တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာနေ လူ ငယ် ၇ ဦးကို စစ်တပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာကို အောက်တိုဘာ ၉ ရက် မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်ပြီး နေအိမ် ၅ လုံးကို ဖျက်ဆီးသွားကာ လူငယ် ၇ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “မနက်ပိုင်းက စပြီးဝင်တာပဲ။ နေအိမ် ၅ လုံး ဖျက်ဆီးခံရတယ်။ ကုန်စုံဆိုင်တစ်ဆိုင်က အရက်၊ ဖျော်ရည်၊ စားသောက်ကုန်တွေ ယူသွားကြပါတယ်။ အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦး အပါအဝင် လူငယ်၊ လူလတ်ပိုင်း ၇ ဦးကို မတရားဖမ်းဆီးသွားတယ်။ ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ ၇ ဦးမှာ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်ပြီး အသက်မပြည့်သေးသူ မိန်းကလေးကိုတော့ သူ့ဖခင်မတွေ့လို့ ဖမ်းဆီးခံရတာဖြစ်လို့ ဖခင် အဖမ်းခံရင် လွှတ်ပေးမယ် ပြောတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်‌ဟာ ဒေါင့်ကြီးကျေးရွာကို တနေကုန် မွှေနှောက်ဖမ်းဆီးပြီး ညနေ ၄ နာရီခွဲခန့်မှာ တန့်ဆည်စခန်းကို ပြန်သွားတယ်လို့ သိရပါတယ်။

တန့်ဆည်မြို့နယ်အတွင်းက ကာပေါင်းကျ၊ ကျီကုန်း၊ ဒေါင့်ကြီး စတဲ့ရွာတွေကိုလည်း စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီး  ပြည်သူလူထုနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ဖူးပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s