ကော့နွဲ့ရွာအနီး စစ်ကောင်စီတပ်နှင့် KNLA၊ ခွဲထွက်-DKBA၊ Eagles တပ်ဖွဲ့များကြား ယနေ့နံနက် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၆ ဦး သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်နေပြီး KNLA၊ ခွဲထွက်-DKBAနှင့် Eagles တပ်ဖွဲ့ဝင်များမှ ခုခံတိုက်ခိုက်နေသောကြောင့် ယနေ့နံနက် ၁၀ နာရီ ၅၀ ခန့်မှ စတင်ကာ နေ့လယ် ၁ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၆ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

“ခုနကတော့ မိုးအရမ်းရွာနေလို့ တိုက်ပွဲခဏ ငြိမ်တယ်၊ အခု ၁ နာရီမှာတော့ တိုက်ပွဲ ငြိမ်သွားပြီ။ စစ်ကောင်စီတပ်ဘက်က ၆ ယောက်သေတယ်၊ ကျနော်တို့ဘက်မှာ အကျအဆုံးမရှိဘူး” ဟု Eagle Brigade မှ တာဝန်ရှိသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

အောက်တိုဘာလ ၁၁ ရက် ယမန်နေ့တွင်လည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၈ ဦးထက်မနည်းသေဆုံးကာ ၃၀ နီးပါး ဒဏ်ရာရခဲ့ပြီး ယမန်နေ့ညပိုင်းအထိ ဒဏ်ရာရ သေဆုံးသူများအား စစ်ကောင်စီတပ်မှ သယ်ထုတ်နိုင်ခြင်း မရှိသေးပေ။အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၅၅၆ တပ်ရင်းမှ ကော့နွဲ့ကျေးရွာတဝိုက် ထိုးစစ်ဆင်ဝင်နေပြီး ကော့ကရိတ်အခြေစိုက် ၉၇ အမြှောက်တပ်မှလည်း လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်နေကာ KNLA တပ်မဟာ ၆ တပ်ရင်း ၁၈ တပ်ဖွဲ့၊ ခွဲထွက်-DKBA တပ်ဖွဲ့၊ Eagle Brigade တပ်ဖွဲ့များမှ ပူးပေါင်း ခုခံတိုက်ခိုက်နေသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s