လားရိူး -မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က ကုန်တင်ကားများကို စစ်ကောင်စီတပ် ချောဆွဲနေ

ရှမ်းပြည််နယ်မြောက်ပိုင်း၊ လားရိူး -မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ် သွားလာနေကြသော ကုန်တင်ကားများကို စစ်ကောင်စီတပ်သားများက တားဆီးကာ ၎င်းတို့အား အတင်းအဓမ္မ ပို့ဆောင်ရန် စေခိုင်းနေကြောင်း သိရသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက လားရိူး -မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ကားများကို ပစ်မှတ်ထားကာ အတင်း အဓမ္မပို့ဆောင်စေခိုင်းမှုများဖြစ်ပေါ်ခဲ့ပြီး ယခုရက်ပိုင်းတွင် အဓမ္မခိုင်းစေမှု ပိုမိုများပြားလာကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲရသည့် ယာဥ်မောင်းတစ်ဦးက ပြောသည်။ “အာဏာသိမ်း ကတည်းက အခုလို ခဏခဏဖြစ်တယ်။ သူတို့တောထဲကနေ ထွက်လာပြီဆိုရင် ကားတွေပဲ အတင်းတားပြီးတော့ လိုက်တယ်။ ဒီရက်ပိုင်းပိုများလာတယ်။

ဒီနေ့မနက်ပိုင်း ( ၉.၁၀.၂၀၂၁) ကဆိုရင် တာလုံနဲ့မှော်တောင်းကြား အယောက်သုံးဆယ်ကျော်လောက် ၁၂ ဘီးကားတစ်စီးနဲ့ အတင်းတောင်းလိုက်တယ် ” ဟု ဆိုသည်။

လားရိူး -မူဆယ်လမ်းပိုင်း၊ လားရိူး -သိန္နှလမ်းပိုင်းတို့တွင် ယခုကဲ့သို့ စစ်ကောင်စီတပ်သားများက ကားချောဆွဲမှုများ ဖြစ်ပေါ်နေပြီး ယာဥ်မောင်းများ အနေဖြင့် တိုက်ပွဲများကြား ပစ်ခတ်ခံရမည်ကို စိုးရိမ်နေကြသည်။ အာဏာသိမ်းစစ်တပ်သည် ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသတွင် ကိုးကန့် MNDAA တပ်နှင့် တိုက်ပွဲများဖြစ်ပွားနေပြီး သိန္နီ၊ ကွတ်ခိုင်၊ ကွမ်းလုံဒေသများတွ င်စစ်အင်အားများ ပိုမိုဖြည့်တင်းထားကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s