ကွတ်ခိုင် ကျေးလက်လူထုများ စားဝတ်နေရေး အခက်ကြုံ

အပြင်ထွက် အလုပ်မလုပ်နိုင်သည့်အတွက် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်က ကျေးရွာပေါင်း ၂၀ ကျော် စားဝတ်နေရေးအတွက် အခက်အခဲ များ ရှိနေသည်ဟု ဒေသခံများနှင့် ၎င်းတို့အား ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။ကွတ်ခိုင်မြို့နယ်ထဲက ကျေးရွာအ သီးသီးက ဒေသခံရွာသားများသည် လက်ရှိနိုင်ငံရေးအခြေအနေ၊ ဒေသအတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် ကိုဗစ်-၁၉ ရော ဂါကူးစက်မှုများကြောင့် အပြင်ထွက် အလုပ်လုပ်၍ မရ သည့်အတွက် စားဝတ်နေရေးပိုမိုခက်ခဲလာရသည်ဟု ဒေသခံများက ပြောသည်။

မန်ယန်ကျေးရွာက ဒေသခံတစ်ဦးက “တခြားအခက်အခဲတော့ ရှိတာပါ။ ဝင်ငွေမရှိဘူးလေ။ ကလေးတွေလည်း အလုပ်မလုပ်နိုင်သေးဘူးလေ။ အခုလိုရောဂါလာပြီဆိုရင် ဘယ်မှသွားလို့မရဘူးလေ” ဟု ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်းရှိ မန်ယန်၊ မာန်အောင်စုစည်း၊ ကျောင်းပျဉ်၊ ပန်လုံ၊ ပန်ဆေး၊ မန်ပိန်း၊ ကောင်းလိန်၊ နားဝိုင်း၊ မန်လွယ်၊ ဖဝေါမ်တို့အပါ အဝင် အခြားသော ကျေးရွာပေါင်း ၂၀ ခန့် က ပြည်သူများသည် တစ်ရက် ထက်တစ်ရက် စားဝတ်နေရေး အခက်အခဲများရှိနေသည်ဟု မန်ယန်ကျေးရွာက ဒေသခံ ရွာသူအမျိုးသမီး တစ်ဦးက ဆက်ပြောသည်။“အခက်အခဲက အရင်ထက်စာရင်တော့ အများကြီးဖြစ်တာပေါ့။ အမျိုးသားက သူတစ်ယောက်ထဲ ရှာတာဆို သိပ်ပြီးမလောက်စားဘူးဖြစ်တာပေါ့။ အကြောက်ရဆုံးက ကွတ်ခိုင်စျေးပိတ်သွားမှာကို အရမ်းကြောက်တာ ပေါ့နော်။ စျေးဖွင့်နေသေးတယ်ဆိုရင်တော့ တစ်စျေးပြီးတစ်စျေး ဆားတွေ၊ ဟင်းချိုမှုန့်တွေ နည်းနည်းဝယ် စားလို့ ရသေးတယ်လေနော်။” ထိုသို့အခက်အခဲဖြစ်နေသည့် ကျေးရွာပေါင်း ၂၀ ခန့်က ဒေသခံ ရွာသူရွာသားများအတွက် “ကွတ်ခိုင်လူငယ် အဖွဲ့-Freelance” က စားသောက် ကုန်အချို့ကို တတ်နိုင်သမျှ သွားရောက်လှူဒါန်းပေးလျှက်ရှိသည်ဟု အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ကွတ်ခိုင်လူငယ် အဖွဲ့- Freelance က တာဝန်ရှိသူတစ်ဦး က “ကွတ်ခိုင်မြို့မှာ ရှိတဲ့ မန်ယန်ကျေးရွာမှာ လာပြီး တော့ အခြေခံစားသောက်ကုန်တွေကို လာပြီးတော့ လှူပေးတာဖြစ်ပါတယ်။ စားသောက်ကုန်တွေ အများကြီး အကူအညီလိုအပ်နေတယ်ဆိုပြီးတော့မှ ကျနော်တို့ Freelance အဖွဲ့ကို ဆက်သွယ်လာတယ်။ ဆက်သွယ်လာတဲ့ အခါကြတော့ ကျနော်တို့ Freelance ကလည်း ဒီအလှူရှင်တွေ အားလုံးဝိုင်းဝန်းပါဝင်ပေးထားတဲ့ အလှူငွေတွေ၊ ပစ္စည်းတွေကို ဝိုင်းဝန်းစုပြီးတော့မှာ ကျနော်တို့ ပေးလှူခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

Freelance ကွတ်ခိုင်လူငယ်အဖွဲ့က ဩဂုတ်လတတိယအပတ် မှစတင်၍ အောက်တိုဘာလ ပထမအပတ်ထိ ကွတ်ခိုင်မြို့နယ်ထဲက စားဝတ် နေရေး ခက်ခဲနေကြသည့် ကျေးရွာပေါင်း ၂၀ ကျော်ကို အခြေခံစားသောက်ကုန် များ သွားရောက်လှူဒါန်းပေးနေသည်ဟု သိရသည်။အောက် တိုဘာလ ၄ ရက်နေ့ကလည်း Freelance ကွတ်ခိုင်လူငယ်အဖွဲ့က ဖဝေါမ်နှင့် မန်လွယ်ကျေးရွာအတွင်းက ဒေသခံပြည်သူများအတွက် စားနပ် ရိက္ခာအချို့ကို သွားရောက်လှူဒါန်းပေးခဲ့သည်။

စက်တင်ဘာလ လကုန်ပိုင်းက ကွတ်ခိုင်မြို့နယ်အတွင်းရှိ မန်ယန်ကျေးရွာက အိမ်ထောင်မိသား စု ၂၅ စုအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ငါးခြောက် စသည့် စားသောက်ကုန်အချို့ကို ကွတ်ခိုင်လူငယ်အဖွဲ့ – Freelance က သွားရောက်ပေးလှူခဲ့ကြသည်။မန်ယန်ကျေးရွာက အသက် ၆၀ ကျော် အမျိုးသားတစ်ဦးက “အများကြီးကျေးဇူးတင် ပါတယ်။ အခုလို ဘယ်မှ လည်းသွားလို့မရ၊ ဆိုင်ကယ်စီးတောင် ခက်ခဲနေတဲ့အချိန် ဒီလိုလာထောက်ပံ့ပေးတာက အများကြီးကျေးဇူးတင် ပါ တယ်လို့ ပြောချင်ပါတယ်” ဟု ပြော သည်။

ကျေးတစ်ရွာလျှင် နှစ်ကြိမ်ခန့် စားသောက် ကုန်များကို သွားရောက်ကူညီနိုင်ခဲ့သည်ဟု Freelance ကွတ်ခိုင်လူငယ် အဖွဲ့က ပြောသည်။Freelance ကွတ်ခိုင်လူငယ်အဖွဲ့သည် နိုင်ငံရေးပတ်သက်သည့် အဖွဲ့အစည်းမဟုတ်သလို တစ်ဦးတစ်ယောက်က ဦးဆောင်မတည်ပြီးဖွဲ့စည်းထားသည့် မဟုတ်ပဲ ဒေသခံလူငယ်များ ပူးပေါင်း၍ ဖွဲ့စည်းပြီး ခက်ခဲနေသူများကို အကူအညီပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်သော်လည်းကောင်း၊ နိုင်ငံရေးအခက်အခဲများကြောင့် သော်လည်းကောင်း အမှန်တကယ် အကူအညီလိုအပ်နေသူများအနေဖြင့် ဖုန်းဆက်အကြောင်းကြားလာခြင်း၊ နီး စပ်ရာအသီးသီးမှ ဆက်သွယ်လာခြင်းများရှိပါက ရွာများအထိ အရောက် လိုအပ်နေသည်များကို အတတ်နိုင်ဆုံး သွားရောက်ကူညီပေးနေခြင်း ဖြစ်သည်ဟု Freelance ကွတ်ခိုင်လူငယ်အဖွဲ့ တာဝန်ရှိသူက ပြောသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s