စစ်တပ်ဆိုင်ကယ်ယာဉ်တန်းကို တန့်ဆည်TPC က မိုင်းဆွဲတိုက်ခိုက်၊ ခင်ဦးတွင် ပျူစောထီးတစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ သစ္စေးကုန်းကျေးရွာနဲ့ နဘတ်ကြီးကျေးရွာကြားက မိုင်တဲလ် တာဝါတိုင်အနီးမှာ အောက်တိုဘာ ၁၀ ရက် မ နက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်ရဲ့ ကင်းလှည့်  ဆိုင်ကယ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်ဟာ မနက် ၁၀ နာရီလောက်က ဆိုင်ကယ် ၂၄ စီး နဲ့ ၂ ယောက်တတွဲ စီးလာကြပြီး တန်ဆည်မြို့မြောက်ဘက်ကို ထွက်လာခဲ့တာဖြစ်ကာ သစ္စေးကုန်းတာဝါတိုင်နားအရောက်မှာ မိုင်းခွဲ ခံရတာလို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ဒီနေ့မနက် စစ်ကောင်စီတပ်တွေ ခြေရှုပ်တယ်။ ခြေလျင်ရော၊ ဆိုင်ကယ်တွေနဲ့ ရော၊ ကားတွေနဲ့ရော နေရာဖြန့်ပြီး ကင်းလှည့်တဲ့သဘော လုပ်နေတာ သစ္စေးကုန်းဘက်လှည့်တဲ့ ဆိုင်ကယ်ယာဉ်တန်းကတော့ မိုင်းမိလို့ ၂ ယောက်ကျတယ်လို့ ကြားတယ်” လို့  ပြောပါတယ်။

တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့(TPC)ကတော့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က ၂ ဦး ထိခိုက်ပြီး TPC ရဲဘော်တွေအနေနဲ့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ နှောကုန်းကျေးရွာမှာလည်း PDF တွေကို စိန်ခေါ်တဲ့ ပျူစောထီးတစ်ဦးကို အောက်တိုဘာလ ၁၀ ရက် နေ့လယ် ၂ နာရီလောက်မှာ ခင်ဦးတောကြီးမြွေဟောက်အဖွဲ့ (King Cobra) က သုတ်သင်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “သူကရွာထဲကို မင်းတို့ PDF တွေ -ီ-း နဲ့တောင် မထိုးလောက်ဘူး၊ မင်းတို့ PDF ဆိုတဲ့ကောင်တွေ ငါ့ဆီတပည့်လာခံလိုက်ကြ၊ မိုင်းဘယ်လို ထောင်ရမယ်ဆိုတာ ငါပြောပြမယ်၊ အဲလိုတွေ ရွာသားတွေကြားအောင် စိန်ခေါ်တယ်၊ ဒါကြောင့် အရှင်းခံရတာဖြစ်မယ်” လို့ ပြောပါတယ်။

သေဆုံးသူ နှောကုန်းရွာသား ကိုကရင် အသက် (၃၈) နှစ်ဟာ ပျူစောထီးသင်တန်းဆင်းထားသူဖြစ်ပြီး၊ အခြားကျေးရွာက ပျူစောထီးတွေကို လက်နက်သင်တန်းပြန်လည်ပို့ချနေတယ်လို့ နာမည်ကြီးနေသူဖြစ်ပါတယ်။

King Cobra-Khin U (တောကြီးမြွေဟောက်အဖွဲ့-ခင်ဦး) အနေနဲ့  ၃၂ ယောက်မြောက်သော  သုတ်သင် ရှင်းလင်းလိုက်တာလို့  သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s