ဒီမော့ဆို၊ စံပြ ၆ မိုင်တွင် ရိက္ခာပြန်ယူသော ရွာသား ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ဦးကျော်ဟိန်းကို ပစ်သတ်၊ ကရင်နီတပ်ဖွဲ့များနှင့် ထိတွေ့မှုဖြစ်ပြီး ရွာသား ၁ ဦး ကယ်ထုတ်နိုင်

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာတွင် ရိက္ခာယူရန် ပြန်လာသည့် စစ်ရှောင်ရွာသား ၂ ဦးအား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး နေရာတွင် ရွာသား ၁ ဦးဖြစ်သူ ဦးကျော်ဟိန်းကို ပစ်သတ်လိုက်ကြောင်းနှင့် အခြား ၁ ဦးအား KNDF တပ် ဖွဲ့ဝင်များက ကယ်ထုတ်နိုင်ကြောင်း KNDF မှ သတင်းထုတ်ပြန်သည်။

” ဦးကျော်ဟိန်းနဲ့ ကိုဒေါမိနစ် တို့ ၂ ယောက် စံပြ ၆ မိုင်က အိမ်မှာ ရိက္ခာပြန်ယူတာ စစ်ကောင်စီတပ်နဲ့ တွေ့ပြီး ဖမ်းခံရတယ်၊ ပြီးတော့ အိမ်ကို လိုက်ပြခိုင်းတယ်။ အစ်ကိုဖြစ်တဲ့ ဦးကျော်ဟိန်းကို ပစ်သတ်လိုက်တယ်၊ အဲဒီအချိန်မှာ KNDF တပ်ဖွဲ့တွေက ကင်းလှည့်တာနဲ့တွေ့ပြီး ပစ်ခတ်ကြတော့ စစ်ကောင်စီတပ်သားတွေ ပြန်ဆုတ်သွားတယ်၊ ခေါင်းဒဏ်ရာရထားတဲ့ ညီဖြစ်သူ ဒေါမနစ်ကို ကယ်ထုတ်လာနိုင်တယ်” ဟု KNDF တပ်ရင်း ၉ ထံမှ သိရသည်။

KNDF တပ်ဖွဲ့ဝင်များ ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည့် ညီဖြစ်သူ ကို​ဒေါမိနစ်မှာ ဦး​​ခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်တွင် ကရင်နီအမျိုး သားကာကွယ် ရေးတပ်ဖွဲ့ ​ဆေးခန်းတွင် ​​ဆေးကုသမှု ခံယူလျှက်ရှိ​ကြောင်း KNDF B09 ဒီးမော့ဆိုဇုန်က သတင်းထုတ်ပြန်ထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s