မန္တလေးတွင် ဆီဘောက်ဆာအတွင်းမှ ဖမ်းမိသော သေနတ် ၂၂၀ နှင့်ဗုံးသီးများ အပါအဝင် လက်နက်များ KIA ထုတ်ဖြစ်ပြီး ရခိုင်ဘက်ပို့ရန်ဟု စစ်တပ်ဘက် စွပ်စွဲ

မန္တလေးမြို့တွင် အောက်တိုဘာလ ၅ ရက်နေ့ ဆီဘောက်ဆာအတွင်းမှ ဖမ်းဆီးရမိသော သေနတ်များ၊ ဗုံးသီးများ အပါအဝင် လက်နက်များမှာ KIA ထုတ်လက်နက်ဖြစ်ကြောင်း အကြမ်းဖက် ဖက်ဆစ် စစ်တပ်အသိုင်းအ၀ိုင်းက စွပ်စွဲပြောဆိုနေကြောင်း သိရှိရသည်။

ဆီဘောက်ဆာ မော် တော်ယာဉ်တစ်စီး ကို မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်-စစ်ကိုင်းကားလမ်းပေါ်ရှိ Denko ဆီဆိုင်အနီးတွင် အောက်တိုဘာလ ၅ ရက်နေ့က ဖမ်းဆီးစစ်ဆေးရာမှ မော်တော်ယာဉ်ဆီအကန့်ငါးကန့်အနက် နောက်ဆုံးအကန့်တွင် အံဝှက်ပြုလုပ်သယ်လာသောလက်နက်များ၊ ကျည်များ၊ ဗုံးများကိုဖမ်းမိခဲ့ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောဆိုလျက်ရှိသည်။ ဖက်ဆစ်စစ်တပ် သတင်းရပ် ကွက်၏ အဆိုအရ လက်နက်များသည် KIA ကထုတ် လက်နက်များဖြစ်ပြီး အမှတ် ၈၁ အမျိုးအစား ၇ ဒသမ ၆၂ မမချေမှုန်းရေးရိုင် ဖယ်၂၀၀ လက်၊ အမှတ် ၈၁ အပေါ့စားစက်သေနတ်၂၀ လက်၊ ကျည်အိမ် ၉၅၄ ခု၊ ၇ ဒသမ ၆၂ ကျည် ၃၂၆၄၀ တောင့်၊ ၁၀၀ မမ တာဝေးပစ်ခွင်းဗုံး ၈၉ လုံးတို့ဖြစ်ကြောင်း သိရှိရသည်။

ယင်းလက်နက်များသည် ရခိုင်ပြည်နယ်ဘက်သို့ တင်ပို့မည့် လက်နက်များဟု စစ်ဘက် သတင်းရပ်ကွက်များက ဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s