မင်းကင်းမြို့နယ်တွင် တာဝါတိုင်ပေါ်ကင်း ပုန်း ၀ပ်နေသည့် စစ်သားကိုတူမီး သေ နတ်ဖြင့် ပစ်ချ၊ လူနေအိမ်များကို အကြမ်ဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးတွေ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ကျေးရွာမှာရှိတဲ့ ဖုန်းတာဝါတိုင်ပေါ်မှာ ကင်းပုန်း၀ပ်နေတဲ့ စစ်ကောင်စီတပ်သား (၁) ယောက်ကို မင်းကင်း PDF က တူမီးသေနတ်နဲ့ ပစ်ချခဲ့တယ်လို့ မင်းကင်း PDFက ထုတ်ပြန်လိုက်ပါတယ်။မြစ်ရိုးအောက်ဒေသ ကျောက်ခဲတက်ကျေး ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ကို အောက်တိုဘာလ (၁၀) ရက်နေ့က ၀င်ရောက်တိုက်ခိုက်ဖို့စီစဉ်ခဲ့ပေမယ့် ရာသီဥတုအခြေနေကြောင့် မတိုက်ခိုက်နိုင်ခဲ့ဘဲတာဝါတိုင်းပေါ် ကင်းပုန်း၀ပ်နေတဲ့ စစ်သား (၁) ယောက်ကိုတော့ ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ကျောက်ခဲတက်ကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး ကောလဟာလသတင်းတွေထွက်ပေါ်နေတာကြောင့် မြေပြင်အခြေနေကိုစစ်ဆေးအတည်ပြုပြီး အခုလိုသတင်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ မင်းကင်းPDF က သိရပါတယ်။စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့တွေက ကျေးရွာတွေကို ရွာစဉ်ထိုး ဝင်ရောက်မွှေနှောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေ ပြု လုပ်နေပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၁၁ ရက်နေ့မှာလည်း စစ်ကောင်စီအကြမ်းဖက်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့တွေက လောင်ပြည့်ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်ပြီး လူနေအိမ် ၇ လုံးကို မီးရှိုဖျက်ဆီးခဲ့ပါတယ်။”ဒီနေ့မနက် လောင်းပြည်ရွာထဲက NLDပါတီဝင်လို့ ပြောတဲ့အိမ်တွေကို ဝင်မွှေတယ်။ ပြီးတော့မီးရှို့တယ်။ အိမ်သုံးပျဉ်တွေ၊ စက်လှေတွေပါယူသွားတယ်။”လို့လညဟု ဒေသခံတဦးက အတည်ပြုပြောဆိုထားပါတယ်။
တောင်တွင်းဒေသ၊ ကျောက်တန်းကျေးရွာရှိနေအိမ်တလုံးကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခံခဲ့ပါတယ်။ “မီးရှို့ခံရတဲ့အိမ်က ရိုးရိုးသားသား လုပ်ကိုင်စာသောက်နေတဲ့ သာမာန်ပြည်တွေပါပဲ။ ပစ္စည်းတွေပါ ယူသွာတယ်။”လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ဒါ့အပြင် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း မင်းကင်းမြို့နယ် ချင်း တွင်း မြစ်ရိုပျူစောထီးတွေ ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီအကြမ်းဖက်တပ်၊ ပျူစောထီးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က စနိုက်ပါသမားတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီအတွက် စစ်ကောင်စီအကြမ်းဖက်တပ်က လက်နက်ကြီးပစ်ခတ်တာတွေလည်း ရှိခဲ့ပါသေးတယ်။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အမြန်ဆုံးနှုတ်ထွက်ကြဖို့ မင်းကင်း PDF က ဒီကနေ့ ရက်စွဲနဲ့သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။အသိပေးတဲ့ကြားက နှုတ်ထွက်ခြင်းမရှိတဲ့ စစ်ကောင်စီခန့်အုပ်ချူပ်ရေးမှူးတွေအနေနဲ့ အသက်အန္တရာယ်နှင့် လုံခြုံရေးကို လုံးဝတာဝန်ယူမှာ မဟုတ်ကြောင်းနှင့် စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တဲ့ ထောက်တိုင်တွေ၊ သတင်းပေး သတင်းယူဒလန်တွေ၊ စစ်ကောင် စီကို ပံပိုးပေးနေတဲ့ အဖွဲ့အစည်း အသီးသီးက လူတွေအားလုံး ပြည်သူနဲ့ ပူးပေါင်းကြဖို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တော်တော်များများမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးတွေ၊ သတင်းပေးဒလန်လို့ စွပ်စွဲခံရသူတွေ၊ ပျူစောထီးလို့ ဆိုသူတွေ၊ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်တွေ နေ့စဉ်နီးပါး အသတ်ခံနေရတာလည်း ဖြစ်ပါတယ်။khit thit