မန္တလေးဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးရုံများမှ ဆိုင်ခန်းများ ဖောက်ထွင်း ခံရ

မန္တလေး အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးရုံများမှ ဆိုင်ခန်းတချို့ ယမန်နေ့ညသန်းခေါင်းကျော်အချိန်က ဖောက်ထွင်းခံခဲ့ရကြောင်း သိရသည်။

” မနေ့ညကဈေးချိုကဆိုင်ခန်းတွေအဖောက်ခံရတယ်၊ တော်တော်များများ အဖောက်ခံရတာပါ၊ ကျွန်တော်တို့ဆိုင်တော့တန်ဖိုးရှိတာတွေက အိမ်အကုန် သယ်ထားတော့ သယ်မရတဲ့ဟာလောက်ပဲကျန်နေတာပါ၊ အဲဒါ ကောင်တာတွေ ဖျက်ဆီးသွားတယ်၊ အံဆွဲတွေရိုက်ချိုးသွားတယ်။ အကြံကုန်တော့ဈေးချိုဘက် လှည့်လာတယ် ထင်ပါတယ်” ဟု ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လုယက်ခံရနိုင်သည့်အခြေအနေ အရပ် ရပ်ကြောင့် ကာလအတန်ကြာပိတ်ထားရသည့် ဈေးချိုတော်နှင့်တိုက်တန်းကြီး ကို ယခုရက်ပိုင်းအတွင်း ဈေးဆိုင်ပိုင်ရှင်များ၏ပစ္စည်းများထုတ်ယူခွင့်ပြုရန် ဈေးအကျိူးတော်ဆောင်အဖွဲ့ကစီစဉ်နေစဉ် ယခုလိုဖောက်ထွင်းခံလိုက်ရခြင်း ဖြစ်သည်။

” A ရုံဘက်ကိုအဓိကဖောက်တယ်ထင်တယ်၊ အဲဒီမှာကရွှေဆိုင်တွေက ခပ်များ များ၊ H ရုံဘက်လည်း ၁၀ ဆိုင်လောက်ပါသွားတယ်၊ တန်ဖိုးရှိတာ ရမလားလို့ ဝင်လုပ်တယ်ထင်တယ်၊ မရတော့ရှိတဲ့ဟာအကုန်ဆွဲယူ ဖျက်ဆီးသွားတာ ဖြစ်မယ်၊ တချို့လည်း တန်ဖိုးကြီးအသုံးအဆောင်ပြန်ရောင်းလို့ရမယ့်ဟာတွေ ပါသွားတယ်” ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။

အဆင့်မြင့်ဈေးချိုတော်နှင့်တိုက်တန်းကြီးဈေးရုံတွေတွင် အခြေခံစားသောက် ကုန်ဆိုင်၊ အဝတ်အထည်ဆိုင်၊ ပန်းကန်ခွက်ရောက်ဆိုင်၊ ဆေး ဝါး ပစ္စည်းဆိုင်၊ စိန်ရွှေရတနာဆိုင် အစရှိသဖြင့်ပါဝင်သည့်ဈေးရုံပေါင်း ရှစ်ရုံ၊ ဆိုင်ခန်းပေါင်း သုံးထောင်ကျော်ရှိသည်။

ယမန်နေ့ညကပင် ဈေးချိုတော်နှင့်တိုက်တန်းကြီးအနီးတဝိုက်တွင် စက်ပစ္စည်း ခိုးယူခံရမှု၊ ကားမီးလုံးအစုံလိုက်ဖြုတ်ယူခံရမှုတို့လည်းရှိခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s