မင်းအောင်လှိုင် ရှုံးတော့မည်ဖြစ်၍ ဒုဗိုလ်ချုပ် ကြီးရာပြည့်မှတစ်ဆင့် ဆွေးနွေးရန် ကမ်း လှမ်းမှု လက်မခံ၊ ယုတ်မာမှုများကြောင့် အ မျိုးသမီးများအပါအဝင် တစ်နိုင်ငံလုံး မင်းအောင်လှိုင်ကို တော်လှန်နေဟု ကရင်နီတပ်စစ်ဦးစီးချုပ်ပြော

အကြမ်းဖက်စစ်ခေါင်းဆောင် ဖက်ဆစ် မင်းအောင်လှိုင် ဦးဆောင်သော လူသတ် စစ်တပ် ကို အမျိုးသမီးများအပါအဝင် လက်ရှိတွင် တစ်နိုင်ငံလုံးက တော်လှန်နေကြပြီး ထောက်ပံ့အားပေးမည့်သူမရှိဖြစ်နေကြောင်း၊ မင်းအောင်လှိုင်က ရှုံးတော့မည်ဖြစ်၍ ရာပြည့်(ဒုတိယဗိုလ်ချုပ်ကြီး) မှတစ်ဆင့် ဆွေးနွေးရန် ကမ်းလှမ်းလာသော်လည်း လက်မခံကြောင်း ကရင်နီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဘီထူးက ပြောဆိုလိုက်သည်။

ကရင်နီပြည်တိုးတက်ရေးပါတီဌာနချုပ် ညာမိုတွင် ကျင်းပသည့် (၇၁) ကြိမ်မြောက် ကရင်နီတပ်မတော် အခြေခံစစ်သင်တန်းဆင်းပွဲတွင် ယမန်နေ့က ကျင်းပစဉ် ကရင်နီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချူပ်ကြီး စောဘီထူးက အထက်ပါအတိုင်း မိန့်ခွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။ကရင်နီတပ်မတော်တွင် အင်အားများ များပြားလာကြောင်း၊ ယင်းသို့ များပြားလာမှုသည် တကူးတက သွားရောက်စည်းရုံး၍ မဟုတ်ဘဲ မင်းအောင်လှိုင်စစ်တပ်၏ လူထုအပေါ် ညစ်ပတ် သတ်ဖြတ် လုယက်မှုများကြောင့် ဖြစ်ကြောင်း ၊ အမျိုးသမီးများပါ လက်နက်ကိုင်တော်လှန်လာကြကြောင်း ၎င်းက ဆိုသည်။

“လူထုကိုပစ်တယ်၊ သတ်တယ်၊ ဥစ္စာစည်းစိမ်တွေကို လုယက်တယ်။ စသည်ဖြင့်ပေါ့လေ။ အဲဒီလိုလုပ်ခဲ့တာလည်း အားလုံးအသိ ဖြစ်ပါတယ်။ ဆိုတော့ပြည်သူလူထု အဆင့်အတန်းအားလုံး၊ အလွှာအားလုံးက မခံမရပ်လို့ဘဲ ဒီကနေ့ ထပြီးတော့မှ သူ့နေရာနဲ့သူ တော်လှန်နေတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လုပ်ဆောင်မှုအပေါ်မှာ ဘယ်အတန်းစား၊ ဘယ်အလွှာကမှ လက်ခံနိုင်တဲ့အပေါ်မှာ ဒီကနေ့ PDF လိုအဖွဲ့မျိုး တစ် နိုင်ငံလုံးမှာ ဖြစ်ပေါ်လာခဲ့တာလည်း အားလုံးသိခဲ့ပါတယ်။ ဒီကနေ့ ရဲဘော်တွေ ရဲမေတွေ ဒီကိုရောက်လာတယ်။ ရောက်လာတာကလည်း ကျွန်တော်တို့ သွားစည်းရုံးပြီး လာခဲ့တာလည်း မဟုတ်ဘူး။ မခံမရနိုင်တဲ့စိတ်ပေါ်လာတဲ့အတွက် ဒီစစ်ကောင်စီရဲ့ မဟုတ်မမှန် လုပ်ခဲ့တဲ့ အ တွက်ကြောင့် လာကြတယ်လို့ဘဲ ကျွန်တော့်အနေနဲမြင်မိပါတယ်။ ဒီကနေ့အခြေအနေမှာပဲကြည့်၊ မင်းအောင်လှိုင်ကို ထောက်ခံတဲ့ အတန်း အစားအလွှာတွေက ဘယ်သူမှ မရှိတော့ဘူး။

မိန်းမကစ ထပြီးတော်လှန်နေကြပြီ” ဟု ကရင်နီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးက ပြောသည်။ မင်းအောင်လှိုင်စစ်တပ်သည် တိုက် ခိုက်ရည် မရှိဘဲ ထောက်ခံအားပေးသူလည်း မရှိကြောင်း၊ ပြည်သူများ မဖြစ်မနေ အောင်ပွဲခံရမည်ဖြစ်ကြောင်း၊ မင်းအောင်လှိုင်သည် ရှုံးနိမ့်မည်အခြေအနေဖြစ်နေ၍ ရာပြည့်(ဒုတိယဗိုလ်ချုပ်ကြီး) မှတစ်ဆင့် တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းလာသော်လည်း ကရင်နီ တပ်မတော်အနေဖြင့် ဆွေးနွေးရန် အစီအစဉ် မရှိကြောင်း ပြောဆိုသည်။

“ဒီကနေ့စစ်ကောင်စီဟာ တော်တော်အကျပ်အတည်းဖြစ်နေပြီ။ မနေ့တစ်နေ့လောက်ကပဲ ရာပြည့် (ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ စစ်ကောင်စီ ၏ တွေ့ဆုံဆွေးနွေးရေးတာဝန်ရှိသူ) ကနေ ဒ.က.စ မှူး၊ လွိုင်ကော်က ဒ.က.စ မှူးကို သူအကြောင်းကြားလိုက်တယ်၊ တွေ့ဆုံဆွေးနွေးဖို့ ဆိုပြီးအဲလိုမျိုးပြောလိုက်တာရှိတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့အနေနဲကတော့ ဒီကနေ့ဒီအချိန်မှာ တွေ့ဆုံဆွေးနွေးဖို့ဆိုရင် ကျွန်တော်တို့မှာ ဆန္ဒမရှိဘူးလို့ ကျွန်တော့်အနေနဲ့ ဒီလိုမြင်ပါတယ်။ ကျွန်တော် အနေနဲ့ လက်ခံမယ့် အခြေအနေမရှိဘူး” ဟု ဗိုလ်ချုပ်ကြီးက ဆက်ပြောသည်။

ပြည်သူများအနေဖြင့် ညီညွတ်မှုရှိလျှင် မကြာမီ အောင်ပွဲရရှိမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးက အသိပေးပြောဆိုသည်။ “မင်းအောင်လှိုင်နဲ့ ပတ် သက်ပြီး ဘယ်သူ့မှအားပေးကူညီထောက်ပံ့ တာလည်းမရှိတော့ဘူး။ ဆိုတော့ (မင်းအောင်လှိုင်) မရှုံးစရာအကြာင်းမရှိဘူး။ ရှုံးလို့ပဲ ကျွန်တော်တို့ကို တွေ့ဆုံဆွေးနွေးပါ ဆိုပြီးတော့မှ ကမ်းလှမ်းခဲ့တာ။

ဒါက လက်ခံနိုင်တဲ့အခြေအနေ မရှိတော့ဘူး။ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်တဲ့အချိန်မှာ အပြန်အလှန်လေးစားမှုရှိပါ။ ဆင့်ကဲဆင့်ကဲခေါင်းဆောင်မှုကို လက်ခံပါ။

တစ်ယောက်နဲ့တစ်ယောက် အထောက်အပံ့၊ အကူအညီ၊ ယုံကြည်မှုတွေ တည်ဆောက်ကြ။ ဝိုင်းဝန်းပံ့ပိုးကြ။ အဲလိုလုပ်မယ်ဆိုလို့ရှိရင် ကျွန် တော်တို့အနေနဲ့ အောင်ပွဲမခံစရာအကြောင်းမရှိဘူးလို့ ကျွန်တော့်အနေနဲ့ နောက်ဆုံးပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ကြီးက ပြောသည်။

================================================================

ကရင်နီပြည်တိုးတက်ရေးပါတီဌာနချုပ် ညာမိုတွင် ကျင်းပသည့် (၇၁) ကြိမ်မြောက် ကရင်နီတပ်မတော် အခြေခံစစ်သင်တန်းဆင်းပွဲမှ ကရင်နီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချူပ်ကြီး စောဘီထူး၏ မိန့်ခွန်းအပြည့်အစုံဒီကနေ့စကားပြောခွင့်ရတဲ့အတွက်အရမ်းကျေးဇူးတင်ပါတယ်။ ပထ မအချက်အနေနဲ့ ကျွန်တော်ပြောလို တာက ဘာကြောင့်ကျွန်တော်တို့ ခုခံတော်လှန်ရေးလုပ်လဲဆိုတဲ့ အကြောင်းကိစ္စပါ။ ကျွန်တော်တို့ ပြည် နယ်ဟာ သီးခြားလွတ်လပ်တဲ့ တိုင်းပြည်တစ်ခုဖြစ်တယ်။ စစ်အစိုးရအဆက်ဆက်က ကျွန်တော်တို့ကို လာပြီးတော့ မဲဆွယ်စည်းရုံးခဲ့တယ်။

သို့သော်လည်းပဲ ကျွန်တော်တို့ စောဖျာလူကြီးတွေကလက်မခံဘူး။ လက်မခံတော့ စစ်ရေးအရဖိအားပေးလာတယ်။ ဖိအားပေးလာတဲ့အပေါ်မှာ ဒီလိုရရာလက်နက်တွေကို ဆွဲကိုင်ပြီး တိုက်ခိုက် ခဲ့ကြတယ်။ သို့သော်လည်းဘဲ တကွဲတပြားတိုက်ခိုက်တဲ့နေရာမှာ အောင်မြင်မှု၊ ထိရောက်မှုမရှိတဲ့အပေါ်မှာ ကျွန်တော်တို့ တပ်မတော်တစ်ခု မရှိမဖြစ်ဆိုပြီးတော့မှ ဩဂုတ်လ (၁၇) ရက်နေ့ (၁၉၄၈ ခုနှစ်) မှာ တပ်မတော် ဆိုပြီး စတင်ဖွဲ့စည်းလိုက်ပါတယ်။ ဆိုတော့ ခုနကျွန်တော်ပြောသလိုဘဲ ဗမာပြည်ရဲ့ ပြည်နယ်တစ်ခု အနေနဲ့ ကျွန်တော်တို့ ခံယူတာမဟုတ်ဘူး။ ကိုယ့်မင်းကိုယ်ချင်းနဲ့အုပ်ချုပ်လာခဲ့တယ်။ ပြည်နယ်ကသေးသော်ငြားလည်းဘဲ သယံဇာတ ပေါကြွယ်ဝတဲ့ပြည်နယ်တစ်ခုဖြစ်တယ်ဆိုတာကို ကျွန် တော်အသိပေးလိုပါတယ်။

ဒါကြောင့် ဒီကနေ့အထိ တော်လှန်ရေးကလည်း နှစ်ပေါင်း (၇၀) ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ ကျွန်တော်ရှင်းပြချင်တာက ဒီကနေ့စစ်အစိုးရရဲ့ အခြေအနေကို ကျွန်တော် ရှင်းပြလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးပါတီ NLD ရွေးကောက်ပွဲမှာ အပြတ်အ သား မဲအနိုင်ရတယ်။ မဲမသမာမှု ဆိုပြီးတော့ အာဏာကိုသိမ်းယူခဲ့တယ်။ ပြည်သူလူထုတွေကလည်း လမ်းပေါ်မှာထွက်ပြီးတော့ ဆန္ဒပြခဲ့တယ်။ ဆန္ဒထုတ်ဖော်ခဲ့တယ်။ ဒါကို စစ်အစိုးရကလက်မခံဘူး။ လက်မခဲတဲ့အပေါ်မှာ လူထုကိုပစ်တယ်၊ သတ်တယ်၊ ဥစ္စာစည်းစိမ်တွေကို လုယက်တယ်။ စသည်ဖြင့်ပေါ့လေ။

အဲဒီလိုလုပ်ခဲ့တာလည်း အားလုံးအသိ ဖြစ်ပါတယ်။ ဆိုတော့ပြည်သူလူထု အဆင့်အတန်းအားလုံး၊ အလွှာအားလုံးက မခံမရပ်လို့ဘဲ ဒီကနေ့ ထပြီးတော့မှ သူ့နေရာနဲ့သူ တော်လှန်နေတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လုပ်ဆောင်မှုအပေါ်မှာ ဘယ်အတန်းစား၊ ဘယ်အလွှာကမှ လက်ခံနိုင်တဲ့အပေါ်မှာ ဒီကနေ့ PDF လိုအဖွဲ့မျိုး တစ်နိုင်ငံလုံးမှာ ဖြစ်ပေါ်လာခဲ့တာလည်း အားလုံးသိခဲ့ပါတယ်။ ဒီကနေ့စစ်ကောင်စီဟာ တော်တော်အ ကြပ်အတည်းဖြစ်နေပြီ။ မနေ့တစ်နေ့လောက်ကဘဲ ရာပြည့် (ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ စစ်ကောင်စီ၏ တွေ့ဆုံဆွေးနွေးရေးတာဝန်ရှိသူ) ကနေ ဒ.က.စ မှူး၊ လွိုင်ကော်က ဒ.က.စ မှူးကို သူအကြောင်းကြားလိုက်တယ်၊ တွေ့ဆုံဆွေးနွေးဖို့ ဆိုပြီးအဲလိုမျိုးပြောလိုက်တာရှိတယ်။

သို့သော်လည်းပဲ ကျွန်တော်တို့အနေနဲကတော့ ဒီကနေ့ဒီအချိန်မှာ တွေ့ဆုံဆွေးနွေးဖို့ဆိုရင် ကျွန်တော်တို့မှာ ဆန္ဒမရှိဘူးလို့ ကျွန်တော့်အနေနဲ့ ဒီလိုမြင်ပါတယ်။ ကျွန်တော် တပ်မတော်တစ်ယောက်အနေနဲ့ လက်ခံမယ့် အခြေအနေမရှိဘူး။နောက်တစ်ခု ကျွန်တော်ပြည်သူတွေရဲ့အခြေအ နေကိုဘဲကြည့်ပါ ဒီနေ့။ ကရင်နီပြည်ဟာ သေးငယ်တဲ့ ပြည်နယ်တစ်ခုဖြစ်သော်ငြားလည်းဘဲ တိုက်ခိုက်တဲ့နေရာမှာ တော်တော်လေး ပြင်းထန်တယ်ဆိုတာကိုက စစ်ကောင်စီတာဝန်ရှိတဲ့လူတွေက လက်ခံထားပြီးသားဖြစ်ပါတယ်။ လွန်ခဲ့တဲ့အပတ်က ကျွန်တော်တပ်မှူး တစ်ယောက်ကိုတွေ့ခဲ့ပါတယ်။ အခြေအနေကိုကျွန်တော်မေးပါတယ်။ တခြားနေရာမှာ စစ်ရေးစစ်ရာနဲ့ ပတ်သက်လို့၊ လှုပ်ရှားမှုနဲပတ်သက်လို့ တော်တော်ပေါ့ပေါ့ပါးပါးဖြစ်သွားပြီ။ အပြင်းထန်ဆုံးကတော့ ကရင်နီပြည်ပါလို့လည်း သူလက်ခံထားတယ်လို့ ကျွန်တော့်ကိုပြောခဲ့တယ်။

ကျွန်တော်အနေနဲ့ ပြည်သူလူထုအခြေအနေကိုပြန်ကြည့်တော့ ဒီကနေ့ ကားကိုမီးရှို့တယ်။ ကားကို ရောင်းတယ်၊ အိမ်ကိုမီးရှို့တယ် စသည်ဖြင့်ပေါ့။ အများကြီးလုပ်တယ်ဆိုတော့ ကျွန်တော်တို့ မခံမရပ်နိုင်လို့ဘဲ ဒီကနေ့ ရဲဘော်တွေ ရဲမေတွေ ဒီကိုရောက်လာတယ်။ ရောက်လာတာကလည်း ကျွန်တော်တို့ သွားစည်းရုံးပြီး လာခဲ့တာလည်း မဟုတ်ဘူး။ မခံမရနိုင်တဲ့စိတ်ပေါ်လာတဲ့အတွက် ဒီစစ်ကောင်စီရဲ့ မဟုတ်မမှန် လုပ်ခဲ့တဲ့ အတွက်ကြောင့် လာကြတယ်လို့ဘဲ ကျွန်တော့်အနေနဲမြင်မိပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ အခြေအနေကို ပြန်ပြီးကြည့်ရမယ်ဆိုလို့ရှိရင် ဒီကနေ့ကျွန်တော်တို့ကရင်နီပြည်မှာကြည့်တော့၊ ဒါကဒုတိယ အကြိမ်လည်း ဖြစ်မှာပါ။

ပထမအစ တိုက်တဲ့အချိန်မှာဘဲ ရရာလက်နက်နဲ့ဘဲစွဲကိုင်တိုက်လိုက်ကြတယ်။ ဒါပထအစတုန်းက။ ဖေဖော်ဝါရီလ ၂၀ ရက်ကနေစပြီးတော့မှ ကျွန်တော်တို့ကလည်းဘဲ ရရှိရာလက်နက်တွေကို တကွဲတပြားစီနဲ့ ထပြီးတော့ တိုက်ကြတယ်။ အလုအယက်နဲ့လုပ်ကြတာကို ကျွန်တော်တွေ့ရတယ်။ ဆိုတော့တာဝန်ရှိတဲ့ခေါင်းဆောင်တွေကို ကျွန်တော်တို့အကြိမ်ကြိမ်ခါခါဖိတ်တယ်။ သို့သော်လည်းဘဲ အခြေအနေအရ မလာနိုင်ဘူး။ ကျွန်တော်တို့ ဒုချုပ်က ဖိတ်ကြားတဲ့အပေါ်မှာ သူတို့လည်းရောက်လာတယ်။ ရောက်လာတော့ KNDF ဆိုတဲ့အဖွဲ့ပေါ့လေနော။ ကျွန်တော်တို့ဆီလာပြီးတော့ တွေ့ဆုံဆွေးနွေးကြတယ်။

သူတို့လူကြီးပိုင်း အနေနဲ့ပတ်သက်ပြီး စစ်ရေးစစ်ရာနဲ့ပါတ်သက်လို့။ ဆိုတော့ စစ်ရေးစစ်ရာနဲ့ပတ်သက်လို့ ကရင်နီပြည်တပ်မတော်စစ်ဦးစစ်ချုပ်ရဲ့အမိန့်ကို လက်ခံပါမယ်လို့ အဲလိုမျိုးသဘောတူခဲ့တာတော့ရှိပါတယ်။ ဒီကနေအခြေအနေကို ကျွန်တော်တို့ ပြန်ကြည့်ပြန်တော့လည်း PDF ဆိုတာကလည်း ဖယ်ခုံရှိမယ်၊ မိုးဗြဲရှိမယ်၊ လွိုင်ကော်ရှိမယ် စသည်ဖြင့်ပေါ့်လေ၊ ဒီးမော့ဆိုလည်းရှိတယ်။ အဲလိုတကွဲတပြားဖြစ်နေတဲ့အပေါ်မှာ ကျွန်တို့ ခေါင်းဆောင်ပိုင်းကနေတစ်ဆင့် KNDF ကိုအကြံအဉာဏ်ပြုပါတယ်။

တစ်စုတစ်စည်းနဲ့ဖြစ်ဖို့ စည်းရုံးလုပ်ဆောင်ပါ ဆိုပြီး တွန်းအားပေးခဲ့တာလည်းရှိတယ်။ သို့သော်လည်းဘဲ ဒီကနေ့အခြေအနေအပေါ်မှာ ဖြစ်မလာသေးဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် အားလုံးမှာက မခံမရပ်နိုင်လို့ဘဲ ဒီစစ်ကောင်စီကိုထပြီးတော့ တော်လှန်တိုက်ခိုက်နေတယ် ဆိုတာကတော့ ဂုဏ်ယူရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့တပ်မတော်သားတွေ ဖြစ်လာပြီဆိုရင် တစ်ယောက်ကိုတစ်ယောက် အ‌ထောက်အကူပြုပါ၊ ယုံကြည်ကြပါ။ ဆင့်ကဲဆင့်ကဲအုပ်ချုပ်မှုတွေ ရှိလိမ့်မယ်။ အမိန့်နာခံပါ။

အဆင့်ဆင့် အမိန့်နာခံမှုရှိပါ။ စည်းကမ်းရှိမှဘဲ တပ်မတော်အရည်အသွေးနဲ့ ပြည့်စုံမှာဖြစ်တယ်။ ဒီကနေ့ရောက်လာတဲ့ ရဲဘော်ရဲမေတွေအား လုံးက သင်တန်းက ဒီနေ့ပြီးသွားပါပြီ။ မနက်ဖြန်သန်ဘက်ခါဆိုလို့ရှိရင် လက်တွေ့အဆင့် ပိုင်းမှာ အကောင်အထည်ဖော်ရမှာဖြစ်တယ်။ ခုနကျွန်တော်ပြောသလိုဘဲ တစ်ယောက်နဲ့တစ်ယောက် အ‌ထောက်အကူပြုဖို့။ ယုံကြည်စိတ်ချပြီး တစ်ယောက်နဲ့တစ်ယောက်အားကိုးဖို့ အဲလိုမျိုးစနစ်နဲ့ ကျင့်သုံးသွားမယ် ဆိုလို့ရှိရင် ကျွန်တော်တို့ အောင်ပွဲမခံဘူးဆိုတာကို မပြောနိုင်ဘူး။ ခံကိုခံရမှာပါ။ ဒီကနေ့အခြေအနေမှာပဲကြည့်၊ မင်းအောင်လှိုင်ကို ထောက်ခံတဲ့ အတန်းအစားအလွှာတွေက ဘယ်သူမှ မရှိတော့ဘူး။ မိန်းမကစ ထပြီးတော်လှန်နေကြပြီ။

သူတို့မှာရှိတဲ့အင်အားတွေကလည်းဘဲ အရည်အချင်းလည်း ရှိတာလည်းမဟုတ်ဘူး။ တိုက်ရည်ခိုက်ရည်လည်း ရှိတာမဟုတ်ဘူး။ စစ်မတိုက်နိုင်တာလည်းကြာပြီ။ ဒီအဆက်ဆက်မှာလည်းဘဲ တပ်မတော်အင်အားစုကို လိုက်ပြီးတော့ ကောက်မယ်ဆိုရင် ဘယ်သူ့မှ လက်မခံတော့ဘူး။ ဒါကသူ့ရဲအားနည်းချက်တစ်ခုဖြစ်ပါတယ်။ ပြည်သူလူထုကလည်း သူ့ကိုထောက်ခံမှုမရှိဘူး။ သူ့ကိုဆန့်ကျင်နေပြီ။ ဒါလည်းသူ့ရဲ့အားနည်းချက်တစ်ခုဖြစ်သွားပြီ။ ဆိုတော့ သူ့အင်အားထဲမှာကိုယ်ကလည်းဘဲ စိတ်ဓာတ်က တော်တော်ပျော့ညံ့လာပြီ။ ရှိတဲ့အင်အားလည်း တစ်ဖြည်းဖြည်းဆုံးသွားပြီ။ ဆိုတော့ ပြည်နယ်အနေနဲ့ပဲ မကြည့်နဲ့၊ တစ်ပြည်လုံးမှာကြည့်၊ စစ်ကိုင်းတို့ မကွေးတို့ မန္တလေးတို့ ရန်ကုန်တို့ စသည်ဖြင့်၊ တစ်ရက်တစ်ရက်ဆို အများကြီး ထိခိုက်တယ်။

တဖြည်းဖြည်းကတော့ ကျွန်‌တော်တို့တော်လှန်ရေးသမားတွေက နည်းလမ်းရှာပြီးတော့ အင်အားဖြည့်တာပေါ့လေ။ ကျွန်တော်တို့ အနေနဲ့ပဲ ကြည့်ပါ။ ကျွန်တော်တို့ လွိုင်ကော် ပတ်ဝန်းကျင်ပေါ့လေ၊ ဒီးမော့ဆိုတို့စသည်ဖြင့် စစ်မြေပြင်မှာအများအားဖြင့် အဲဒီမှာ ဖြစ်နေတာရှိပါတယ်။ ကရင်နီတပ်မတော်တစ်ခုတည်းနဲဘဲ အောင်ပွဲခံနိုင်မယ်မဟုတ်ဘူး။ ကျန်တဲ့လူမျိုးစု လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအတွေလည်းပဲ အပေါင်းအသင်း ရှာရမယ်။ ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ရမယ်။

တစ်စုတစ်စည်း ထဲဖြစ်အောင်ဖြစ်အောင်ပေါ့လေ။ လော‌လောဆယ်ကတော့ကြည့်ပါ။ ကချင်ရှိမယ်၊ ချင်းရှိမယ်၊ ကျွန်တော်တို့ရှိမယ်၊ KNU ရှိမယ် အဓိက လက်နက်ကိုင်အင်အားစုတွေက ဒီလေးဖွဲ့ပဲ ရှိပါတယ်။ အားလုံးလည်းသိမှာပါ စစ်တိုက်နေတာက။ ကျန်တဲ့အဖွဲ့အစည်းတွေကလည်း လက်နက်တော့ကိုင်တယ်၊ တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်လုပ်ပါမယ် ဆိုပြီးတော့မှ ပြောတယ်။ သို့သော် ဒီကနေ့မှာကြည့်၊ ဘယ်မှာလဲ လက်တွေ့မှာ။ အဲတာတွေကို ကျွန်တော်တို့ လေ့လာမှတ်သားဖို့တော့လိုတာပေါ့လေ။ ဆိုတော့ ခုနကျွန်တော်ပြောခဲ့တဲ့အချက်လိုပဲ မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး ဘယ်သူ့မှအားပေးကူညီထောက်ပံ့ တာလည်းမရှိတော့ဘူး။

သူက တောင့်တင်းတဲ့အတွက်လည်း ဘယ်နည်းလမ်းနဲ့မှ ရှာလို့မရတော့ဘူး။ ဆိုတော့ မရှုံးစရာအကြာင်းမရှိဘူး။ ရှုံးလို့ပဲ ကျွန်တော်တို့ကို တွေ့ဆုံဆွေးနွေးပါ ဆိုပြီးတော့မှ ကမ်းလှမ်းခဲ့တာ။ ဒါက လက်ခံနိုင်တဲ့အခြေအနေ မရှိတော့ဘူး။ တခြားတော့ ကျွန်တော်မပြောဘူး။ တပ်နဲ့ပတ်သက်လို့ကတော့ ကျွန်တော်လက်ခံစရာကိုက အကြောင်းမရှိဘူး။

ဆိုတော့ ဘယ်လိုဘဲဖြစ်ဖြစ် ခုနကျွန်တော်ပြောခဲ့သလို ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်တဲ့အချိန်မှာ အပြန်အလှန်လေးစားမှုရှိပါ။ ဆင့်ကဲဆင့်ကဲခေါင်းဆောင်မှုကို လက်ခံပါ။ တစ်ယောက်နဲ့တစ်ယောက် အထောက်အပံ့၊ အကူအညီ၊ ယုံကြည်မှုတွေ တည်ဆောက်ကြ။ ဝိုင်းဝန်းပံ့ပိုးကြ။ အဲလိုလုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့ အောင်ပွဲမခံစရာအကြောင်းမရှိဘူးလို့ ကျွန်တော့်အနေနဲ့ နောက်ဆုံးပြောလိုပါတယ်။ ကျေးဇူးတင်ပါတယ်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s