မင်းကင်းမြို့နယ်တွင် စစ်​ကောင်စီတပ်နှင့် ​ဒေသခံ PDF တို့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း က​လေးခရိုင် မင်းကင်းမြို့နယ် ​ချင်းတွင်းမြစ်ရိုး​အောက်ပိုင်း​ဒေသမှာ ဒေသခံ PDF အဖွဲ့နဲ့ စစ်​ကောင်စီတပ်ဖွဲ့တို့ ​အောက်တိုဘာ ၁၀ ရက်​နေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

​အောက်တိုဘာ ၁၀ ရက် ​မနက် ၁၁ နာရီ​လောက်က မင်းကင်းမြို့နယ် ​ကျောက်ခဲတက်​ကျေးရွာအနီးမှာရှိတဲ့ စစ်​ကောင်စီတပ်ဖွဲ့ကို ​ဒေသခံ PDF အဖွဲ့က သွား​ရောက်တိုက်ခိုက်ရာက​နေ ၃ နာရီလောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီဘက်က လက်နက်ကြီး​တွေနဲ့ အသုံးပြုပစ်ခတ်ခဲ့တယ်လို့ ဒေသခံ PDF ​ခေါင်း​ဆောင်တဦးက ​ပြောပါတယ်။ 

စစ်​ကောင်စီဘက်က စနိုက်ပါ ၁ ဦးအပါအဝင် ကျဆုံးမှု​တွေရှိ​ခဲ့ပြီး ကျဆုံးအ​ရေအတွက်အတိအကျ​ မသိ​ရသေးသလို ဒေသခံ PDF အဖွဲ့ဘက်က​တော့ ကျဆုံးမှု မရှိခဲ့ဘူးလို့ ​ဆိုပါတယ်။ 

ဒေသခံ PDF အဖွဲ့​​မှာ လက်လုပ်​သေနတ်(တူမီး)သာ ရှိ​တာ​ကြောင့် ​လက်နက်အကူအညီ လိုအပ်​နေတယ်လို့ PDF ​ခေါင်း​ဆောင်က ​ပြောပါတယ်။

မင်းကင်းမြို့နယ်မှာ စစ်​ကောင်စီတပ်​တွေနဲ့ ပျူ​စောထီးအဖွဲ့​တွေ​ရဲ့ ​မွှေ​နှောက်၊  ဖျက်ဆီး၊ ဖမ်းဆီးတာ​တွေ​ကြောင့် ​ကျေးရွာ​ပေါင်း ၃၀ ​ကျော်​လောက်က ပြည်သူ​တွေဟာ ​အိုးအိမ်စွန့်စွာထွက်​ပြေးတိမ်း​ရှောင်​နေကြရ​ပြီး အကူညီလိုအပ်​နေ​တယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ရိုး​အောက်​ပိုင်းဒေသ တောင်ဖြူရွာ၊ ပန်းဆက်ရွာ၊ ကျောက်ခဲတက်​ရွာ နဲ့ လောင်းပြည့်​ကျေးရွာ တို့မှာ စစ်​ကောင်စီတပ်​ဖွဲ့အင်အား ၅၀၀ ဝန်းကျင် တပ်စွဲထားတယ်လို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s