KNU တပ်မဟာ ၅ နယ်မြေတွင် ၃ ရက်အ တွင်း တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီနှင့် BGF မှ ၈ ဦး သေဆုံးကာ ၂၇ ဦး ဒဏ်ရာရ၊ ကမမောင်းဆေးရုံတွင်ကလေးမီးဖွားရန် ကိုယ် ဝန်ဆောင်မိခင် လိုက်ပါလာသော စက်လှေအား BGF မှ ပစ်ခတ်

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်အတွင်း အောက်တိုဘာလ ၇၊ ၈၊ ၉ ရက်များတွင် အကြမ်းဖက်စစ်ကောင်စီ၊ လက်အောက်ခံ BGF တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် လက်ပါးစေ ကရင်နယ်ခြေားစောင့်တပ်ဘက်မှ တပ်ခွဲမှူး၊ ဒု-တပ်ခွဲမှူးအပါအဝင် ၈ ဦး သေဆုံးကာ ၂၇ ဦး ဒဏ်ရာရကြောင်း KNU မူတြော်ခရိုင်မှ သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၇ ရက်တွင် ဘူးသိုမြို့နယ်၊ ဖောထီးခူကျေးရွာရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ရွာခံလက်သည်ဖြင့် ကလေးမီးဖွားရန် အ ခက်အခဲရှိသဖြင့် ဆေးရုံတွင် မွေးဖွားရန် ကမမောင်းသို့ စက်လှေဖြင့် လာရောက်စဉ် စစ်ကောင်စီလက်ပါးစေ BGF တပ်ရင်း ၁၀၁၄ တပ် ရင်းမှူး မောင်ချစ်ဦး ဦးဆောင်သောအဖွဲ့မှ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခြောက်လှန့်သဖြင့် အဆိုပါ စက်လှေမှာ နောက်ပြန်လှည့်သွားရကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၉ ရက်တွင် ဖာပွန် (မူတြော်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးခေါ်ထိကျေးရွာအုပ်စုအတွင်း KNLA တပ်မဟာ ၅၊ တပ်မဟာ ၇ ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အောက်တိုဘာလ ၈ ရက်တွင် အကြမ်းဖက်စစ်ကောင်စီ စကခ ၈၊ ခမရ ၄၀၆ တပ်ရင်းမှ ဒူးပြယ်ကျိုးကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ၁၀ ကြိမ် ပစ်ခတ်ခဲ့ပြီး ဒေသခံရွာသားများ ပုန်းအောင်းနေရကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။အောက်တိုဘာလ ၇ ရက်တွင် ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စု၊ ထွီသီးအူကျေးရွာနှင့် တောင်သုံးလုံးကျေးရွာအနီးတွင် ၁ ကြိမ်၊ မိုင်တိုင် ၄၀ နှင့် ဘောကျိုထာကျေးရွာကြားတွင် ၁ ကြိမ်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲ ၂ ကြိမ်တွင် စစ်ကောင်စီနှင့် လက်ပါးစေ BGF ဘက်မှ ၇ ဦး သေဆုံးကာ ၂၀ ဦးခန့် ဒဏ်ရာရကြောင်း KNU မူတြော်သတင်းစဉ်မှ ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း ထိုးစစ်ဆင်ဝင်ရောက်နေသော စစ်ကောင်စီတပ်များနှင့် လက်ပါးစေ BGF တပ်ဖွဲ့များသည် အများပြည်သူနေထိုင်သော ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များ အဓမ္မ လုယူခြင်း၊ အခမဲ့ လုပ်အားပေးခိုင်းစေခြင်းများ ပြုလုပ်နေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s