ဇီးကုန်းမြို့ လုံခြုံရေးဂိတ်လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ရဲ ၂ ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ လုံခြုံရေးဂိတ်ကို အောက်တိုဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီကျော်အချိန်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲ ၂ ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများနှင့်ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီကျော်တွင် ဇီးကုန်းမြို့နယ်လုံခြုံရေးဂိတ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး ဗုံးပေါက် ကွဲမှုကြောင့် ရဲတပ်သား သင်္ကြန်အောင်သည် ပွဲချင်းပြီး သေဆုံးကာ ရဲတပ်သား ဝင်းမော်ဦးသည် ရရှိသော ဒဏ်ရာဖြင့် ယနေ့ နံနက်ပိုင်းတွင် သေဆုံးသွားကြောင်း သိရှိရသည်။

“အခုထက်ထိ တော့ ရဲ ၂ ဦးသေတာကတော့ အတည်ပြုလို့ရပါတယ်။ နောက် ထပ်ရဲ ၂ ဦးကလည်း ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အလားတူ ရဲဒုတပ်ကြပ် ပြည့်စုံအောင်နှင့်ရဲတပ်သား ဇေယျာဖြိုးတို့မှာ ဒဏ်ရာရရှိ၍ ဆေးရုံတင် ကုသနေရကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s