Monthly Archives: Oct 2021

တပတ်ခြားတခါရုံးချိန်းပေးရန် နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ်၏တင်ပြချက် စစ်ကောင်စီ တ ရားရုံး ပယ်ချ

ကျန်းမာရေးအခြေအနေကြောင့် တပတ်ခြားတခါမှ ရုံးချိန်းပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ တင်ပြချက်ကို စစ်ကောင်စီတရားရုံးက ဒီနေ့ အောက်တိုဘာ ၁၁ ရက်နေ့ ရုံးချိန်းမှာ  လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်စာရေးပြီးတင်တဲ့ တပတ်ခြားတခါ ရုံးချိန်းပေးဖို့ဟာကိုတော့ရုံးက သူနဂိုဆုံးဖြတ်ထားတဲ့ အတိုင်းတပတ်တခါပဲ စစ်ဆေးမယ်လို့ အမိန့်ချလိုက်ပါတယ်။ ဒီကနေ့က တော့ဒါပါပဲ။” လို့ နိုင်ငံ့ခေါင်းဆောင်ရဲ့ ရှေ့နေအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ရုံးချိန်းက မနက် ၁၁ နာရီလောက်မှာပြီးသွားပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်  ဆက်သွယ်ရေး ဥပဒေအရ စွဲထားတဲ့အမှု ဒီနေ့ စွဲချက်တင်သင့်မတင်သင့်အမိန့်ချဖို့ရှိပေမဲ့ မချဖြစ်ခဲ့ပါဘူး။

ဒီအအမှုကဆက်စပ်နေတဲ့အတွက်ကြောင့်ဆိုပြီး ပို့ကုန်သွင်းကုန်နဲ့စွဲတဲ့အမှုအတွက် စွဲချက် အမိန့် ကိုစောင့်ပြီးတော့မှ  တစ်ညီတည်းချမယ်လို့ တရားသူကြီးက အမိန့်ချလိုက်ပါတယ်။ 

ဒီနေ့တရားခွင်မှာ အမှုခေါ်တဲ့အခါမှာတော့ သမ္မတဦး၀င်းမြင့်ကို သဘာဝဘေးစီမံဥပဒေ ပုဒ်မ  ၂၅ နဲ့စွဲထားတဲ့  အမှုကိုစခေါ်ပြီး  ဦး၀င်းမြင့်ကိုစွဲချက်တင်တဲ့ အကြောင်း တရားသူကြီးက  အပြစ်ရှိသလားလို့ မေးရာမှာ သမ္မတ   ဦး၀င်းမြင့်က အပြစ်မရှိကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

“ပြောပြီးတော့ ပြန်ခေါ်သက်သေရှိသလားမေးတော့ ပြန်ခေါ်သက်သေ ရဲမှူးမြင့်နိုင်နဲ့ ဒုရဲအုပ် တစ် ယောက်ကိုပြန်ခေါ်ပါတယ်။ နောက်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘာဝဘေးစီမံ ဥပဒေပုဒ်မ  ၂၅  အဲ့ဒါကို ဒုတိယအနေနဲ့ ခေါ်ပြီးတော့ လည်းစွဲချက်တင်ပါတယ်။ အပြစ်မရှိဘူးလို့ပြောပါတယ်။ ခုနသက်သေနှစ် ယောက်ပါပဲ။  ရဲမှူးမြင့်နိုင်နဲ့ ဒုရဲအုပ်တစ်ယောက်ကိုပြန်ခေါ်ပါတယ်။” လို့ ရှေ့နေအဖွဲ့က ထုတ်ပြန်ပါတယ်။  

နောက်တတိယအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်  ပို့ကုန်သွင်းကုန်ဥပဒေနဲ့ စွဲထားတဲ့အမှုနဲ့ ပတ်သက်လို့ နောက်တိုးသက်သေတွေထပ်စစ်ပြီး လာမယ့်ရုံးချိန်းမှာ လျှောက်လဲချက်တင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။  

“အဲ့ဒီအမှုမှာ အရင်ရုံးချိန်းက အမိန့်ချသလို နောက်တိုးသက်သေခွင့်ပြုတယ်ဆိုတော့  တရားလိုဘက်က နောက်တိုး သက်သေ အနေနဲ့ ဆက်သွယ်ရေးက လက်ထောက်ညွန်ကြားရေးမှူး ဦးစည်သူအောင်ကို ခေါ်ပါတယ်။ ရုံးရှေ့လာထွက် ပါတယ်။ ဦးစည်သူအောင်ကတော့ သူက ဂျန်မာတစ်ခုအတွက်ပဲထွက်သွားပါတယ်။ ကျန်တဲ့ပစ္စည်းကိရိယာ တွေသူမသိဘူး။ ဂျန်မာတစ်ခုအတွက်ပဲ သူလာထွက်တာလို့ပြောသွားပါတယ်။  အဲ့တော့ ဒီအမှုက နောက်တိုး သက် သေလည်း ပြီးသွားပြီးဆိုတော့ ရှေ့အချိန်းမှာ စွဲချက် လျှောက်လဲချက်တင်ဖို့ တရားသူကြီး ကချိန်း လိုက်ပါတယ်။”လို့‌ရှေ့နေအဖွဲ့က ဆိုပါတယ်။

ဒီနေ့ရုံးချိန်းမှာ အရင်ရုံးချိန်းတွေလိုပဲ မနက် ၉ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပြီး ဒီနောက် သမ္မတ ဦးဝင်းမြင့်နဲ့ ဆက်တွေပြီး အမှုအကြောင်း ဆွေးနွေးခဲ့ကြကာ  အထူးအထွေ ဒေါ်အောင်ဆန်းစုကြည်ဘက်ကပြောကြားခဲ့တာ မရှိဘူးလို့ သိရပါတယ်။DVB

မုံးကိုးဒေသတွင် စစ်ကောင်စီတပ်နှင့် MNDAA တို့ နေရာအနှံ့ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်၊ မုံးကိုးဒေသဘက်ကို စစ်ကောင်စီတပ်တွေ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးကာ  အင်းအားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့်‌ နယ်မြေခံ MNDAA ကိုးကန့်တပ်တွေနဲ့ အောက်တိုဘာလဆန်းပိုင်းက စတင်ကာ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကိုးကန့်သတင်းဌာနက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၉ ရက် မနက် ၈ နာရီလောက်က မုံးကိုးမြို့မှ ပန်ဆေးဘက်ကို စစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ MNDAA တပ် မဟာ (၅)လက်အောက်ခံ အဖွဲ့ခွဲငယ်တို့တိုက်ပွဲ ၁၅ မိနစ်လောက်ဖြစ်ပြီး စစ်ကောင်စီတပ်တွေ မုံးကိုးကို ပြန်ဆုတ်သွားတယ် လို့ဆိုပါတယ်။ 

တဆက်တည်းမှာပဲ မနက် ၈ နာရီခွဲလောက်မှာ  စစ်ကောင်စီတပ်နဲ့ MNDAA တပ်မဟာ (၂၁၁) တို့ လားရှိုးမြို့နဲ့ သိန်းနီမြို့ အကြား ၁၄ မိုင်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကား(၁)စီးပျက်စီးသွားပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ တနေကုန်နီးပါး စစ်ကောင်စီတပ်တွေက ပန်ဆေးဒေသ လက်ဝါးကပ်တိုင်တောင်ရှိ MNDAA တပ်ဖွဲ့ရဲ့ ကာကင်းစခန်းကို (၆၀) မမ၊ (၈၁) မမ၊ (၁၀၀)မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ခြေလျင်ထိုးစစ်တော့ တက်မထိုးခဲ့ဘူးလို့ ကိုးကန့်သတင်းမှာရေးပါတယ်။

အောက်တိုဘာ ၇ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ (၅၁၇) တပ်ရင်းမှ တပ်သားတွေနဲ့ MNDAA တပ်မဟာ (၅၁၁) လက်အောက်ခံတပ်ဖွဲ့ခွဲတွေ  မုန်းဟုန်မှ ရှင်းကိုင်ကြားဒေသမှာ မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါနေ့ ညနေ ၅ နာရီ ၄၅ မိနစ်မှာလည်း ကြူကုတ် (ပန်ဆိုင်း)မြို့နဲ့ မုံးကိုးမြို့ကြားမှာရှိတဲ့ နမ့်ဟူးသံစက်ရုံမှာ တနာရီလောက် ကြာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဇူလိုင်လကစတင်ပြီး   မုံးကိုးဒေသနဲ့ ကြူကုတ်(ပန်ဆိုင်း)ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်  ဒေသခံပြည်သူလူထု  ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

နှစ်ဖက်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် အရာရှိစစ်သည် အများအပြား ထိခိုက်ဒဏ် ရာရကျဆုံးခဲ့တဲ့အပြင် စစ်သုံးပစ္စည်းနဲ့ လက်နက်ခဲယမ်းတွေကို MNDAA ကိုးကန့်တပ်က သိမ်းဆည်းရမိခဲ့ပါတယ်။DVB

မင်းကင်းမြို့နယ်တွင် တာဝါတိုင်ပေါ်ကင်း ပုန်း ၀ပ်နေသည့် စစ်သားကိုတူမီး သေ နတ်ဖြင့် ပစ်ချ၊ လူနေအိမ်များကို အကြမ်ဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးတွေ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ကျေးရွာမှာရှိတဲ့ ဖုန်းတာဝါတိုင်ပေါ်မှာ ကင်းပုန်း၀ပ်နေတဲ့ စစ်ကောင်စီတပ်သား (၁) ယောက်ကို မင်းကင်း PDF က တူမီးသေနတ်နဲ့ ပစ်ချခဲ့တယ်လို့ မင်းကင်း PDFက ထုတ်ပြန်လိုက်ပါတယ်။မြစ်ရိုးအောက်ဒေသ ကျောက်ခဲတက်ကျေး ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ကို အောက်တိုဘာလ (၁၀) ရက်နေ့က ၀င်ရောက်တိုက်ခိုက်ဖို့စီစဉ်ခဲ့ပေမယ့် ရာသီဥတုအခြေနေကြောင့် မတိုက်ခိုက်နိုင်ခဲ့ဘဲတာဝါတိုင်းပေါ် ကင်းပုန်း၀ပ်နေတဲ့ စစ်သား (၁) ယောက်ကိုတော့ ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကျောက်ခဲတက်ကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး ကောလဟာလသတင်းတွေထွက်ပေါ်နေတာကြောင့် မြေပြင်အခြေနေကိုစစ်ဆေးအတည်ပြုပြီး အခုလိုသတင်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ မင်းကင်းPDF က သိရပါတယ်။စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့တွေက ကျေးရွာတွေကို ရွာစဉ်ထိုး ဝင်​​ရောက်မွှေနှောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေ ပြု လုပ်နေပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၁၁ ရက်နေ့မှာလည်း စစ်ကောင်စီအကြမ်းဖက်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့တွေက လောင်ပြည့်ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်ပြီး လူနေအိမ် ၇ လုံးကို မီးရှိုဖျက်ဆီးခဲ့ပါတယ်။”ဒီနေ့မနက် လောင်းပြည်ရွာထဲက NLDပါတီဝင်လို့ ပြောတဲ့အိမ်တွေကို ဝင်မွှေတယ်။ ပြီးတော့မီးရှို့တယ်။ အိမ်သုံးပျဉ်တွေ၊ စက်လှေတွေပါယူသွားတယ်။”လို့လညဟု ဒေသခံတဦးက အတည်ပြုပြောဆိုထားပါတယ်။

တောင်တွင်းဒေသ၊ ကျောက်တန်းကျေးရွာရှိနေအိမ်တလုံးကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခံခဲ့ပါတယ်။ “မီးရှို့ခံရတဲ့အိမ်က ရိုးရိုးသားသား လုပ်ကိုင်စာသောက်နေတဲ့ သာမာန်ပြည်တွေပါပဲ။ ပစ္စည်းတွေပါ ယူသွာတယ်။”လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ဒါ့အပြင် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း မင်းကင်းမြို့နယ် ချင်း တွင်း မြစ်ရိုပျူစောထီးတွေ ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီအကြမ်းဖက်တပ်၊ ပျူစောထီးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က စနိုက်ပါသမားတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီအတွက် စစ်ကောင်စီအကြမ်းဖက်တပ်က လက်နက်ကြီးပစ်ခတ်တာတွေလည်း ရှိခဲ့ပါသေးတယ်။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အမြန်ဆုံးနှုတ်ထွက်ကြဖို့ မင်းကင်း PDF က ဒီကနေ့ ရက်စွဲနဲ့သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။အသိပေးတဲ့ကြားက နှုတ်ထွက်ခြင်းမရှိတဲ့ စစ်ကောင်စီခန့်အုပ်ချူပ်ရေးမှူးတွေအနေနဲ့ အသက်အန္တရာယ်နှင့် လုံခြုံရေးကို လုံးဝတာဝန်ယူမှာ မဟုတ်ကြောင်းနှင့် စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တဲ့ ထောက်တိုင်တွေ၊ သတင်းပေး သတင်းယူဒလန်တွေ၊ စစ်ကောင် စီကို ပံပိုးပေးနေတဲ့ အဖွဲ့အစည်း အသီးသီးက လူတွေအားလုံး ပြည်သူနဲ့ ပူးပေါင်းကြဖို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တော်တော်များများမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးတွေ၊ သတင်းပေးဒလန်လို့ စွပ်စွဲခံရသူတွေ၊ ပျူစောထီးလို့ ဆိုသူတွေ၊ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်တွေ နေ့စဉ်နီးပါး အသတ်ခံနေရတာလည်း ဖြစ်ပါတယ်။khit thit

မအူပင်မြို့တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်၊ ထိ ခိုက်ဒဏ်ရာရသူများရှိ

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး သုံးဦးရှိကြောင်း ဒေသခံများက သတင်း ပေးပို့လာသည်။မအူပင်မြို့၊ မြို့သစ် (၇)လမ်းတွင် ရှိသည့် အရက်ဆိုင်တစ်ဆိုင်ရှေ့တွင် ယနေ့အောက်တိုဘာလ ၁၁ ရက် မနက် ၈ နာရီကျော်က ဗုံးပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး နံနက် ၁၁ နာရီဝန်းကျင်တွင် မအူပင်မြို့ ကမ်းနားလမ်းရှိ ‌ငွေပဒေသာထီဆိုင်နှင့် အအေးဆိုင် ကြားတွင် ရပ်ထားသည့်ဆိုင်ကယ်မှ ပေါက်ကွဲမှုထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မြို့သစ် (၇)လမ်းပေါက်ကွဲမှုတွင် လူထိခိုက်ခြင်း မရှိဘဲ ကမ်းနားလမ်း ပေါက်ကွဲမှုတွင် လူသုံးဦးခန့် ထိခိုက်သွားကြောင်း ဒေသခံများထံက သိရသည်။ “မြို့သစ် (၇) လမ်းက အရက်ဆိုင်က စစ်သားနဲ့ရဲတွေအဝင်အထွက်ရှိပြီး သူတို့ကို အရက်တိုက်နေတဲ့ဆိုင်ပါ။ နောက်တစ်လုံးက စစ်ခွေးနဲ့ရဲတွေ ထိုင်နေကျ အအေးဆိုင်အနားမှာ ရပ်ထားတဲ့ဆိုင်ကယ်က ထပေါက်တာပါ။

ပေါက်တဲ့အသံက အကျယ်ကြီးပဲ။ လေးယောက်ထိတယ်လို့လည်း ကြားသိရတယ်။ ကျွန်တော်သိတာတော့ မိန်းကလေး နှစ်ယောက်နဲ့ ယော က်ျားလေး တစ်ယောက်ပဲ။ ဓာတ်ပုံထဲက လဲနေတဲ့ တစ်ယောက်ကတော့ ညာဘက်ခြေထောက်ထိတယ်။ သွေးတွေတော့ အများကြီးပဲ။ သေတော့မသေလောက်ဘူးထင်တယ်” ဟု ‌မအူပင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီတပ်သားများက မအူပင်မြို့ပေါ်ရှိ လမ်းတချို့တွင် ပိတ်ဆို့စစ်ဆေးခြင်းများ ပြုလုပ်နေပြီး ဒဏ်ရာရရှိသူများကို လူနာတင်ယာဉ်များဖြင့် မအူပင်ဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု ၎င်းက ဆိုသည်။မအူပင်မြို့တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ဗုံးပေါက်ကွဲမှု ရှစ်ကြိမ်ထက်မနည်းရှိခဲ့ပြီး အောက်တိုဘာလ ၇ ရက်‌က မအူပင်မြို့ ယာဉ်ထိန်းရဲကင်းရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ တင်းကျပ်နေကြောင်း သိရသည်။mizzima

စစ်ကောင်စီယာဉ်တန်းကို မုံရွာ-မန္တလေး လမ်းပေါ်တွင် CHU PDF မိုင်းခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ထွက်ခွာလာသော စစ်ကောင်စီ ယာဉ်တန်းကို ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာအကျော် မုံရွာ-မန္တလေး လမ်းပေါ်တွင် ချောင်းဦးမြို့နယ် ပြည့်သူ့ကာကွယ်ရေးတပ် (CHU PDF)မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့က ယနေ့ (အောက်တိုဘာ ၁၁ရက်) တွင် ထုတ်ပြန်လိုက်သည်။

ယနေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ရင်းဖြစ်သည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တပ်၏ ကားနှစ်စီး ထိခိုက်ကာ အကျအဆုံးများပြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းခွဲခံရပြီးနောက် ယာဉ်တန်းတစ်ခုလုံး ရပ်တန့်သွားပြီး လမ်းကြောပိတ်ဆို့ သွားကြောင်း ဒေသခံများထံက သိရသည်။ ချောင်းဦး PDF သည် အောက်တိုဘာ ၁၀ရက်ကလည်း မုံရွာ- မန္တလေး ကားလမ်းပေါ် ရှိ ဂွေးပင်တောကျေးရွာအနီးတွင် စစ်ကောင်စီ ယာဉ်တန်းအား မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်ခဲ့သေးသည်။mizzima

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို သ ဘာဝဘေးပုဒ်မဖြင့် စွဲချက်တင်

ကိုဗစ်ကာလအတွင်း မဲဆွယ်ယာဉ်တန်းကို ကြိုဆိုမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ သီးခြားစီ စွဲဆိုခံထားရသည့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပါ ပုဒ်မ ၂၅ အမှုများကို စွဲချက်တင်ရန် ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးကျော်ကျော်လွင်က ယနေ့ (အောက် တိုဘာ ၁၁) ဆုံးဖြတ်လိုက်သည်။

နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားခွင်၌ ထိုသို့ စွဲချက်မတင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ နှစ်ဦးစ လုံးက အပြစ်မရှိကြောင်း တရားသူကြီးထံ ပြောခဲ့ကြသည်ဟု ၎င်းတို့ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ငါးဦးပါ ရှေ့နေအဖွဲ့ထံမှ သိရသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါဘေးကြုံနေရချိန် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ စက်တင်ဘာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ထောက်ခံသည့် မဲဆွယ်ယာဉ်တန်းကို နေပြည်တော် သမ္မတအိမ်တော်အနီးတွင် ကြိုဆိုခဲ့မှုဖြင့် ပါတီခေါင်းဆောင်များဖြစ်သည့် ၎င်းတို့ကို စစ်ကောင်စီက အမှုဖွင့်ထားခြင်းဖြစ်သည်။

NLD အပြတ်အသတ်အနိုင်ရသည့် ထိုရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းခဲ့ပြီးနောက် နှစ်ပတ်ကျော် (ဖေ ဖော်ဝါရီ၁၆) အကြာကတည်းက ထောင်သုံးနှစ်အထိ ချနိုင်သည့် သဘာဝဘေးဥပဒေ ပုဒ်မ ၂၅ ဖြင့် ဇဗ္ဗူသီရိမြို့နယ်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို စတင်စစ်ဆေးသည်။

ထို့နောက် ရှစ်လခန့်အကြာ စွဲချက်တင်သည့် ယနေ့တွင် တရားသူကြီးက ဆုံးဖြတ်သကဲ့သို့ ရုံးချိန်းများကို နှစ်ပတ်တစ်ကြိမ်ရွှေ့၍ စစ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုကိုပါ တစ်ပါတည်းပယ်ချခဲ့သည်ဟု ၎င်း၏ ရှေ့နေအဖွဲ့က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက စွပ်စွဲထားသည့် အမှု ၁၁ မှုဖြင့် ရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအနက် ငါးမှုကို အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့များတွင် ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးကျော်ကျော်လွင်က သီးသန့်တရားရုံးသို့ လာရောက်စစ်ဆေးနေခြင်းဖြစ်သည်။

ထိုတရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ အထက်ပါ သဘာဝဘေးပုဒ်မဖြင့်ပင် အရပ်သားတစ်ဦးက စွဲဆိုထားသည့် နောက်ထပ်တစ်မှု၊ နေအိမ်၌ ဆက်သွယ်ရေးစက်များတွေ့မှုဖြင့် ပို့ကုန်သွင်းကုန်နှင့် ဆက်သွယ်ရေး ဥပဒေတို့ဖြင့် ဖွင့်ထားသည့် အမှုနှစ်မှုတို့ကိုလည်း စစ်ဆေးနေသည်။

ထို့အတူ ဖမ်းဆီးခံရပြီးမှ ပါတီက ထုတ်သည့် စာနှစ်စောင်ကို အကြောင်းပြု၍ နိုင်ငံမတည်ငြိမ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (ခ)ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးနေသည့် စွဲချက်တင်ပြီးအမှု တစ်ခုကိုလည်း တရားသူကြီး ဦးကျော်ကျော်လွင်ကပင် စစ်ဆေးနေသည်။

လာမည့်တစ်ပတ် တနင်္လာနေ့ရုံးချိန်း(အောက်တိုဘာ ၁၈) တွင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ဖြင့် စွဲဆိုခံထားရသည့် အမှုကို စွဲချက်တင်ရန် သင့်မသင့် တရားလိုနှင့် စွပ်စွဲခံရသူတို့ နှစ်ဖက်လျှောက်ထားရန်ရှိပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့် စွပ်စွဲခံရသည့် အမှုကို စွဲချက်တင်မတင် တရားသူကြီးက ဆုံးဖြတ်ရန်ရှိသည်။

ယနေ့တရားခွင်မတိုင်မီ နာရီဝက်ခန့် သီးသန့်တွေ့ခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်သည်ဟု ၎င်း၏ ရှေ့နေအဖွဲ့ထံမှ သိရသည်။myanmar now

ပဲခူးမြို့က ရာအိမ်မှူးအိမ်ဗုံးကွဲ ၄ဦး ဒဏ်ရာရ

ပဲခူးမြို့တွင် ဒလန်ဟုစွပ်စွဲခံရသူ ရာအိမ်မှူးတစ်ဦး၏နေအိမ်တွင် ယနေ့နံနက် က ဗုံးပေါက်ကွဲခဲ့ရာ ရာအိမ်မှူးအပါအဝင် မိသားစုဝင်လေးဦးဒဏ် ရာရသွားခဲ့ သည်ဟု ဒေသခံများကပြောသည်။

သရက်တော (၁) လမ်းရှိ ရာအိမ်မှူးကိုမောင်ဦးဆိုသူ၏ နေအိမ်တွင် နံနက် ၆ နာရီဝန်ကျင်တွင် ဗုံးပေါက်ကွဲမှုက ရာအိမ်မှူး၊ သူ၏ဇနီးနှင့် က လေးနှစ်ဦးကို ဒဏ်ရာရသွားစေသည်။“သူက လူစွာလေ နံမည်ကြီးပေါ့။ မောင်ဦးက လက်ထိတယ်။ သူ့မိန်းမက ပါးထိတယ်။ ကလေးနှစ်ယောက်ကခါးထိတယ်ဗျ ။ အခုတော့ ဆေးရုံကိုပို့လိုက် ပြီ”ဟု မြို့ခံတဦးကပြောသည်။mizzima

ယင်းမာပင်တွင် စစ်​ယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ ချင်းတွင်းတံတား (မုံရွာ) ယာယီပိတ်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ချင်းတွင်းတံတား (မုံရွာ) ကို စစ်ကောင်စီက ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဖိုလ်ဝင်​တောင်လမ်းခွဲနားမှာ ​အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းက စစ်​ကောင်စီယာဉ်တန်းကို ယင်းမာပင် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

​ဒီနေ့မနက် ၈ နာရီ​ကျော်​လောက်က ယင်းမာပင်ကနေ အ​ရှေ့ရပ်ကို​ မောင်းလာတဲ့ စစ်​ကောင်စီ ကားကြီး ၂ စီးနဲ့ ဆိုင်ကယ် ၁၅ စီးပါတဲ့ ယာဉ်တန်းကို ဖိုလ်ဝင်တောင်လမ်းခွဲအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀ လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရပြီး​နောက် စစ်​ကောင်စီ တပ်ဖွဲ့​တွေဟာ ​သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို တယ်ပင်ကန်​ကျေးရွာက ​နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

ဒီက​နေ့ မနက် ၁၁ နာရီခွဲ​ကျော်​လောက်ကလည်း မုံရွာ-ပုသိမ်၊ မုံရွာ-ယာကြီး-က​လေးဝ လမ်းဆုံ  အောင်​ဇေယျမြို့သစ်ရပ်ကွက်အနီးမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးဒဏ်ရာရမှုအခြေအနေကိုတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းကလုပ်​တယ်ဆိုတာ မသိရသေးဘဲ တိုက်ခိုက်ခံရပြီး​နောက် မုံရွာဘက်က​နေ စစ်​ကောင်စီတပ် ကား ၇ စီး​ရောက်ရှိ​နေသလို ချင်းတွင်းတံတား(မုံရွာ)ကိုလည်း ကူးသန်းခွင့် ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

ချင်းတွင်းတံတား(မုံရွာ)ကို မွန်းတည့် ၁၂ နာရီလောက်က ယာယီပိတ်လိုက်တာဖြစ်ပြီး မုံရွာကနေ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သွားလာနေတဲ့ ကား၊ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာခွင့်မရတော့ဘူးလို့ ဆိုင်ကယ်နဲ့ လှည့်ပြန်ခဲ့သူရတစ်ဦးက ပြောပါတယ်။

မုံရွာကို စျေးဝယ်လာတဲ့ ကုန်ကားမောင်သူတစ်ဦးကလည်း “အခု နေ့လယ် ကျနော်တို့က မုံရွာက ယင်းမာပင်ဘက်ကို ပြန်တယ်၊ တံတားရောက်တော့ အဲဒီစောင့်နေတဲ့ စစ်သားက အခုတံတားပိတ်လိုက်တယ်၊ ဖြတ်သန်းသွားလာလို့မရတော့ဘူး ပြောပြီးပြန်ခိုင်းနေတယ်” လို့ ပြောပါတယ်။

ချင်းတွင်းတံတားအနီးက ရွှေတောင်ဦးမှာလည်း စစ်ကောင်စီတပ်တွေက ရမ်းသမ်းပစ်ခတ်တွေ ပြုလုပ်ခဲ့ကြသလို ချင်းတွင်းတံတားကိုလည်း ဘယ်အချိန်ထိ ပိတ်မယ်ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ချင်းတွင်းတံတား (မုံရွာ) ဟာ ပုသိမ်-မုံရွာလမ်း၊ မုံရွာ-ယာကြီး- ကလေးဝလမ်း၊ မုံရွာ-ယင်းမာပင်-ပုလဲ-ဂန့်ဂေါလမ်းတွေနဲ့ ဆက်သွယ်ထားတဲ့ အဓိက တံတားတစင်းလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တို့မှာလည်း ဒီနေ့မနက်ပိုင်းက စစ်ကောင်စီ ယာဉ်တန်းတွေကို ဒေသခံ PDF တပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။DVB

မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ ထက်မနည်း ထိခိုက်သေဆုံးနိုင်ဟု ယင်းမာပင်-PDF ပြော

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်းဝင်းတောင်အနီးတွင် စစ်‌ကောင်စီ ယာဉ်တန်းကို ယင်းမာပင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် ( ယင်းမာပင်-PDF) မှ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ယင်းမာပင်- PDFတပ်ဖွဲ့ဝင်တစ်ဦးမှ သတင်းပေးပို့လာသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ဘက်မှ တတ်လာသည့် ဆိုင်ကယ် အစီး ၃၀ခန့်၊ ကားအသေး သုံးစီး၊ ကားအကြီး နှစ်စီးပါ စစ်ကောင်စီ ယာဉ်တန်းကို ယနေ့( အောက်တိုဘာ ၁၁ ရက် )နံနက် ၈ နာရီကျော်ခန့်တွင် ယင်းမာပင် – PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သူတို့ဘက်က လူဦးရေ ၃၀ ထက်မနည်း ထိခိုက်၊ သေဆုံးတာတွေရှိတယ်။ အဲဒါကြောင့် မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်ဘက်မှာ တပ်စွဲထားတဲ့ ယာဉ်တန်းကနေပြီး စစ်ကူတွေလွှတ်တဲ့အနေအထားရှိပါတယ် ” ဟု ယင်းမာပင်-PDFတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရိုးရိုးမိုင်း သုံးလုံး၊ ဆက်တိုက်ကွဲသည့်မိုင်း တစ်လုံးတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီးနောက် နံနက် ၉ နာရီကျော်အထိ နှစ်ဘက် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာဘက်သို့ စစ်ကူလာသည့်ယာဉ်တန်းကို စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်အနောက်ဘက် ကန့်ထောင့်လမ်းတွင် ပုလဲ-PDF က ထပ်မံ ကြားဖြတ်တိုက်ခဲ့ကြောင်းလည်း ယင်းမာပင်-PDF တာဝန်ရှိသူက ပြောသည်။

ပုလဲမြို့နယ်ဘက်မှ တိုက်ပွဲ အခြေအနေအသေးစိတ်ကို မသိရှိရသေးသော်လည်း ယင်းမာပင်-PDF ဘက်မှ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့‌ ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းအတွင်း အထိနာနေသည့် စစ်ကောင်စီတပ်သည် ရဟတ်ယာဉ်များအသုံးပြုကာ စစ်ကူများပို့ဆောင်နေပြီး အပြစ်မဲ့အရပ်သားများကို ဦးတည်တိုက်ခိုက်လာဖွယ်ရှိကြောင်း ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

ယနေ့ မုံရွာ- ကလေးဝ- တမူး ကားလမ်းနှင့် ရွှေတောင်ကုန်း အနောက်ဘက် ဘန့်ဘွေးကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်ဘက်မှ ပိတ် ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ယင်းမာပင်မြို့နယ်အပေါ်တွင် တိုက်လေယာဉ်တချို့ ပျံဝဲနေသည်ဟုလည်း ဒေသခံတစ်ဦးကပြောသည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မဇ္ဈိမမှဆက်လက်စုံစမ်းနေဆဲဖြစ်သည်mizzima

« Older Entries