နမခဒုတိုင်းမှူး၏ တပည့် ၂ ဦး CDM လုပ်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ပြော

အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး၏ ကိုယ်ရေးအရာရှိနှင့် ယာဉ်မောင်းတို့သည် ပြည်သူ့ဘက်ကိုဘက်ပြောင်းခိုလှုံကာ CDM လုပ်သွားကြ ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ကြေညာလိုက်သည်။

မည်သည့်နေရာသို့ထွက်ပြေးလာသည်ကို CHRO က အသေးစိတ်ဖော်ပြထား ခြင်းမရှိပါ။စစ်ကောင်စီအတွင်း စိတ်ဓာတ်ကျကာ အမိန့်မနာခံလိုမှုများဖြစ်ပေါ်နေကြောင်း ထွက်ပြေးလာသူများက ပြောသည်ဟု ကြေညာချက်တွင်ပါရှိသည်။

ထို့အပြင် စစ်တပ်အတွင်း စစ်သားများ၏ဇနီးမယားများနှင့် မှီခိုနေသော အရပ် သားများ အားလုံးကို လက်နက်တပ်ဆင်ပေးထားသည်ဟု ထွက်ပြေးလာသူ များက ပြောကြောင်းလည်း သိရသည်။နမခဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်သည် ချင်းပြည်နယ် ဟားခါးတွင် ကြီးကြပ်ကွပ်ကဲလျက်ရှိသည်ဟု စစ်ဘက်သတင်းရင်းမြစ်များအရသိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s