Monthly Archives: Oct 2021

စစ်ကောင်စီနှင့် ပူးပေါင်းလိုက်သည့် ရွေး ကောက်ခံ NLD အမတ်များ

နိုင်ငံအနှံ့မှ အာဏာသိမ်းမှု ဆန့်ကျင်သူများ၊ ၂၀၂၀ ရွေးကောက်ပွဲနိုင် အမတ်များထဲတွင် ဖမ်းဆီးခံနေရ၊ တိမ်းရှောင်နေရသူ အများအပြားရှိသော်လည်း ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သည့် ဦးစိန်လွင်မှာ နေအိမ်တွင်သာ ရှိနေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အမတ်တစ်ဦးဖြစ်သည့် အသက် ၈၂ နှစ်အရွယ် ဦးစိန်လွင်က အာဏာသိမ်းမှုဆန့်ကျင်သည့် လုပ်ငန်းများ၊ လှုပ်ရှားမှုများနှင့် ပတ်သက်မှု မရှိကြောင်း ရေးသားထားသည့် ခံဝန်ချက်ကို ကျုံပျော်မြို့နယ် စစ်ကောင်စီဝင်များ ရှေ့မှောက်တွင် လက် မှတ်ထိုးထားသည်ဟု Myanmar Now ကို ပြောသည်။

“ရေးထားတာတွေကတော့ ကျွန်တော်တို့နဲ့ လုပ်ငန်းပတ်သက်တာ၊ လုံးဝမရှိဘူးဆိုတဲ့အကြောင်း စာမှာ ရေးထားတယ်လေ။ ကျွန်တော်တို့ကို (ပါတီက) ဘာတာဝန်မှ မပေးဘူးဆိုတဲ့အကြောင်း အဲ့ဒါတွေကို ဖတ်ပြပြီးတော့ ကျွန်တော်တို့ လက်မှတ်ထိုးရတာပါ”ဟု ၂၀၂၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းလွှတ်တော် ကျုံပျော်မဲဆန္ဒနယ် အမှတ် ၁ မှ မဲပေးသူတို့၏ ထောက်ခံမဲ အများဆုံးရခဲ့သူ ဦးစိန်လွင်က စက်တင်ဘာလနှောင်းပိုင်းတွင် ပြောသည်။

ရွေးကောက်ပွဲမဲစာရင်းအကြောင်းပြပြီး အာဏာသိမ်းကာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီအုပ်ချုပ်မှုအောက်တွင် ဦးစိန်လွင်တို့တွင် ရွေးချယ်စရာ များစွာမရှိပေ။

လုံခြုံစိတ်ချရသည့် နေရာတစ်ခုသို့ တိမ်းရှောင်ခြင်း၊ လာရောက်ဖမ်းဆီးသူတို့ကို နေအိမ်မှ စောင့်ဆိုင်းခြင်း၊ စစ်ကောင်စီနှင့် ပူးပေါင်းဆောင် ရွက်ခြင်းဟူသည့် နည်းလမ်းသုံးခုသာ ရှိသည်။ ဦးစိန်လွင်နှင့် တချို့သော နိုင်ငံရေးသမားတို့က နောက်ဆုံးနည်းလမ်းကို ရွေးချယ်လိုက်ကြရာ အများစုမှာ စစ်ကောင်စီတပ်သားတို့၏ အန္တရာယ်မှ ကင်းလွတ်နေကြသော်လည်း ရှုတ်ချပြစ်တင်မှုနှင့် ရင်ဆိုင်နေကြရသည်။ 

စစ်ကောင်စီရှေ့ ခံဝန်ထိုးခြင်း

ငြိမ်းချမ်းစွာ အာဏာဖီဆန်မှု၊ လက်နက်ကိုင်ခုခံသူတို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးသတ်ဖြတ်မှု၊ အိမ်မီးရှို့မှုတို့ဖြင့် တုံ့ပြန်နေသော်လည်း ကျုံပျော်မြို့နယ်အတွင်း၌ ထိုသို့ပြုမူခံရခြင်းမရှိပေ။

“ကျွန်တော်တို့ မလုပ်ဘူးပေါ့နော်။ လုပ်ရင် တစ်ဘက်ကလည်း လှုပ်မယ်။ ကျွန်တော်တို့ ငြိမ်နေရင် သူတို့လည်း ငြိမ်တယ်။ အဲ့ဒီသဘောလေးရှိတယ်။ သူတို့ဘက်ကလည်း သိပ်ပြီးတော့ မဖိနှိပ်ဘူး။ ကျွန်တော်တို့ဘက်ကလည်း သိပ်ပြီးတော့ ဆန္ဒတွေ မစောဘူး”ဟု ဦးစိန်လွင်က ပြော သည်။ 

“အဓိကကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုလည်းရှိတယ်။ နောက်တစ်ခုက ကိုယ့်မြို့ကိုယ့်ရွာရဲ့ တိုးတက်ရာတိုးတက်ကြောင်းတွေလည်း ပိတ်သွားမှာစိုးတယ်။ ဒါပေမဲ့ လူငယ်တွေအနေအထားကတော့ စိတ်ဓာတ်ကတော့ရှိတယ်။ ၈၀ ရာခိုင်နှုန်းလောက်က စိတ်ဓာတ်တွေ ပြင်းထန်တယ်။ ကျွန်တော်တို့ လူကြီးပိုင်းတွေက ထိန်းသိမ်းပြီး ဖျောင်းဖျနေရတဲ့ အပိုင်းတွေရှိတယ်”  

မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ၅ ဦးရှေ့တွင် တိုင်းလွှတ်တော် ကျုံပျော် ၂ အမတ် ဦးမျိုးသန့်လည်း လက်မှတ်ထိုးခဲ့သည်၊ ပြည်သူ့လွှတ်တော်အ မတ် ဦးစိုးအောင်နိုင်အတွက်မူ ၎င်း၏ ဇနီးဖြစ်သူက တာဝန်ယူလက်မှတ်ထိုးခဲ့သည်ဟု ဦးစိန်လွင်ကပြောသည်။ 

Myanmar Now က ဦးမျိုးသန့်ကို ဆက်သွယ်မေးမြန်းရာ လက်မှတ်ထိုးထားကြောင်း အတည်ပြုသည်။

ကျုံပျော်မဲဆန္ဒနယ်မှ အမတ်  ၄ ဦးအနက်  အမျိုးသားလွှတ်တော် ကိုယ်စားလှယ်  အသက် ၈၀ အရွယ် မန်းဂျော်နီသာလျှင် စစ်ကောင်စီထံတွင် လက်မှတ်ထိုးထားခြင်းမရှိသည့် တစ်ဦးတည်းသော အမတ် ဖြစ်နေသည်။ ကရင်တိုင်းရင်းသား မန်းဂျော်နီသည် NLD အစိုးရ အစောပိုင်းနှစ်များတွင် ဧရာ၀တီတိုင်းအစိုးရ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။ မကြာသေးခင်က အင်တာနက်တွင် ပေါ်လာသော ဓာတ်ပုံတချို့တွင် အသက် ၈၀ အရွယ် မန်းဂျော်နီက ပြောက်ကျားယူနီဖောင်း ၀တ်ပြီး သေနတ်ကိုင်ထားသဖြင့် တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်နယ်မြေတစ်ခုတွင် ရောက်ရှိနေသည်ဟု အများက ယူဆနေကြသည်။ 

သူ၏ မဲဆန္ဒနယ်တွင်မူ ထူးခြားသည့် အခြေအနေများ ဖြစ်ပေါ်နေသည်။

ပါတီရန်ပုံငွေ၊ ပါတီဝင်များ၏ အလှူငွေ ကျပ်သိန်း ၅၈၀ အကုန်ကျခံတည်ဆောက်ထားသည့်  ၄၅ ပေ ပတ်လည် နှစ်ထပ်ရုံးအဆောက်အအုံကို  စစ်ကောင်စီ အသုံးပြုရန် ခွင့်ပြုထားသည်ဟု ဦးစိန်လွင်က ပြောသည်။

၎င်းတို့ကို လက်မှတ်မထိုးခိုင်းမီရက်ပိုင်းအလိုတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ပုံ၊  ပါတီအလံတို့ကို ဖြုတ်ချခံလိုက်ရသည်။

“ရုံးမှာ အရင်တုန်းကတော့ အဖွဲ့ချုပ်အလံ တင်ထားတယ်။ ဒေါ်စုပုံနှစ်ပုံကို ဆင်ဝင်မှာ ဘယ်ညာမှာ ဗီနိုင်းနှစ်ချပ်ထောင်ထားတယ်။ အဲ့ဒါကို  တိုင်းမှူးက အဲ့ဒါတွေဖြုတ်ခိုင်းလို့ဆိုလား မြို့နယ်မှူးကတော့ လာဖြုတ်တယ်။ ကျွန်တော်တို့က ခွင့်ပြုလိုက်ပါတယ်။ စောဒကလည်းမတက်ဘူး။ သူတို့အနေနဲ့ ကြည့်ရတာ သိပ်အဆင်မပြေလို့ထင်တယ်။ အဲ့ဒါလေးဖြုတ်ပေးပါဆိုတော့ ကိုယ့်ဟာကိုယ် ဖြုတ် ဆိုတော့ မြို့နယ်မှူးနဲ့ စခန်းမှူးအဖွဲ့က သူ့တို့ဟာသူတို့ တက်ဖြုတ်ကြတာ”ဟု ဦးစိန်လွင်က ပြောသည်။

ဦးစိန်လွင်က စစ်ကောင်စီထံတွင် လက်မှတ်ထိုးထားသော်လည်း Facebook တွင်မူ  စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ဆက်စပ်သည်များကို ရံဖန်ရံခါ မျှ၀ေနေသည်။ 

သစ္စာခံမှု

 မတရားအသင်းအဖြစ်ကြေညာခံထားရသည့် CRPH, အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စသည့်အဖွဲ့များနှင့် မပတ်သက်ကြောင်း အမတ်များ လက်မှတ်ထိုးကြရန်   ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၁ မေ ၂၄ တွင် စာထုတ်ခဲ့သည်။

  ဇွန် ၁၀ တွင် NLD ကလည်း စစ်ကောင်စီသာလျှင် တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည်ဟု  စာထုတ်ပြန်ခဲ့သည်

“CRPH, NUG, PDF တို့တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဖိအားပေးခြိမ်းခြောက် အတင်းအဓမ္မ ခံဝန်ကတိ လက်မှတ်ရေးထိုး ခိုင်းခြင်းများသည် လုံးဝ တရားမဝင်ပါကြောင်း နှင့် လိုက်နာဆောင်ရွက်ရန် လုံးဝ မလိုအပ်ပါ”ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

 ရန်ကုန်တိုင်း  ရွှေပြည်သာမှ တိုင်းလွှတ်တော် အမတ်တစ်ဦးသည် စစ်မှုထမ်းဟောင်းကတ် လည်မှာဆွဲ၍ ရပ်ကွက်အတွင်းသွားလာကာ နေ အိမ်များမှ NLD ပါတီအလံများကိုပင် လိုက်လံဖြုတ်ခိုင်းခဲ့ကြောင်း ထိုမဲဆန္ဒနယ်မှ အမျိုးသမီးမဲဆန္ဒရှင်တစ်ဦးက Myanmar Now ကို ပြော သည်။

အဆိုပါ အမတ် အပါအဝင် စစ်ကောင်စီထံတွင် ခံ၀န်လက်မှတ်ထိုးထားသူ အမတ် ၃၀ ထက်မနည်းကို  Myanmar Now က  ဆက်သွယ်မေး မြန်းခဲ့သော်လည်း  မှတ်ချက်ပေးရန် ငြင်းဆိုခြင်း၊  ဖုန်းပိတ်ထားခြင်းတို့နှင့်သာ ကြုံရသည်။

နိုင်ငံအကျပ်အတည်းကြုံရချိန်  ကိုယ်လွတ်ရုန်းသူတို့မှာ  အချောင်သမားများသာဖြစ်ကြောင်း CRPH  အတွင်းရေးမှူး အဖွဲ့ဝင်ဦးထွန်းမြင့်က မှတ်ချက်ပြုသည်။

“ပြည်သူတွေပေးထားတဲ့ မဲဆန္ဒကိုမလေးစားတဲ့အပြင် စကစ (စစ်ကောင်စီ) စေခိုင်းတဲ့အတိုင်း လိုက်လုပ်နေတဲ့ လွတ်တော်ကိုယ်စားလှယ်တွေကတော့ ပြတ်ပြတ်သားသားပြောရရင်တော့ ဒါ ပြည်သူ့သစ္စာဖောက်တွေပဲ”ဟု ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လည်း ဖြစ်သည့်  ဦးထွန်းမြင့်က ပြောသည်။

“တချို့ကလည်း ကျန်းမာရေးကို ဗန်းပြပြီးတော့ ဆိုင်းထိုးတာရှိတာပေါ့။ အဲ့ဒါဆိုလည်း စောစောထဲက ကိုယ်စားလှယ်ဝင်မပြိုင်နဲ့ စောစော စီးစီး ပြည်သူ့ကိုယ်စားလှယ်မလုပ်နဲ့ပေါ့ဗျာ” 

ပြည်သူ့ကိုယ်စားလှယ်ကို ထိုသို့ ဖိအားပေး ခံ၀န်ထိုးခိုင်းသည့် နည်းလမ်းကို  ၂၂ နှစ်ကြာ အာဏာသိမ်းအုပ်ချုပ်ခဲ့သော ယခင် စစ်အစိုးရကလည်း ကျင့်သုံးခဲ့ဖူးသည်။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရအမတ် အများအပြားကို ထောင်သွင်း အကျဥ်းချခဲ့ပြီး ထောင်မှ လွတ်မြောက်လာလျှင်လည်း အမတ်အဖြစ်မှ နုတ်ထွက်ကြောင်း လက်မှတ်ထိုးကြစေရန် ဖိအားပေး ခြိမ်းခြောက်ခဲ့ဖူးသည်။

သုံးကြိမ် နစ်နာခြင်း

စစ်ကောင်စီ စီစဥ်သည့် ခံ၀န်တွင် လက်မှတ်ထိုးခဲ့သည့် အနိုင်ရအမတ် အရေအတွက်မှာ မကွေးတိုင်းမှ ၁၈ ဦး၊ ဧရာ၀တီတိုင်းမှ ၃ ဦး၊ ရန်ကုန် တိုင်းမှ ၁ ဦး ဖြစ်ကြောင်း   Myanmar Now က စုံစမ်းသိရှိရသည်။  

ပြောရေးဆိုခွင့်ရှိသူမဟုတ်သဖြင့် အမည်မဖော်လိုသည့် ပါတီမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးကမူ လက်မှတ်ထိုးထားသူပေါင်း  ၁၁၀ ရှိကြောင်း၊ သို့သော်လည်း ခံ၀န်ထိုးသူတို့၏  လုံခြုံရေးကိုစိုးရိမ်သဖြင့် ၎င်းတို့၏ အမည်စာရင်းကို ဖွင့်ချဦးမည်မဟုတ်ကြောင်း  Myanmar Now ကို ပြောသည်။  

စစ်ကောင်စီသဘောကျ လက်မှတ်ထိုးထားလျှင်လည်း ထိုသူတို့အတွက်  လုံခြုံရေး စိတ်မချရပေ။ 

ခံ၀န် လက်မှတ်ထိုးထားသူတစ်ဦးဖြစ်သည့် မကွေးတိုင်းလွှတ်တော် စလင်းမဲဆန္ဒနယ် ၂  အမတ်ဟောင်း ဦးသက်ခိုင်ကို စစ်ကောင်စီက စက် တင်ဘာလအတွင်း  ဖမ်းဆီး အမှုဖွင့်ထားသည်ဟု သိရသည်။

“ပါတီဝင်အချင်းချင်းကလည်း အပြစ်ပေးခံရဦးမယ်။ ပြည်သူလူထုကလည်း အပြစ်ပေးဦးမယ်။ အခု စစ်ကောင်စီကလည်း ဖမ်းဆီးထောင်ချတာခံရဦးမယ်ဆိုတော့ စစ်ကောင်စီဆီမှာ လက်မှတ်ထိုးထားတဲ့ ကိုယ်စားလှယ်တွေက  မိအေးသုံးလေးခါနာ ဖြစ်နေတော့တာပေါ့”ဟု အထက်ပ ါ ပါတီအလုပ်အမှုဆောင်က ပြောသည်။ 

ပါတီ၀င်များ၊ အမတ်များမှ အစ ပါတီခေါင်းဆောင်ပိုင်းအထိ ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းဆီးတရားစွဲခံနေရပြီး မကွေးတိုင်း ၀န်ကြီးချုပ်နှင့် ရခိုင် ပြည်နယ်၀န်ကြီးချုပ်တို့ကို ထောင်ချပြီးဖြစ်သည်။

ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက    ပါတီဝင် ၄၀၀ ၀န်းကျင် အဖမ်းခံထားရပြီး ထိုအထဲတွင် အမတ်  ၉၁ ဦး ပါ၀င်သည်ဟု ဆို သည်။ 

စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်မှုများကို လက်လှမ်းမီသမျှ စုံစမ်း မှတ်တမ်းတင်နေသော  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ အောက်တိုဘာ ၉  ထုတ်ပြန်ချက်အရ အဖမ်းခံထားရသူ  ၇၁၆၄ ဦး၊  ၀ရမ်းထုတ်ခံထားရသူ ၁၉၈၉ ဦး၊ သတ်ဖြတ်ခံရသူ ၁၁၆၁ ဦး ရှိသည်။ အိမ်ထဲတွင် ရှိနေစဥ် ပစ်သတ်ခံရသူ ရှိသကဲ့သို့ စစ်ကြောရေးစခန်းတွင် နှိပ်စက်သတ်ဖြတ်ခံရသူလည်း အများအပြား ရှိနေသည်။

နယ်စပ်ဒေသနှင့် ပြည်ပသို့ တိမ်းရှောင်ကာ အာဏာသိမ်းမှု ဆန့်ကျင်ရေး လုပ်ငန်း ဆက်လက်လုပ်ကိုင်နေသူတို့လည်း အများအပြား ရှိနေ သည်။ လုံခြုံမည်ဟု ယူဆရသော နေရာများသို့ တိမ်းရှောင်နေသူများ ဖမ်းဆီးခံရသည့် သတင်းလည်း မကြာခဏ ထွက်ပေါ်နေသည်။ 

ဤသို့သော အခြေအနေတွင် စစ်ကောင်စီသဘောကျ ခံ၀န်ထိုးသူများ ၀ေဖန် ပြစ်တင်ခံနေရသည်။

ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) မှ  ဗိုလ်နဂါးဟု အမည်ခံထားသူ အမျိုးသားက ထိုသို့ အညံ့ခံသူတို့ကို တာ၀န်ကြီးကြီး ပေးအပ်မိခဲ့ခြင်းမှာ ၀မ်းနည်း၊ စိတ်ပျက်၊၊ ဒေါသ ထွက်ဖွယ်ဖြစ်သည်ဟု ဆိုသည်။ 

“ဒီလို ရေသာခို အချောင်သမားတွေနဲ့ ဆက်သွားမယ်ဆိုရင်တော့ ဒီစစ်အာဏာရှင် အဆိပ်ပင်ကြီး ပြိုလဲသွားရင်တောင် နောက်အဆိပ်ပင် တစ်မျိုးပေါ်လာမှာပဲ”  ဟု ဗိုလ်နဂါးက ပြောသည်။

၂၀၂၀ရွေးကောက်ပွဲတွင် တတိယအများဆုံးအနိုင်ရထားသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ အထွေထွေ အတွင်းရေ းမှူးက ၎င်းတို့ပါတီမှ အမတ်များကိုလည်း စစ်ကောင်စီက ခံ၀န်ထိုးခိုင်းသည်ဟု ပြောသည်။

“ထိုးခိုင်းတယ်။ ဒါပေမယ့် ကျနော်တို့လူတွေကလည်း ထိုးချင်တဲ့သူမှထိုးတာ။ မထိုးတဲ့သူက များပါတယ်။ သူ (စစ်ကောင်စီ)ကိုယ်၌က ရွေး ချယ်ခံထားရတဲ့သူတွေကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းပြီးသား ဖြစ်တယ်။ အဲ့ဒီ ရုပ်သိမ်းပြီးသားဖြစ်တဲ့ဟာကို ဘာဖြစ်လို့ NUG, CRPH နဲ့ မပတ်သက်ဘူးဆိုတာ လာပြီး စိစစ်စရာ လိုသေးလို့လဲဗျာ” ဟု SNLD မှ စိုင်းလိတ်က  မှတ်ချက်ပြုသည်။

မဲပေးသူတို့ ရွေးချယ်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များကို ထိုသို့ ထိန်းချုပ်ရန် ကြိုးစားခြင်းသည် စစ်ကောင်စီ၏ ရှေ့နောက်မညီသော လုပ်ရပ်များဖြစ်သည်ဟု စိုင်းလိတ်က ပြောလိုက်သည်။myanmar now

သမိုင်းလမ်းဆုံ City Mart ရှေ့ ယာဉ်ထိန်းရဲ ကင်းတွင် စစ်ကောင်စီတပ်များ စုထိုင်နေစဉ် ဗုံးပေါက်၊ ထိခိုက်ဒဏ်ရာရမှုရှိ

မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ၊ City Mart ရှေ့ ယာဉ်ထိန်းရဲကင်းတွင် အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ဝန်းကျင်အ ချိန် စစ်ကောင်စီတပ်သားများ စုထိုင်စေနေစဉ် ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိကြောင်း သိရှိရသည်။

“သမိုင်းလမ်းဆုံ၊ City mart ရှေ့ စစ်ခွေးတွေ အုပ်စုလိုက် ထိုင်တဲ့နေရာမှာ ဗုံးပေါက်တာ။ စစ်ခွေးတွေလည်း ထိသလို၊ Food panda ကောင်းလေးတချို့လည်း လက်မောင်းမှာထိတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု မျက်မြင်တွေ့ကြုံသူတစ်ဦးက ဆိုသည်။

မရမ်းကုန်းမြို့နယ်မှ ဒေသခံတစ်ဦးကလည်း ဗုံးပေါက်သံ အလွန်ကျယ်လောင်ပြီး ယာဉ်ထိန်းရဲကင်း မှန်များ ကွဲနေကြောင်း၊ စစ်သားတစ်ဦး သွေးများ ရွှဲနေသည်ကို တွေ့မြင်ရသည်ဟု ပြောဆိုသည်။ “အုန်းကနဲ ၂ ချက်ကြားရတယ်။ သွေးတွေ ရွှဲနေတဲ့ စစ်သားတစ်ဦးတော့ သေလောက်မယ်ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ khit thit

ချောင်းဦးမြို့နယ်တွင် မိုင်းနင်းမိပြီး ဒေသခံ ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ မြို့ပေါ်ရပ်ကွက်တစ်ခုမှာ အောက်တိုဘာ ၁၀ ရက်က မိုင်းနင်းမိပြီး ဒေသခံ  ၂ ဦး သေဆုံးတယ်လို့ သိရပါတယ်။

“မနေ့ ညနေ ၆ နာရီဝန်းကျင်က ကြက်သွန်စိုက်ဖို့ လယ်ထဲမြေသွားကြည့်ရာကနေ မိုင်းနင်းမိလို့ အမျိုးသား ၂ ဦး သေဆုံးပြီး ၁ ဦး အပြင်းအ ထန် ဒဏ်ရာရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခု မိုင်းနင်းမိတဲ့နေရာက ချောင်းဦးမြို့အနောက်ဘက် အမြင့်သွားတဲ့ ကြေးနီတံတားအနီး လူသွားလူလာများတဲ့ လယ်တောထဲမှာ နင်းမိတာလို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်ကစပြီး  မိုင်းအလုံး ၅၀၀ စီမံကိန်းကို   စတင်မယ်လို့ ကြေညာထားတဲ့ အပြင်  ရဲစခန်းတွေ၊ စစ်ကောင်စီရုံးစိုက်ရာနေရာတွေနား မသွားကြဖို့နဲ့   အဓိက  မုံရွာ၊ ပုလဲ၊ ဂန့်ဂေါလမ်းမကြီးကို  မသွားကြဖို့လည်း ပြည်သူ့တော်လှန်ရေး တပ်မတော် People Revolution Army (PRA)  က သတိပေးထားပါတယ်။ 

အဲဒီရက်မတိုင်မီကလည်း တိုက်ပွဲဖြစ်ပွားရာနေရာဒေသတော်တော်များက ဒေသခံတချို့လည်း မိုင်းနင်းမိတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

လက်နက်ကိုင် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးမှာ လူသတ်မိုင်းကြောင့် သေဆုံးသူ တတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့  မြေမြှုပ်မိုင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့က ၂၀၁၂ ခုနှစ်မှာ ထုတ်ပြန်ထားတာပါ။ DVB

စစ်ကောင်စီက သတင်းသမား ၅၄ ဦးကို ဖမ်း ဆီး တရားစွဲဆိုထားကြောင်း MPFI-D က အ မည်စာရင်းများနှင့်တကွ ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းလုံးမှ သတင်းသမား ၅၄ ဦးကို ဖမ်းဆီး တရားစွဲဆိုထားကြောင်း Myanmar Press Freedom In-Depth(MPFI-D) က နာမည်စာရင်းများနှင့်တကွယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ နိုင်ငံ တော်အာဏာကို သိမ်းယူပြီးနောက် သတင်းမီဒီယာများကို ပိတ်ပင်ခြင်း၊ သတင်းသမား များကို ဖမ်းဆီးတရားစွဲဆိုခြင်း၊ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်နေခြင်းများ လုပ်ဆောင်လျက်ရှိရာ ယခုလက်ရှိနောက်ဆုံး ဖမ်းဆီးထားသော သတင်းသမားအရေ အတွက် ၅၄ ဦးရှိကြောင်း MPFI-D ၏ ထုတ်ပြန်ချက်တွင် ရေးသားထာသည်။

စစ်ကောင်စီသည် သတင်းမီဒီယာ ၈ ခုကို သတင်းလုပ်ငန်း လုပ် ပိုင်ခွင့် ပိတ်သိမ်းလိုက်ပြီး သတင်းလွတ်လပ်ခွင့်ကို ဆက်လက် ဖိနှိပ် ချိုးဖောက်နေကြောင်း၊ MPFI-D အနေဖြင့် မတရားဖမ်းဆီး သတင်းသမားများ၊ ဂျာ နယ်လစ်များကို ခြွင်း ချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်နှင့် သတင်းလွတ် လပ် ခွင့် အပြည့် အ၀ အာမခံ ပေးရန်၊ သတင်းမီဒီယာများအားလုံးကို သတင်းလုပ် ငန်းများ လွတ် လပ်စွာ လုပ်ကိုင်ခွင့်ပေးရန် စဉ်ဆက်မပြတ် တောင်းဆိုကြောင်း MPFI-D ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။khit thit

မလှိုင်မြို့တွင် ရပ်ကျေးအုပ်ချုပ်မှူးတစ်ဦးနှင့် စစ်မှုထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်ခံရ

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အောက်တိုဘာ ၁၁ ရက်မနက်က မြို့နယ်ထွေအုပ်ရုံးရှေ့မှာ ပန်းအိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ စစ်မှုထမ်း ဟောင်း တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “သေနတ်သံအချက်တွေ အများကြီး ကြားရတယ်။ ကံဦးရွာမှာ နေတဲ့ ပန်းအိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး  ဦးကျော်ငြိမ်းကတော့ နေရာတင် သေဆုံးတယ်။ စစ်မှုထမ်းဟောင်း ဦးကံမြင့်ကတော့ လက်မောင်းထိသွားတယ်” လို့ ပြောပါတယ်။

အမည်မသိလူတစုက သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး မိတ္ထီလာခရိုင်ထဲက ၄ မြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ အပစ်ခံရတာ ပထမဆုံးဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

အခင်းဖြစ်ပြီးတဲ့နောက် စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး ပိုက်စိပ်တိုက် စစ်ဆေးရှာဖွေနေတယ်လို့ သိရပါတယ်။DVB

ပုလဲနှင့် ဒီပဲယင်းမြို့တို့တွင် စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တို့မှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီ ယာဉ်တန်းတွေကို ဒေသခံ PDF တပ်တွေက မိုင်းဆွဲတိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ်ဘက်ကနေ ပုလဲမြို့နယ်ကို ဆင်းလာတဲ့ စစ်ကောင်စီညွှန်မှူးပါတဲ့ စစ်ကောင်စီယာဉ်တန်းကို အောက်တိုဘာ ၁၁ ရက် မနက် ၈ နာရီက နတ်ရေကန်အနီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ပုလဲပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ ဗိုလ်နဂါးက ပြောပါတယ်။

“ကျနော်တို့ စစ်ကောင်စီယာဉ်တန်းမှာ ညွှန်မှူးအဆင့်ရှိသူ ပါတယ်ဆိုလို့ အဲဒီစစ်ကောင်စီ ကားတန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာဗျ။ သူတို့ဘက်က အကျအဆုံးကတော့ များမယ်။ ကျနော်တို့ဘက်ကတော့ အကျအဆုံးမရှိဘူး” လို့ ပြောပါတယ်။

အဲဒီလို မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီယာဉ်တန်းက ယာဉ်တစ်စီး ထိခိုက်ပျက်စီးကာ သေဆုံးအလောင်း ၅ လောင်းကို တိုက်ပွဲဖြစ်ပွားတဲ့အနီးမှာ မြှုပ်ခဲ့ပြီး ဒဏ်ရာရသူ အများအပြားကို စစ်ကောင်စီဘက်က ကားနဲ့ သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲ တိုက်ခိုက်တဲ့ အနီးတဝိုက်က တောတဲလေးတွေကိုလည်း စစ်ကောင်စီက မီးရှို့တာတွေ ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီပဲယင်းမြို့နယ် အင်ဘုတ်ရွာနားမှာ ရဟတ်ယာဥ်နဲ့ လာချထားတဲ့ စစ်ကောင်စီ တပ်တွေ တရွာနဲ့တရွာ ပြောင်းရွှေ့စခန်းချပြီး နယ်မြေရှင်းလင်းရေးလုပ်စဉ် ပျံကျကျေးရွာနားမှာ ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ဒေသခံ PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက “ပထမ ဒီကောင်တွေ အင်ဘုတ်ရွာကနေ မနေ့က စစ်ကြောင်းထွက်လာပြီး ကြည်၊ ဘုရားထွက်မှာ ညနေ တပ်စွဲထားတယ်။ အဲဒီကနေ ဒီမနက် စစ်ကြောင်းပြန်ထွက်တော့ ဒေသခံ PDF က မိုင်းဆွဲတိုက်ခိုက်တာ။ မိုင်း ၇ လုံး ကွဲတယ်။ တလုံးကောင်း ကောင်း မိတယ်။ ၁၀ ဦးထက်မနည်း စစ်ကောင်စီဘက်က သေဆုံးနိုင်တယ်ဗျ။ ပစ်တာကတော့ စစ်ကောင်စီဘက်က ရမ်းပစ်နေတာ လက်ရှိအချိန်အထိပဲ” လို့  ပြောပါတယ်။

ဒီနေ့ တိုက်ပွဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်က အကျအဆုံးမရှိဘဲ တပ်ဆုတ်နိုင်ခဲ့ပါတယ်။ 

ပုလဲနဲ့ ဒီပဲယင်းမြို့နယ်တို့မှာ ဒီနေ့မနက် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုအခြေအနေကိုတော့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း ပုလဲနဲ့ ဘုတလင်မြို့တို့မှာ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသလို ဒီပဲယင်းမြို့နယ်က သစ်ရာအိုက်ရဲစခန်းလည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတပ်တွေအကြား အောက်တိုဘာလအတွင်း နှစ်ဘက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေလည်း ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။DVB

သက္ကလမြို့မှ စစ်ကောင်စီခန့် ရွှေပြည်အေး ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်မင်းဦး ယနေ့ နံနက် ပစ်သတ်ခံရ ၊ နတ်တလင်းတွင်လည်း ပျူစောထီးအဖွဲ့ဝင် ကိုဖြိုး ပစ်ခတ်ခံရပြီး သေ ဆုံး

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ က၀မြို့နယ်၊ သက္ကလမြို့အတွင်းရှိ စစ်ကောင်စီခန့် ရွှေပြည်အေးရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်မင်းဦးသည် ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ပစ်သတ်ခံရကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

သက္ကလမြို့၊ ရွှေပြည်အေးရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်မင်းဦးသည် ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ပဲခူး-သက္ကလကားမှတ်တိုင်(ဇော်ထွေးကွမ်းယာဆိုင်)တွင် ကွမ်းယာ ၀ယ်နေရင်း သေနတ်ဖြင့် ၅ ချက်တိတိ ပစ်ခတ်ခံရပြီး နေရာမှတင်ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသသ တင်းရင်းမြစ် Khayan Channel က သတင်းဖော်ပြသည်။ “ဒီနေ့မနက်က ၁၁ နာရီခွဲလောက်ကပစ်ခံတာပါ၊ သက္ကလ ရွှေပြည်အေးရပ် ကွက် အုပ်ချုပ်ရေးမှူး အောင်မင်းဦးပါ၊ ပဲခူး-သက္ကလကားမှတ်တိုင် ဇော်ထွေးကွမ်းယာဆိုင်မှာ ကွမ်းယာ၀ယ်နေတုန်း အပစ်ခံတာပါ။

၅ချက်အပစ်ခံရပါတယ်၊ ၂ ချက်ထိသွားတယ်။ နေရာမှာတွင် ပွဲချင်းပြီးသေဆုံးသွားပါတယ်၊ ဘယ်သူတွေပစ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ အခုဖြစ်ပွားရာနေရာမှာ စစ်တပ်တွေရောက်ရှိလာကြပြီး လုံခြုံရေးတင်းကျပ်နေပါတယ်”ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်မှ စစ်တပ်သတင်း ပေးလည်းဖြစ်ပြီး လက် နက်ကိုင် ပျူစောထီးအဖွဲ့ဝင်လည်းဖြစ်သူ ကျောက်ပိုးဒိုး(ခ)ကိုဖြိုးသည် အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။khit thit

ပေါင်မြို့နယ် EPC ရုံးအတွင်း ဗုံးပေါက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် လျှပ်စစ် (EPC) ရုံးအတွင်း အောက်တိုဘာ ၁၁ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက DVB ကိုပြောပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုဟာ မနက် ၅ နာရီခွဲလောက်မှာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး၊ လူထိခိုက်ဒဏ်ရာရ မရှိသလို အဆောက်အဦ ထိခိုက်ပျက်စီးတာလည်း မရှိဘူးလို့ ဆိုပါတယ်။

ပေါင်မြို့နယ် လျှပ်စစ်ဌာနရုံး ဗုံးပေါက်ကွဲမှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ထုတ်ပြန်ပါတယ်။

ပေါင် PDF ကတော့ EPC ရုံးရဲ့ လုပ်ဆောင်ချက်ဟာ စစ်ကောင်စီအလိုကျ မြို့နေ ပြည်သူလူထုဆီကနေ အတင်းအဓမ္မ မီတာခ ကောက်ခံတာ၊ နေအိမ်တွေကို လျှပ်စစ်မီး ဖြတ်တောက်နေတဲ့အတွက်ကြောင့် နောက်ဆုံးအနေနဲ့ သတိပေးဖောက်ခွဲရတာလို့ ဆိုထားပါတယ်။

ဒါ့အပြင် လျှပ်စစ်ရုံးဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ရရှိထားကြောင်းနဲ့ ရှေ့ဆက် စစ်ကောင်စီအလိုကျ ဆောင်ရွက်နေမယ်ဆိုရင် ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်ယူမှာ မဟုတ်ဘူးလို့ ပေါင် PDF က ထုတ်ပြန်ပါတယ်။

ပေါင်မြို့နယ်အတွင်းမှာတော့ အောက်တိုဘာ ပထမအပတ်ကစပြီး စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနက မီတာခမပေးတဲ့ နေအိမ်တွေကို လျှပ်စစ်မီးဖြတ်တောက်တာ စတင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။DVB

မုန့်ဟင်းခါးစားနေသည့် မလှိုင်မြို့နယ်စီမံအုပ် ချုပ်ရေး အဖွဲ့ဝင် ကျော်ငြိမ်း သေနတ်ဖြင့် ပစ် ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်မှ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ကျော်ငြိမ်းသည် ယနေ့ နံနက် ၈ နာရီ မုန့်ဟင်းခါး စားနေစဉ် သေနတ်သမား ၆ ဦး က ဝင်ရောက် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

“ဒီနေ့နက်ပိုင်း မလှိုင်မြို့ အုပ်ချုပ်ရေးမှူးရုံးရှေ့ မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးစားနေတုန်း ဦးကျော်ငြိမ်းကို ဆိုင်ကယ်နှစ်စီးနဲ့ လူ ၆ ယောက်ရောက်လာပြီး သေနတ်နဲ့ ပစ်သွားပါတယ်။ ဦးကျော်ငြိမ်းကတော့ ပွဲချင်းပြီးဆုံးပါတယ်။ ကျန်တဲ့ ရယက ၂ ဦးဒဏ်ရာရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရ၍ သေဆုံးသူ ကျော်ငြိမ်းသည် မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်ဖြစ်ပြီး မလှိုင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မဟုတ်ကြောင်း ဒေသခံက ဆက်လက်ပြောသည်။

“မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စိုးမင်းထက်ပါ။ အဖွဲ့ဝင်တွေအဖြစ်က ဗိုလ်မှူးဌေးသန်း၊ ကျော်ငြိမ်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထိန်လင်းမောင်တို့ပါတယ်။ ကျော်ငြိမ်းက အဖွဲ့ဝင်။ ရပ်မိရပ်ဖက ရွေးတာဆိုပြီး အဖွဲ့ဝင် တက်လုပ်နေတာ။ စစ်တပ်ထောက်ခံသူပါ သူက ” ဟု ဒေသခံက ဆက်လက်ပြောဆိုသည်။ လက်ရှိတွင် မလှိုင်မြို့ပေါ်တစ်ခုလုံးကို စစ်ကောင်စီတပ်များက ပိတ်ဆို့ စစ် ဆေး မှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။khit thit

« Older Entries Recent Entries »