီး ငွေတောင်းယူကာ ပြန်လွှတ်သည် များလည်း ရှိနေကြောင်း ကိုယ်တိုင်တွေ့ကြုံရသည့် ဒေသခံအချို့၏ ပြောပြချက်များအရ သိရသည်။mizzima

မုံရွာမြို့တွင် တာဝန်မှနုတ်ထွက်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုအောင်မင်းသန့်ကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၇ ရက်က ဖမ်းဆီးသွားတယ်လို့ ဒေသခံမျက်မြင် တစ်ဦက ပြောပါတယ်။

“မနေ့ နေ့လယ် ၂ နာရီလောက် အ.ထ.က ၇ ကျောင်းနားက လက်ဖက်ရည်ဆိုင်မှာ စစ်ကောင်စီတပ်တွေ အရပ်ဝတ်တွေနဲ့ဖမ်းသွားတယ်”လို့ ဒေသခံက ပြောပါတယ်။

  ကိုအောင်မင်းသန့်ဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ကနေ စက်တင်ဘာလ လောက်က နုတ်ထွက်စာတင်ထားသူ ဖြစ်ပြီး စစ်ကောင်စီက ဘာကြောင့်ဖမ်းသွား တယ်ဆိုတာ မသိရှိရသေးပါဘူး။DVB

ဒီးမော့ဆိုရှိ ထပ်တိုးစစ်ရှောင် ဦးရေ ၈၀၀ ကျော်အတွက် ရိက္ခာ အရေးပေါ်လိုအပ်နေ

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့ဘက်မှ စစ်ဘေးရှောင်လာကြသည့် ထပ်တိုးစစ်ရှောင် ဦးရေ ၈၀၀ ကျော်အတွက် ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံစစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး တာဝန်ခံများထံမှ သိရသည်။ ” ဒီ ၈၀၀ ကျော်က ဒီးမော့ဆိုကနေပြောင်းလာတဲ့ ထပ်တိုးစစ်ရှောင်အသစ်တွေပါ၊။

ဟိုတလောက ကုန်းသာရွာဘက်က အိမ်မီးရှို့ခံရတဲ့ ပြည်သူတွေလည်း ပါတယ်။ ရိက္ခာပစ္စည်းတွေဖြစ်တဲ့ ဆန်၊ဆီ၊ဆားအပါအဝင် နေဖို့ အမိုးအကာတာလပတ်၊ အနွေးထည်တွေလည်း အရေးပေါ်လိုအပ်နေပါတယ်။ အလှူငွေတွေလည်း တချို့လက်လှမ်းမမှီတဲ့စစ်ရှောင်စခန်းတွေ ဘက်သိပ်မရောက်လို့ အလှူငွေတွေလည်း လိုအပ်နေ‌သေးတယ်”ဟု စစ်ရှောင်တာဝန်ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါစစ်ဘေးရှောင်များမှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက် မှစ၍ တိမ်းရှောင်လာကြခြင်းဖြစ်ပြီး ဒီးမော့ဆိုမြို့နယ် ၊ကုန်းသာရွာတွင် စက်တင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီမှ မီးရှိူ့ဖျက်ဆီးခဲ့သည့် နေအိမ် ၅၃ လုံးမှ မိသားစုဝင် ၁၈၈ ဦး‌လည်းပါဝင်ကြောင်းသိရသည်။

ကရင်နီပြည်နယ်၏ နေရာအချို့တွင် တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် လက်ရှိတွင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာအရ စစ်ဘေးရှောင်ပြည်သူ ဦးရေ တစ်သိန်းခွဲဝန်းကျင်ရှိကြောင်း စစ်ရှောင်တာဝန်ခံများ၏ စာရင်းအရ သိရသည်။

လက်ရှိတွင် ယနေ့ အောက်တိုဘာ ၈ရက် နေ့လည်မှစ၍ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါး‌ကျေးရွာတွင် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း ဒေသခံများကဆိုသည်။ အကြမ်းဖက်စစ်ကောင်စီမှ ဒီးမော့ဆိုမြို့နယ်ရှိ ဒေါဘူးငံရယ်ကျေးရွာ၊ခေါက်ပလော့ရွာတို့တွင် ယခုရက်ပိုင်းအတွင်း ပြည်သူများ၏‌နေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဒီးမော့ဆို(DMO-PDF)မှ အောက်တိုဘာလ ၆ ရက်က ထုတ်ပြန်ထားသေးသည်။mizzima

သံချပ်ကာ ၂ စီးပါ အစီးရေ ၄၀ ဝန်းကျင်ရှိ စစ်ကောင်စီယာဉ်တန်း ကလေးမြို့သို့ ဝင်ရောက် လာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အတွင်းသို့ ယနေ့ အောက်တိုဘာလ ၈ ရက် နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ သံချပ်ကာ အ မြှောက် ကား ၂ စီးအပါအဝင် စစ်ကားပေါင်း ၄၀ ဝန်းကျင်ပါသည့် စစ်ယာဉ်တန်း ကလေးမြို့အတွင်းသို့ ဝင်ရောက်လာပြီး RTC ဝင်းအတွင်း ဝင်ရောက်သွားကြောင်း သတင်းရရှိသည်။

“မနက် ၁၁ နာရီလောက်က သံချပ်ကာ ၂ စီးပါတယ်၊ အစီး ၄၀ လောက်ရှိမယ်။ ဂန့်ဂေါဘက်ကနေ ကလေးမြို့ကို ဝင်လာပြီးတော့ ကလေးမြို့ လေဆိပ်ရဲ့ မြောက်ဘက်က RTC ဝင်းထဲကို ဝင်သွားတယ်။ RTC ဝင်း ဆိုတာက အရင်က RTC ကားတွေ ထုတ်တဲ့နေရာပေါ့၊ ဝင်းက အကျယ်ကြီး၊ အုတ်တံတိုင်းမြင့်မြင့်ကာထားတယ်။ နောက်ပိုင်း အဲဒီနေရာမှာ စစ်တပ်က နေရာဝင်ယူပြီး တပ်စွဲထားတာ၊ အထဲမှာ အင်အား ဘယ် လောက်ရှိတယ်ဆိုတာ ခန့်မှန်းလို့မရဘူး” ဟု ကလေးမြို့ခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယမန်နေ့ည ၇ နာရီဝန်းကျင်တွင် ကလေးမြို့၌ ဗုံး ၃ လုံးပေါက်ကွဲခဲ့ကြောင်း လက်ရှိအချိန်တွင် လုံခြုံရေးတင်းကြပ်ထားခြင်းမရှိဘဲ ပြည်သူများအနေဖြင့် ပုံမှန်သွားလာနေကြောင်း ဒေသခံများထံမှ သိရသည်။”ညကလည်း ဗုံး ၃ လုံးပေါက်တယ်၊ ကလေးလေဆိပ် တောင်ဘက်ခြမ်းက စစ်တပ်တွေရှိတဲ့နေရာတွေနားမှာ။

ဆေးတပ်၊ ဒကစ၊ ခလရ ၈၉ အဲဒီတပ်တွေက လေဆိပ်တောင်ဘက်မှာ တဆက်တည်းရှိတာ။ အရင်ကလည်း ကလေးမြို့ကို စစ်ကားတွေလာတာရှိတယ်၊ အလုံပိတ်ထားတဲ့ စစ်ကားအကြီးကြီးတွေနဲ့ ရိက္ခာတွေ တင်တာထင်တယ်၊ ကလေးမှာက တပ်တွေ အများကြီးရှိတာ၊ တမူးဘက်သွားတဲ့လမ်းမှာလည်း တပ်တွေရှိတယ်၊ ကလေးက နယ်စပ်လို ဖြစ်နေတော့ ချင်းပြည်နယ်ဘက်ကိုလည်း တက်ချင်တက်နိုင်တယ်၊ ကလေးနယ်တစ်ခုလုံးကိုလည်း ထိန်းချင်လို့ ဖြစ်နိုင်တယ်” ဟု ကလေးဒေသခံသတင်းရင်းမြစ်မှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအား ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် PDF-Kalay နှင့် RKDF အဖွဲ့များမှ မိုင်းခွဲတိုက်ခိုက်ခြင်းများ၊ ကြားဖြတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျှက်ရှိပြီး ယမန်နေ့ အောက်တိုဘာလ ၇ ရက်တွင် PDF-Kalay ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးခဲ့သည်။khit thit

ပဲခူးမြို့က ပြည်သူ့စစ်ခေါင်းဆောင် သေနတ်ဖြင့်ပစ်ခံရ

ပဲခူးမြို့ ၊ အဝိုင်းကျေးရွာတွင် ယနေ့ အောက်တိုဘာ ၈ရက် နံနက် ၆နာရီဝန်းကျင်တွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း‌ ဒေသခံများထံက သိရသည်။ ပစ်ခတ်ခံရသူမှာ ဦးမြင့်ရွှေဆိုသူဖြစ်ပြီး အရာခံဗိုလ်အငြိမ်းစားတစ်ဦးလည်း ဖြစ်ကြောင်းသိရသည်။

“မနက်ကြီးပဲရှိသေးတယ် ဟိုဒလန်က လမ်းလျှောက်နေတာကို ဆိုင်ကယ်နဲ့ နှစ်ချက်လာပစ်တာ ရင်ဘတ်နဲ့ခြေထောက်ထိသွားတယ်။ ဆေးရုံကိုပို့လိုက်ပြီ။ သေမသေတော့ မသိသေးဘူး”ဟု မြို့ခံတစ်ဦးမှပြောသည်။

လုပ်ကြံခံရသူသည် CDMပြုလုပ်သူနှင့် ဆန္ဒပြသူများကို ဖမ်းဆီးနိုင်ရန် သတင်းပေးခြင်း၊ ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် စည်းရုံးပါဝင်ပြီး ပြည်သူများကို အဓမ္မလုပ်အားပေး ခိုင်းစေခြင်းကြောင့် အခုလိုပစ်ခတ်ရကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF၏ တာဝန်ရှိသူတစ်ဦးမှပြောသည်။

”သူ့လုပ်ရပ်က အပြစ်မဲ့ပြည်သူတွေကို အကြိမ်ကြိမ်ဒုက္ခပေးနေတယ်။ စစ်ထောက်တိုင်လုပ်နေတာကို သေချာအချိန်ယူပြီးမှ ဆုံးဖြတ်ချက်ချပြီး မလွှဲမရှောင်သာ စံပြအနေနဲ့ပြုလုပ်တာပါ။ ဒလန်တွေလည်း နောက်ဆိုသင်ခန်းစာယူပါ”ဟု ၎င်းမှဆက်လက်ပြောဆိုသည်။ ပဲခူးမြို့တွင် ပြီးခဲ့သည့် လမှစတင်ပြီး ဒလန်ဟုယူဆရသူများ ဗုံးဖြင့်အပစ်ခံရသည်မှာ ခပ်စိတ်စိတ်ဖြစ်လာနေသည်။mizzima

ဆားလင်းကြီးမြို့နယ်၌ ရဲကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ​အောက်တိုဘာ ၈ ရက် မနက်ပိုင်းက စစ်​ကောင်စီ ရဲကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရလို့ ရဲတပ်ဖွဲ့ဝင်တချို့ သေဆုံး ဒဏ်ရာရသွား တယ်လို့  PDF တပ်ဖွဲ့နဲ့ ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်​လောက်က ဆားလင်းကြီး ကျားတက်လမ်းအတိုင်း ​မောင်းနှင်လာတဲ့ ရဲကား ၁ စီး ​ရေမိန်​ကျေးရွာ လမ်းခွဲအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခံရတာလို့ ​ဒေသခံ တစ်ဦးက ​ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့ ရဲကားဟာ ကျားတက်တိုက်နယ်ရဲစခန်းကို သွားတယ်လို့ ယူဆရပြီး ရဲတပ်သား ၅ ယောက်လောက် လိုက်ပါလာတာဖြစ်ပြီး မိုင်းဆွဲခံရလို့  ၁ ဦး​သေဆုံးကာ ၃ ဦးက​တော့ ပြင်းထန်ဒဏ်ရာ သွားတယ်သိရပါတယ်။ 

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို​တော့ ​ဒေသခံ PDF အဖွဲ့က ​လုပ်​ဆောင်ခဲ့တာ ဖြစ်တယ်လို့  အတည်ပြုကြေညာထားပါတယ်။DVB

« Older Entries Recent Entries »