အိန္ဒိယနိုင်ငံသို့ အထောက်အထားအတုနှင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၄ဦး ဖမ်း ဆီးခံရ

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် အတွင်းသို့ အထောက်အထားအတုဖြင့် ၀င်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၄ ဦးကို ဖမ်းဆီးထားကြောင်း ဒေသတွင်း Lhangsam Media ရုပ်သံ သတင်းဌာနမှ အောက်တိုဘာ ၇ရက် ညပိုင်းသတင်းအစီစဉ်တွင်ကြေညာသွားသည်။ အောက်တိုဘာ ၆ရက်နေ့ ညနေ ၃နာရီခန့်တွင် မဏိပူရပြည်နယ် မိုးရေးမြို့မှ အထွက် ခူဒန်သာဘီ (Khudengthabi) စစ်ဆေးဂိတ်တွင် အာသံရိုင်ဖယ် အ မှတ်(၂၀) တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်း မြန်မာပြည်သားများသည် မိုးရေးမြို့ (Moreh) မှ ကီလိုမီတာ ၁၂၀ကျော် ကွာဝေးသည့် လန်မ်ကား(Lamka) သို့ အလုပ်လုပ်ကိုင်ရန် သွား‌နေကြခြင်းဖြစ်ကြောင်းသိရသည်။

အဖမ်းခံရသူများအား မိုးရေး ရဲစခန်းတွင်ချုပ်နှောင်ထားပြီး မည်ကဲ့သို့သော အမှုများဖြင့် တရားစွဲဆိုမည်ဆိုသည်ကို မသိရှိရ‌သေးပေ ။ အောက်တိုဘာ ၇ရက်နှင့် ၈ရက်နေ့ ညများတွင် လန်မ်ကား မြို့ရှိအလုပ်ရုံတချို့အား ရဲများက အရပ်ဝတ်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။ ဝင်ရောက်စစ်ဆေးမှုနှင့် ပတ်သက်၍ အဖမ်းခံရသူထဲမှ တစ်ဦးအား ရဲများက တစ်နေရာတွင် ဖမ်းဆီးခေါ်ဆောင်ထားပြီး အထောက်အထားအတုပြုလုပ်ပေးသူကို ဖမ်းဆီးနိုင်ရန် လိုက်လံရှာဖွေခြင်း ဖြစ်နိုင်ကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။

လွန်ခဲ့သော အောက်တိုဘာလ ၅ရက်နေ့ တွင်လည်း မဏိပူပြည်နယ် (Manipur )အင်ဖား( Impha) လေဆိပ်တွင် ဒေလီမြို့သို့သွားမည့် မြန် မာနိုင်ငံသား ၁၂ဦးသည် အလားတူအထောက်အထားအတု ကိုင်ဆောင်မှုဖြင့်ဖမ်းဆီးခံရပြီး တရားရင်ဆိုင်လျက်ရှိသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s