ပဲခူး၊ မကွေး၊ စစ်ကိုင်းအပါအဝင် နိုင်ငံတစ် ဝန်းတွင် စစ်ကောင်စီတပ်များကို ပြည်သူများက ဆက်လက် ခုံခံတိုက်ခိုက်နေ၊ စစ်ကောင်စီကားများကို အနီးကပ်ဗုံးခွဲမှုများ ဆက်တိုက်ဖြစ်

ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံတစ်ဝန်း ယမန်နေ့နှင့် ယနေ့ အောက်တို ဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်များကို ပြည်သူများက ဆက်လက် ခုံခံတိုက်ခိုက်နေပြီး မြို့နယ်အများအပြားတွင် စစ်ကောင်စီကားများကို အနီးကပ်ဗုံးခွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်

======================

ပဲခူတိုင်းတောင်ငူမြို့နယ်တွင် အောက်တိုဘာလ ၈ ရက်နေ့ ည ၁၀ နာရီက ကန်လမ်း တွင် ရပ်ထားသည့် စစ်ကောင်စီကားကို ဗုံးခွဲတိုက် ခိုက်သည်။

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်

========================

အုတ်တွင်းမြို့နယ်၊ အောက်တိုဘာ ၉ ရက်နေ့ နံနက် ၄ နာရီ ၂၀မိနစ် ရန်ကုန်-မန္တလေး အမြန်လမ်း ၁၄၆ စစ်ဆေးရေးဂိတ်သို့ မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့က လက်ပစ်ဗုံး နှစ်လုံးပစ်ထည့်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ -အောက်တိုဘာလ ၈ ရက်နေ့ ည ၇နာရီဝန်းကျင်ခန့် အုတ်တွင်းမြို့ အုန်းပင်ကျေးရွာတွင်လည်း စစ်ကောင်စီသတင်းပေး အိမ်တစ်အိမ်ကို ဗုံးသုံးလုံးပစ်ထည့်မှုကြောင့် ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်

=====================

အောက်တိုဘာ ၉ ရက်နေ့ နံနက် (၁၀)နာရီခန့် ထန်းတပင်မြို့နယ် ကျောက်အိုးရွာ၊ခင်တန်း ရွာထိပ်မှ ရွှေမှုံစုတ် လုပ်ကိုင်နေသူ အယောက် (၅၀) ကျော်ကို လက်ပြန်ကြိုးတုပ် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

မကွေးတိုင်း၊ ဆောမြို့နယ်

======================

ယနေ့ အောက်တိုဘာလ ၉ ရက် နံနက် ၇ နာရီ၁၅ မိနစ် အချိန် PDF-SAW, ပူးပေါင်းတော်လှန်ရေးအင်အားစုများ နှင့် ဆောမြို့နယ်၊ ခူးချောင်းကျေးရွာမှ ထွက်ခွာလာသော စခအင်အား ၁၀၀ ခန့် တို့ ခူးချောင်းရွာမြောက်ဘက် ဇရပ်နားအရောက်တွင် လက်နက်ကြီးများဖြင့် နှစ်ဖက်က်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားကြောင်း သိရှိရသည်။PDF- SAW ဘက်က လက်နက်ကြီးဖြင့် စတင် တိုက်ခိုက်ခဲပြီး ပူးပေါင်းတော် လှန်ရေးအင်အား စုများ၏ မိုင်းများကို နင်းမိ၍ စစ်ကောင်စီ ဘက်မှ ၅ ဦးထက်မနည်း ကျဆုံးနိုင်ပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာမှုများ ရှိနိုင်ကြောင်း သိရှိရသည်။တိုက်ပွဲကြာမြင့်ချိန် ၄ နာရီ ခန့် ကြာမြင့်ခဲ့ပြီး PDF – SAW ဘက်မှ ရဲဘော် ၁ဦး ကျဆုံးကာ ကျန်ရဲဘော်အားလုံး ဘေးကင်းစွာ ဆုတ်ခွာနိူင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်

=====================

PDF – South Monywa နှင့် မဟာမိတ် Monywa Nightking တို့ ပူးပေါင်း၍ အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် မုံရွာ စက်မှုဇုံအဝိုင်းပတ်၌ ဖောက်ခွဲမှုတစ်ခုပြုလုပ်ခဲ့ပြီး 4W စစ်ကားကားတစ်စီး ဘီးပေါက်ပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ အသေအ ပျောက်နှင့် ထိခိုက်ဒါဏ်ရာ ရရှိမှုအသေးစိတ်ကို မသိရှိရသေးဟုဆိုသည်။ အလားတူ မုံရွာမြို့နယ်lကြေးမုံကျေးရွာမှာ စစ်ကောင်စီသတင်းပေး ဒလန်ဟု သတ်မှတ်ခံထားရသူ ဇော်စိုင်းဆိုသူကို Monywa Heroes Groupက သတ်ဖြတ်ခဲ့ကြောင်း ၊ကြေးမုံရွာ ကားလမ်းပေါ်မှာပစ်သတ်ခံလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်

=====================

ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာက ကြံ့ခိုင်ရေးပါတီဝင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အေးနှင့် ဇနီးကို တောင်ယာမှာ မြေပဲနှုတ်အပြီးအပြန် မြိုင် PDF အဖွဲ့က အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီတွင် ပစ်ခတ်သဖြတ်လိုက်ကြောင်း၊ ဦးမြင့်အေး သေဆုံးပြီး ဇနီးဖြစ်သူမှာ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်

============================

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ ရွာနန်းရွာ အရှေ့ဘက်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို အောက် တိုဘာလ ၉ ရက်နေ့ နံနက် ၂ နာရီတွင် မီးရှို့ခြင်း၊ မိုင်းဖြင့် ဖောက်ခွဲခြင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s