အိန္ဒိယက လှူဒါန်းသည့် COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်း ထပ်မံရောက်ရှိ

အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံကို လှူဒါန်းတဲ့ COVISHIELD အမှတ်တံဆိပ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်း ထပ်မံရောက်ရှိလာခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၉ ရက်ညပိုင်းက ရောက်ရှိလာခဲ့တဲ့ အဆိုပါ ကာကွယ်ဆေးတွေကိုတော့ ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး ဦး ဆောင်တဲ့အဖွဲ့က လက်ခံရယူခဲ့ပြီး ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း(Central Cold Room)မှာ အအေးလမ်းကြောင်းမပျက်သိုလှောင်ထားရှိမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ထိ ကာကွယ်ဆေးတွေရောက်ရှိလာမှုအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားတဲ့ COVISHIELD ၂ သန်း၊ Sinopharm ၁၄ သန်း၊ Sinovac ၂ သန်း စုစုပေါင်း ၁၈ သန်းရောက်ရှိပြီးဖြစ်ကာ တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေက လှူဒါန်းတဲ့ ကာကွယ်ဆေး ၆ သန်းကျော်ကိုလည်း လက်ခံရရှိပြီးဖြစ်တယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄၇၀,၀၀၀ ကျော်နဲ့ သေ ဆုံးသူ ၁၈,၀၀၀ ကျော်ထိ ရှိလာနေပြီလို့ အကြမ်း ဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြ ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက် အောက်ခံ တပ်မတော်ဆေးရုံတွေ အ များစု မှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၈ လ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံ ရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်ဟာ ၈ ဒသမ ၆၈ သန်းကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပေမယ့် ပြည်သူ တွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s