ဒဏ်ရာရ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်များအား မဲသဝေါကျေးရွာသို့ ပြန်သယ်၊ ၉ ရက်နေ့တွင် တိုက်ပွဲ ၆ ကြိမ်ဖြစ်

ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ စစ်ရေးလှုပ်ရှားရာ ဖာပွန်ခရိုင်အတွင်းသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် BGF တချို့ မိုင်းနင်းမိပြီး ၃ ဦး ဒဏ်ရာရခဲ့ကာ အောက်တိုဘာလ ၁၀ ရက်တွင် အဆိုပါ ဒဏ်ရာရတပ်သားများအား မဲသဝေါကျေးရွာဘက်သို့ ပြန်သယ်သွားကြောင်း KNU သတင်းရင်းမြစ်မှ ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

အောက်တိုဘာလ ၉ ရက် တစ်ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီ၊ ကရင်နယ်ခြားစောင့် BGF ပူးပေါင်းတပ်ဖွဲ့နှင့် KNLA တပ်မဟာ ၅၊ တပ်မဟာ ၇ ပူးပေါင်းတပ်ဖွဲ့များကြား အောက်တိုဘာလ ၉ ရက် တစ်ရက်အတွင်း ဒွယ်လိုးမြို့နယ်အတွင်း ၁ ကြိမ်၊ မွဲထကျေးရွာအနီးတွင် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်မှ ညနေ ၆ နာရီ ၄၀ မိနစ်အတွင်း ၅ ကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ်မှ ၁ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရကြောင်း KNU သတင်းရင်းမြစ်ထံမှ သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s