မြောက်ဒဂုံမြို့နယ်ရှိ အုပ်ချုပ်ရေးမှုးများနုတ်ထွက်ရန် N.D.G သတိပေး

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှုးများကို တာဝန်မှ နုတ်ထွက်ရန် ပြည်သူ့ကာကွယ်ရေးတပ်မဟာ( N.D.G) အဖွဲ့က အောက်တိုဘာ ၈ ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်ထားသည်။

“စစ်ခွေးများ၏ အလုပ်များကို လုပ်ဆောင်ပေးနေသော လက်ပါးစေအုပ်ချုပ်ရေးမှုးများအနေဖြင့် အလုပ်မှ နုတ်ထွက်ပါ” ဟု ထုတ်ပြန်ချက်တွင် သတိပေးထားသည်။ ထိုသို့သတိပေးထားသည့်ကြားမှ ဆက်လက်လုပ်ကိုင်နေမည်ဆိုပါက အုပ်ချုပ်ရေးမှုးအလုပ်မှ ပင်စင်ပေးမည်ဖြစ်သလို ၎င်းတို့၏အသက်နှင့် မိသားစုလုံခြုံရေးကို အာမခံမည်မဟုတ်ကြောင်း N.D.G က ထုတ်ပြန်ကြေညာထားသည်။

တောင်ဒဂုံမြို့နယ်တွင်လည်း အုပ်ချုပ်ရေးမှုးများ ရာထူးမှ နုတ်ထွက်ရန်နှင့် စစ်ကောင်စီ သတင်းပေးဒလန်များသည် ၎င်းတို့၏လုပ်ရပ်များအားရပ်ရန် လူငယ်တော်လှန်ရေး (Young Revolutionary Force – YRF) အဖွဲ့က အောက်တိုဘာလ ၇ ရက်တွင် သတိပေးချက် ထုတ်ပြန်ထား သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s