ရေစကြိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မုံရွာကနေ ပခုက္ကူကို ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရိက္ခာတင်ဆောင်လာတဲ့ ၃ စီးတွဲယာဉ်တန်းဟာ အမှတ် ၂၅၈ တပ်နဲ့ ကံသစ်ကျေးရွာအနီးမှာ အောက်တိုဘာ ၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “၃ စီးတွဲလာတာ ၁ စီးတော့ထိတယ်။ အရမ်းမထိခိုက်လို့လား မသိဘူး။ ၃ စီးလုံး မောင်းပြေးသွားကြတယ်” လို့ ပြောပြပါတယ်။

စစ်ကား ၃ စီး မိုင်းခွဲခံရပြီး မောင်းပြေးစဉ် ပတ်ဝန်းကျင်က ကျေးရွာတွေကို ရမ်းသန်းပစ်ခတ်ခဲ့တာတွေကြောင့် အိမ်တွေမှာ ကျည်ဆန်တွေထိမှန်ခဲ့ပြီး ပြည်သူထိမှန်တာ မကြားရသေးဘူးလို့ ဆိုပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YSO-PDF) က ဆွဲမိုင်း ၃ လုံးနဲ့လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၁ လုံးသာ ပေါက် ကွဲတဲ့အတွက် စစ်ကား ၁ စီးသာ ပျက်စီးသွားခဲ့ကြောင်း၊ နောက်နောင်အခွင့်သင့်သလို အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်တဲ့အထိ တိုက် ခိုက်သွားမယ်လို့ YSO-PDF တာဝန်ရှိသူက ပြောပါတယ်။

ရေစကြိုမြို့နယ်ဟာ ရပ်ကွက်ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးအားလုံးနီးပါး နုတ်ထွက်ထားတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s