မြစ်ကြီးနားမြို့တွင် သမီးအရင်းက ဖခင်တစ်ဦးကို စွန့်ပစ်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ဆွမ်ဘရာဘွမ်လမ်းမဘေးမှာ လေဖြန်းနေတဲ့ ဖခင်ကို သမီးအရင်းဖြစ်သူက စွန့်ပစ်သွားခဲ့တယ်လို့ မျက်မြင်တွေ့ရသူ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။

“လာပစ်ထားတာ ၅ ရက်လောက်ရှိပါပြီ။ အဘိုးကြည့်ရတာ လေဖြန်း ရောဂါ‌ရှိနေပြီးတော့ မျက်စိမှာလည်း ဒဏ်ရာရထားပါတယ်။ မျက်စိဒဏ် ရာက လာပစ်ထားတဲ့အချိန် ဆိုင်ကယ်မှောက်ထားလို့ရတဲ့ ဒဏ်ရာပါ။ သူ့သမီးနဲ့ တခြား အမျိုးသမီးတစ်ယောက်က လာပစ်သွားတာပါ။ စ ကား‌တော့ သိပ်မပြောနိုင်‌ပေမဲ့ ပြောသမျှအကုန်နားလည်နေပါတယ်။ အဘိုးက ရန်ကြီးအောင်ရပ်ကွက်မှာ နေပါတယ်လို့ ငိုပြီး ပြောပြပါတယ်။ လူမှုကူညီရေး အသင်းအဖွဲ့တွေကနေတဆင့် ဘိုးဘွားရိပ်သာကို ပို့ပေးလို့ရရင် သိပ်ကောင်းမှာပဲ” လို့ ပြောပါတယ်။

စစ်‌ကောင်စီက အာဏာသိမ်းပြီး‌နောက်ပိုင်း မြစ်ကြီးနားမြို့မှာ နိုင်ငံရေးနဲ့ ကိုဗစ်ကြောင့် စီးပွားရေး အဆင်မပြေမှုတွေများစွာ ပေါ်ပေါက်‌နေတဲ့အတွက် ဒေသခံပြည်သူတွေ စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s