ရန်ကုန် ရေတပ်စခန်းရှေ့ ဗုံးပေါက်ပြီး စစ် သား ၃ ဦး ဒဏ်ရာရ၊ တန့်ဆည် မိုင်းခွဲခံရမှု စစ် သား ၂ ဦးသေ၊ ကသာတွင် ပျောက်ကြားတိုက်ခံရ၍ စစ်သား ၂ ဦးထက်မနည်းသေဆုံး၊ ရွှေဘိုရဲစခန်းကို လက်ပစ်ဗုံးဖြင့်ထု

အကြမ်းဖက် လူသတ် ဖက်ဆစ်စစ်ကောင်စီကို ပြည်သူများက အောက် တိုဘာလ ၁၀ ရက်နေ့တွင်လည်း ခုခံစစ်များ တော်လှန်ဆင်နွှဲနေကြပြီး ယနေ့ နံနက်ပိုင်းတွင်ပင် စစ်ကောင်စီဘက်မှ အထိနာလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေါပုံမြို့နယ်

======================

ဒေါပုံ ၊ နွယ်အေးရပ်ကွက် ၊အုပ်ချုပ်ရေးမှူးရုံးဖွင့်ပွဲရှိနေချိန် ဗုံးပေါက်ကွဲမှု ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းဖြစ်ပွားသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း

=============================

အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီခွဲမှစတင်၍ ၁၅ မိနစ်ခြားပြီး မြောက် ဒဂုံဗထူးအိမ်ရာအနီးတွင် ဗုံး နှစ်ကြိမ် ပေါက်ကွဲသည်။

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ရေတပ်စခန်းရှေ့ ဗုံး ၂ ကြိမ်ပေါက်ပြီး စစ်သား ၃ ဦး ဒဏ်ရာရ

=================================================================

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ၄ ရပ်ကွက်၊ ရှုခင်းသာလမ်းမရှိ ရေတပ်စခန်းရှေ့တွင် BFRAF အဖွဲ့က ယနေ့ အော်ကတိုဘာလ ၁၀ ရက်တွင် ဗုံး ၂ ကြိမ်ဖောက်ခွဲပြီး မိုင်းရှင်းလင်းသည့် စစ်ကောင်စီ တပ်သား ၂ ဦး ၃ ဦးအပြင်းအထန် ဒဏ်ရာရသွားကြောင်း Burma Final Revolution Armed Forces က ထုတ်ပြန်ကြေညာသည်။သာကေတ ရေတပ်စခန်းရှေ့အတွင် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗုံးတွေ့ရှိသွားပြီး ရှင်းလင်းရန် လမ်းပိတ်ပြီး ဆောင်ရွက်နေချိန် BFRAF က ဖောက်ခွဲမှုကြောင့် စစ်ကောင်စီတပ်သား ၁ ဦး ဒဏ်ရာရရှိသွားပြီး လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားကြောင်း သိရသည်။နံနက် ၈ နာရီ ၅၅ အချိန်တွင် စစ်ကောင်စီတပ်သား အများ အပြားထပ်ရောက်လာကြောင်း၊ ထောင်ထားသော မိုင်းအား တွေ့ရှိပြီး စစ်ကောင်စီမှ မိုင်းရှင်းလင်းရေး ဝတ်စုံဖြင့် တပ်သား ၂ ဦးမှ ရှင်းလင်းရေးလုပ်ရန် မိုင်း နားတွင် ထိုင်လိုက်စဉ် BFRAF မှ ထပ်မံဖောက်ခွဲပြီး အဆိုပါ မိုင်းရှင်းလင်းနေသည့် တပ်သား ၂ ဦး အပြင်း အထန် ဒဏ်ရာရပြီး လူနာတင်ယာဉ် ၂ စီးဖြင့် လာရောက်တင်ဆောင်သွားကြောင်း BFRAF မှ ထုတ်ပြန်သည်။လက်ရှိကာလသည် မြေအောက်တော်လှန်ရေး အရေး ကြီး ကာလဖြစ်၍ ပြည်သူများအနေဖြင့် အသွား အလာ ဂရုစိုက်ကြပါရန် BFRAF က တိုက်တွန်းထားသည်။

ရန်ကုန်တွင် ပေါက်ကွဲမှုများဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ သတိပြုရန် NSTF က သတိပေး

===============================================================

အောက်တို့ဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် ရန်ကုန်မြို့ နေရာအနှံ့မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားအထူးစစ်ဆင်ရေးအဖွဲ့ (NSTF) က သတိပေးစာထုတ် ပြန်သည်။ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ မလိုအပ်ဘဲအပြင်မသွားလာကြရန်၊ မဖြစ်မနေသွားလာကြပါက အထူးသတိထား သွားလာကြပါရန် သတိပေးထားသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်

====================

“လာမဝိုင်းနဲ့ Thay တတ်သည်” စာကပ်ထားသော ရွှေဘိုမြို့မရဲစခန်းကို People Defense Force – Shwebo မှ ရဲဘော်များက အောက်တို ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ရွှေဘို PDF သတင်းထုတ်ပြန်သည်။

စစ်ကိုင်း-မကွေးလမ်းမကြီးမှာ မိုင်းအလုံး ၅၀၀ ဖြင့်စစ်ကောင်စီကို တိုက်ခိုက်မည်

========================================================

စစ်ကောင်စီယာဉ်တန်းများ သွားလာနေသည့် စစ်ကိုင်းတိုင်းဒေသကြီးမှ မကွေးတိုင်း ဆက်သွယ်ထားသော မုံရွာ-ပုလဲ-ဂန့်ဂေါ လမ်းမကြီးတွင် မိုင်းအလုံး (၅၀၀) ထောင်ပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်မည်ဖြစ်ကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော်က ယနေ့ ထုတ်ပြန်သည်။ “မိုင်း အလုံး (၅၀၀) စီမံကိန်းကြီးစတင်တော့မည်။ ကျွန်တော်တို့ကတော့ မိုင်း ကိုပိုပြီးအားကိုးရပါတယ်။ မိုင်း တွေကိုတော့ ဆွဲမိုင်း/တိုက်မိုင်း/နင်းမိုင်း နှင့် remote မိုင်း တွေဆိုပြီးလုပ်ထားကြတာပါ။ စစ်ကောင်စီတပ်ဖွဲ့တွေ လာနိုင်မဲ့လမ်းတွေ/ ကျေးရွာချိတ်ဆက်လမ်းတွေကို အများအပြား မိုင်းတွေပြင်ဆင်ထားပါတယ်။ ပြည်သူတွေထိခိုက်မှု မရှိအောင်ကိုလည်း သေချာလေးပြင်ဆင်ထားပါတယ်။” ဟု People Revolution Armyက ထုတ်ပြန်သည်။ပြည်သူများအနေဖြင့် ည (၈) နာရီကနေ မနက် (၅) နာရီအထိ အပြင်ကို သွာ းလာခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန် သတိပေးချက်လည်း ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်

=======================

အောက်တိုဘာလ ၉ ရက်နေ့ ညပို်ငး စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ KBZ ဘဏ်အနီးတွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကသာPDF က တိုက်ခိုက်ရာ ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကသာ PDF တပ်ဖွဲ့က ထုတ်ပြန်သည်။

ဧရာ၀တီတိုင်း၊ ကျိုက်လတ်မြို့နယ်

=============================

ကျိုက်လတ် မြို့နယ်လျှပ်စစ်ရုံးတွင် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်နှင့် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ဗုံး ၂ လုံး​ပေါက်ကွဲကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်

============================

တန့်ဆည်မြို့လမ်းဆုံမှ မြောက်ဘက်သို့ ထွက်ခွာသွားသော ဆိုင်ကယ် ၂၄ စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် သစ္စေးကုန်းကျေးရွာ တာဝါတိုင်အနီး မိုင်းဖောက်ခွဲခံရပြီး ဆိုင်ကယ် ၁ စီး မြောက်တက်သွားကာ ၂ ဦး သေဆုံးသွားကြောင်း ကနဦး သ တင်းရရှိသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s