ဖရူဆို၊ ထားလဲကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ် ပွား၊ စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှုရှိ၊ က ရင် နီရဲဘော်အချို့ မစိုးရိမ် ဒဏ်ရာရ

ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်အား ကရင်နီတပ်မတော်နှင့် KNDF တပ်ဖွဲ့များကြား ယနေ့ အောက်တိုဘာလ ၉ ရက် ညနေ ၄ နာရီခန့်မှစ၍ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျ ဆုံးမှုများရှိခဲ့ကြောင်းနှင့် ကရင်နီရဲဘော်အချို့ မစိုးရိမ်ဒဏ်ရာရကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF မှ သတင်းထုတ်ပြန် သည်။

ယနေ့နံနက် ၇ နာရီ ၄၀ ခန့်တွင် ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင် ကျေးရွာတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် KNDF တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ၅ မိနစ်ခန့်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၂ ဦး ဒဏ်ရာရပြီး ဆုတ်ခွာသွားကြောင်း သိရသည်။

စံပြ ၆ မိုင်ကျေးရွာ တိုက်ပွဲသည် ရိက္ခာပြန်ယူသော ရွာသား ၂ ဦးအား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်မှ အကြောင်းမဲ့ ဖမ်းဆီးပြီး ၁ ဦးအား နေရာတွင် ပစ်သတ်ခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသော KNDF တပ်ဖွဲ့များမှ တွေ့မြင်ကာ ပစ်ခတ်သဖြင့် စစ်ကောင်စီဘက်မှ ၂ ဦး ဒဏ်ရာရကာ ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့၏ ပစ်သတ်မှုကြောင့် ဦးကျော်ဟိန်းဆိုသူ အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး အခြားပြည်သူ ၁ ဦးဖြစ်သည့် ကိုဒေါမနစ်မှာ ခေါင်းတွင် ဒဏ်ရာရခဲ့ပြီး KNDF တပ်ဖွဲ့ဝင်များမှ ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

ယင်းအပြင် ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီးရှိ လမ်းခွဲတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒေါငံခါးကျေးရွာအတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s