ရန်ကုန်လှိုင်မြို့နယ် ၉ ရပ်ကွက်ရုံးကို တော် လှန်ရေးအင်အားစုက ၁ နာရီကြိုတင်ကြေညာပြီးမှ ဗုံး ၂ ကြိမ်ခွဲမှု ရဲမှူးနှင့် တပ်သားတချို့ ထိခိုက်၊ အမှိုက်ကောက်သူ ၁ ဦး လက်ပြတ်ထွက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်က ဗုံးဖောက်ခွဲရာတွင် မက္ခရာအင်အားစုတော်လှန် ရေးအဖွဲ့က ၁ နာရီ ကြိုတင်သတိပေး၍ ပြည်သူများ ရှောင် ရှားခိုင်းခဲ့ပြီး ဗုံး ၂ ကြိမ်ပေါက်ကွဲမှုကြောင့် ရဲမှူး ၁ ဦးနှင့် ရဲ ၂ ဦး ၊ အမှိုက်ကောက်သူ ၁ ဦး လက်ပြတ်ထွက်သွားကြောင်း သိရှိရသည်။

အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် မက္ခရာတော်လှန်ရေးအင်အားစုက လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများ ရှောင်ရှားကြရန် မေတ္တာရပ်ခံတောင်းဆိုကြောင်း ကြေညာချက် တစ်ရပ် ထုတ်ပြန်သည်။

ယင်းနောက် လှိုင်မြို့နယ် ရန်ကုန်-အင်းစိန်လမ်းမပေါ်ရှိ ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် ဗုံးပေါက်ကွဲပြီး အမှိုက်ကောက်သူ ဇော်မျိုးထွန်းဆိုသူ လက်ပြတ်သွားကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးချိန်တွင် ဒုတိယအကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသဖြင့် လှိုင်မြို့နယ်ရဲ တပ်ဖွဲ့မှူးဗုံးစထိမှန်ပြီး ရဲ ၂ ဦးပါ ဒဏ်ရာရရှိကြောင်း၊ ရဲများ ရရှိသော ဒဏ်ရာမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရှိရသည်။ယင်းနောက် စစ်ကောင်စီတပ်အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာကာ ရန်ကုန်-အင်းစိန်ကားလမ်းကို ပိတ်ဆို့စစ်ဆေးပြီး ရပ်ကွက်နှင့်လမ်းများကိုလည်း စစ်ဆေးကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s