မတ္တရာမြို့နယ်၌ ကျူရှင်ဆရာ ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အ လောင်းပစ်ထား

မန္တလေးတိုင်း၊ မတ္တရာမြို့အဝင် စစ်ဆေးရေးဂိတ်မှာ လွန်ခဲ့တဲ့ ၃ ရက်က ကျူရှင်ဆရာ ကိုသိန်းဇော်ကို စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီး  ဒီနေ့ အောက်တိုဘာ ၉ ရက်မနက်မှာတော့ သူ့ရဲ့ ရုပ်အလောင်းကို လမိုင်းကျေးရွာနားမှာ လာပစ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“လမိုင်းရွာနားမှာ ကားတွေရပ်ထားတာ ၂ နာရီလောက် ကြာတယ်။ ဒီနေ့မနက် အဲဒီကားရပ်တဲ့နေရာမှာပဲ ဖမ်းဆီးခံရတဲ့ ကိုသိန်းဇော်ရဲ့ မျက်နှာကို အဝတ်စည်းထားတဲ့ မှောက်လျက်အနေအထား သေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ရတာပဲ” လို့ ဒေသခံက ပြော ပါတယ်။

ထူးချွန်အောင်ပညာရေး တည်ထောင်သူ အသက် ၃၅ နှစ်အရွယ် ကျူရှင်ဆရာ ကိုသိန်းဇော်ကို အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီလောက်က  မတ္တရာမြို့အဝင်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး  ဒီနေ့မနက်ပိုင်းမှာတော့ သူ့ရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကင်းကျေးရွာသား ကိုသိန်းဇော်ဟာ မတ္တရာမြို့နယ် အရှေ့ပိုင်းသပိတ်တွေကို ဦးဆောင်နေသူဖြစ်ပြီး CDM ဝန်ထမ်းတွေကို ကူညီထောက်ပံ့ရေး ဦးဆောင်နေသူလည်းဖြစ်ကာ  သူ့မှာ ဇနီးနဲ့ သားတစ်ယောက်၊ သမီးတစ်ယောက် ကျန်ခဲ့ပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s