ထီးလင်းမြို့နယ်တွင် ပျူစောထီးအဖွဲ့ထံမှ တူ မီးသေနတ် အလက် ၂၀ သိမ်းဆည်းရမိ

မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်မှာ အောက်တိုဘာ ၁၀ ရက်နေ့မနက်ပိုင်းက ပျူစောထီးအဖွဲ့တွေဆီကနေ တူးမီးသေနတ် ၂၀ သိမ်း ဆည်းရမိပြီး ပျူစောထီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ထီးလင်း PDF တပ်ဖွဲ့ကနေ သိရပါတယ်။

ထီးလင်းမြို့နယ်မှာ ဒီကနေ့မနက် ၉ နာရီလောက်က ထီးလင်းရဲစခန်းကနေ ဇီးတောရွာကို ပျူစောထီးတွေ တူမီးသေနတ်တွေ သယ်လာတယ်လို့ ကြိုတင်သတင်းရတာကြောင့် ထီးလင်း PDF အဖွဲ့ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ယောက်သေဆုံးပြီးတော့ တူမီးသေနတ် အ လက် ၂၀ သိမ်းဆည်းရမိခဲ့တာလို့ ထီးလင်း PDF ခေါင်းဆောင်က ပြောပါတယ်။

အဲဒီတူးမီးသေနတ်တွေဟာ ယခင်က PDF တပ်ဖွဲ့တွေဆီကနေ သိမ်းဆည်းထားတာဖြစ်ပြီး ပျူစောထီးအဖွဲ့တွေကို ပြန်ထုတ်ပေးလို့ ဆိုင်ကယ် ၃စီး နဲ့ ပျူစောထီး ၄ ယောက်သယ်လာတဲ့အချိန် ထီးလင်း PDF တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ ထီးလင်းမြို့နယ်ထဲမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားကာ စစ်ကြောင်းတွေထိုးနေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ​ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s