စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ ပိုင်ပစ္စည်းများအား ခိုးယူဖျက်ဆီးနေပါက တွေ့သည့်နေရာတွင် သတ်ပစ်မည်ဟု CDF ထန်တလန်ပြော၊ ယနေ့ နံနက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံး

ထန်တလန်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူပိုင် အိမ်၊ ဆိုင်များမှ ပစ္စည်များအား ခိုးယူဖျက်ဆီးခြင်းများ ဆက်လက်လုပ်ဆောင်နေပါက တွေ့သည့်နေရာတွင် သတ်ပစ်မည်ဟု CDF ထန်တလန်အဖွဲ့မှ ယနေ့ထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ နံနက် ၅ နာရီနှင့် ၆ နာရီကြားတွင် ထန်တလန်မြို့ပေါ်၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF ထန်တလန်တပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးကြောင်း CDF ထန်တလန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထန်တလန်မြို့ပေါ်ရှိ နေအိမ်များအား အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဖျက်ဆီးမှုကြောင့် နေအိမ် ၁၈ လုံးခန့် ပျက်စီးကာ ထန်တလန်မြို့ခံအားလုံးမှာ ဘေးလွတ်ရာသို့ စစ်ရှောင်နေကြရသည်။

စစ်ကောင်စီ တပ်မတော်သားများ နှင့်ရဲတပ်သားများ အနေဖြင့် ပြည်သူဖက်သို့ပူးပေါင်းလိုပါက CDF-Thantlang အနေဖြင့် လိုက်လိုက်လှဲလှဲ ကြိုဆိုမည်ဖြစ်ပြီး လုံခြုံသည့်နေရာအထိ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း အသိပေး တိုက်တွန်းထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s