ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦး သေ၊ ၁၀ ဦးခန့် ဒဏ်ရာရ

မ​ကွေးတိုင်း၊ ​ဆောမြို့နယ်မှာ အောက်တိုဘာ ၈ ရက်​​မနက်ပိုင်းက ဒေသခံ PDF ၊ ပူး​ပေါင်း ​တော်လှန်​ရေးအင်အားစုတွေနဲ့ စစ်​ကောင်စီတပ်တို့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်​ကောင်စီဘက်က ၅ ဦးထက် မနည်း​သေဆုံးကာ ၁၀ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ​ဆော PDF က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၈ ရက် မနက် ၇ နာရီ ၁၅ မိနစ်လောက်က  ခူးချောင်းကျေးရွာမှ ထွက်ခွာလာတဲ့ စစ်​ကောင်စီတပ်တွေနဲ့  ရွာမြောက်ဘက် ဇရပ်နားမှာ ၄ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

​ဆော PDF ဘက်က လက်နက်ကြီးနဲ့ စတင်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အပြင် တော်လှန်ရေး အင်အားစုတွေရဲ့ မိုင်းတွေမိကာ စစ်​ကောင်စီဘက်က ၅ ဦးထက်မနည်းကျဆုံး  ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရနိုင်သလို  ဆော PDF ဘက်ကလည်း ၁ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဒေသထဲမှာ နေရာအနှံ့တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သလို စစ်​​ကောင်စီဘက်က  စစ်ကြောင်းတွေထိုးကာ မကြာခဏဖြတ်သန်း သွား လာနေတာကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားလာတာ မပြုလုပ်ဖို့နဲ့ မဖြစ်မနေ သွားလာရမယ်ဆိုပါက အထူးသတိပြု သွားလာကြဖို့ကို လည်း အသိပေးထားပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s