မလှိုင်မြို့နယ် စစ်ကောင်စီဥက္ကဋ္ဌ ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ  အောက်တိုဘာ ၁၁ ရက်မနက်ပိုင်းက သေနတ်နဲ့ ပစ်ခံရလို့  မြို့နယ် စစ်ကောင်စီ  ဥက္ကဋ္ဌ  ဦးကျော်ငြိမ်း သေဆုံးသွားပြီး တခြားလူ ၂ ယောက် ဒဏ်ရာရ သွားပါတယ်။

မြို့နယ်ထွေ/အုပ်ရုံးနား မုန့်ဟင်းခါးဆိုင်မှာ မြို့နယ်စီကောင်စီ ဥက္ကဋ္ဌ ကျော်ငြိမ်းနဲ့အဖွဲ့ ထိုင်နေချိန် အမည်မသိသေနတ်သမားက လာရောက်ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက် ၈ နာရီလောက်က သေနတ်မှန်ပြီး ဥက္ကဋ္ဌကျော်ငြိမ်း  သေတယ်။ ကြံ့ခိုင်ရေးပါတီက တစ်ယောက်ရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးရယ် သေနတ်မှန်ပြီး ဒဏ်ရာရတယ်”လို့ ဒေသခံက ပြောပါတယ်။

ဥက္ကဋ္ဌ ကျော်ငြိမ်းဟာ သေနတ် ၉ ချက် ထိမှန်သေဆုံးခဲ့ပြီး ကျန် ၂ ဦးကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့လည်း သိရပါတယ်။

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့တွင်း လုံခြုံရေး တင်းကျပ် စစ်ဆေးနေပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s