ထီးချိုင့် လွှတ်တော်အမတ် ဦးမောင်မောင် အမေဖြစ်သူ နေအိမ်နှင့် ညီမဖြစ်သူ နေအိမ်ရှိ ပစ္စည်းများကို စစ်ကောင်စီ တပ်ဖွဲ့များ မီးရှို့ဖျက်ဆီးပြီး စားသောက်ကုန်နှင့် အသုံးအ ဆောင်ပစ္စည်းများ ယူဆောင်သွား

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် လွှတ်တော်အမတ် ဦးမောင်မောင်၏ အမေဖြစ်သူ နေအိမ်နှင့် ညီမဖြစ်သူ နေအိမ်တို့ကို အောက်တိုဘာလ ၆ရက်နှင့် ၇ရက်တို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများ ယူ ဆောင် သွားကြောင်း ဒေသခံပြည်သူများပြောဆိုချက်အရ သိရသည်။

” ၆ရက်နေ့က ကမ်းနီရွာကို စခ၄စီးဝင်လာပြီးတော့ လွှတ်တော် အမတ် ဦးမောင်မောင် အိမ်ကိုရှာတယ်။ ငွေ၁သိန်းခွဲနဲ့ လက်ဝတ်ရတနာတချို့တွေ့ခဲ့ပြီး ဘုန်းကြီးကို စာရင်းနဲ့တကွပြန်အပ်သွားပါတယ်။ ညနေပိုင်း ပြန်လာတဲ့ စခတွေက ဦးမောင် အမေအိမ်ကို အရှေ့မျက်နှာစာအားလုံး အိမ်တွင်းပစ္စည်းများ ဖျက်ဆီးသွားတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ကမ်းနီရွာကို ဝင်ရောက် ရှာဖွေပြီးနောက် အောက်တိုဘာလ ၇ရက်နေ့တွင် တုံလုံရွာတွင် နေထိုင်သည့် ဦးမောင်မောင် ညီမဖြစ်သူ နေအိမ်ကို ထပ်မံသွားရောက်ဖျက်စီး မီးရှို့ကာ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများ ယူဆောင်သွားကြောင်း သိရသည်။

” ၇ရက်နေ့ နံနက်စောစောပိုင်းမှာတော့ တုံလုံရွာမှာရှိတဲ့ ဦးမောင်မောင် ညီမ ကုန်မာဆိုင်ကို ဘာမှ ရစရာမရှိအောင် ဖျက်ဆီးသွားတယ်။ ဆန်အိတ်၃၊ ကြိုးဆွဲမီးစက်သေး၁လုံး၊ အဝတ်အစား အားလုံး၊ ပန်းကန်အစ အကုန်ယူသွားတယ်။ ၁ဝဝ၊ ၇ဝ၊ ၄ဝ ဘက်ထရီအိုးတွေလည်း ယူသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s