မိုးကုတ်မြို့တွင် တိုက်ပွဲဖြစ်ပွား

မန္တလေးတိုင်း‌ဒေသကြီး မိုးကုတ်မြို့ တွင် စစ်ကောင်စီတပ်များ နှင့် အမည်မသိ လက်နက်ကိုင် အင်အားစုတစ်စုတို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးကုတ် နွေဦးတော်လှန်ရေး မြေပြင်သတင်းမှန် အဖွဲ့နှင့် ဒေသခံများက ပြောသည်။

ယနေ့ စက်တင်ဘာလ ၈ ရက် ညနေ ၃ နာရီဝန်းကျင်က သံလွင်တောင် အရက်ဆိုင်ဘက်မှ သောက်စားပြီးပြန်လာသည့် အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်သား ရှစ်ဦးခန့်ပါသည့် ကားကို မိုးကုတ်မြို့အရှေ့ပိုင်း လည်ဦး အမက (၂၃) ကျောင်း အနီး‌တွင် လက်နက်ကိုင်အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

” အပြန်အလှန် ပစ်ခတ်မှု ဖြစ်သွားတယ်ဗျ။ စခဘက်က ထိသွားတဲ့ သူတွေ ရှိတယ်လို့လဲ ကြားတယ်။

စခတွေ ပစ်ခတ်ခံရပြီး မြို့ထဲဘက်ကို မောင်းပြေးသွားတယ်။ ပြီးမှ အုပ်စုလိုက် ပြန်တက်လာပြီး ရှာဖွေရေးတွေ လုပ်တော့တာပဲ ” ဟု မိုးကုတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s