ဖမ်းဆီခံမိဘတွေကို ကူညီဖို့ ပြည်တွင်းနဲ့ နိုင်ငံ တကာက လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို ဒေါက်တာအငြိမ်း အကူအညီတောင်း

ချင်းပြည်နယ်မှာ လက်ရှိ လူသားချင်းစာနာမှုအဆိုင်ရာအကူအညီတွေပေးနေတဲ့ ပရဟိတဆရာဝန် ဒေါက်တာအငြိမ်းက စစ်ကောင်စီရဲ့ဖမ်းဆီးခံထားရတဲ့ မိဘတွေအတွက် ကူညီပေးကြဖို့ ပြည်တွင်းနဲ့နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို သူရဲ့လူမှုကွန်ယက်စာမျက်နှာကနေတဆင့်တောင်းဆိုလိုက်ပါတယ်။

သူမရဲ့မိဘ ၂ဦးကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတာ ၁လနဲ့ ၁၇ရက်ရှိနေပြီလို့လည်းဆိုပါတယ်။သူမဆောင်ရွက်နေတဲ့ကိစ္စရပ်တွေဟာ မိဘတွေနဲ့ပက်သက်မှုမရှိသလို မိဘတွေအနေနဲ့သိရှိမှုလည်းမရှိဘူးလို့ ဒေါက်တာအငြိမ်းကဆိုပါတယ်။

လက်ရှိ မန္တလေးအိုးဘိုထောင်မှာထိန်းသိမ်းခံထားရတဲ့မိဘ ၂ဦးကို အာဏာသိမ်းစစ်ကောင်စီက ၅၀၅ ပုဒ်မနဲ့ တရားစွဲဆိုထားတယ်လို့လည်းဆိုပါတယ်။သူမရဲ့မိဘတွေကို မန္တလေးအိုးဘိုအကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားပြီး ကျန်းမာရေးမကောင်းတာတွေအပြင် အကူအညီမဲ့နေတာကြောင့် လူ့အခွင့် အရေးအဖွဲ့အစည်းတွေအနေနဲ့ ကူညီပေးကြဖို့ တောင်းဆိုတာလို့ဆိုပါတယ်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s