ကော့နွဲ့ရွာအနီး ယနေ့နံနက် စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ်များဖြင့် တရစပ်ပစ် ခတ်နေ၊ KNLA၊ ခွဲထွက်-DKBA၊ Eagles တပ် ဖွဲ့များမှ ခုခံတိုက်ခိုက်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်နေပြီး KNLA၊ ခွဲထွက်-DKBAနှင့် Eagles တပ်ဖွဲ့ဝင်များမှ ခုခံတိုက်ခိုက်နေသောကြောင့် ယနေ့နံနက် ၁၀ နာရီ ၅၀ ခန့်မှ စ၍ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

“စစ်ကောင်စီက ဝိုင်းပတ်ထားပြီး ထိုးစစ်ဆင်နေတယ်၊ လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်နေတယ်။ KNLA၊ ခွဲထွက်-DKBAနဲ့ Eagles တပ်ဖွဲ့က ရဲဘော်တွေ အပြင်းအထန်ခုခံနေတယ်။ နှစ်ဖက်အကျအဆုံးက မသိရသေးဘူး။ အခု နှစ်ဖက်ထိတွေ့ပစ်ခတ်နေတုန်းပဲ” ဟု Eagle Brigade တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ယနေ့ နေ့လယ် ၁၂ နာရီတွင် ဆက်သွယ်ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်တွင် ကော့နွဲ့ရွာအနီး တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားပြီး KNLA တပ်မဟာ ၆ တပ်ရင်း ၁၈ တပ်ဖွဲ့၊ ခွဲထွက်-DKBA တပ်ဖွဲ့၊ Eagle Brigade တပ်ဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အနည်းဆုံး ၈ ဦး သေဆုံးကာ ၃၀ နီးပါး ဒဏ်ရာရခဲ့သည်။”မနေ့က တိုက်ပွဲမှာ သူတို့ဘက်က အကျအဆုံးများတယ်၊ မနေ့ညအချိန်ထိ သေတဲ့သူတွေ၊ ဒဏ်ရာရတဲ့သူတွေကို သူတို့ဘက်က ပြန်မကောက်နိုင်သေးဘူး၊ ဒီတိုင်းပစ်ထားရတယ်” ဟု KNLA သတင်းရင်းမြစ်မှ ပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ခရီးစဉ် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ကို ခွဲထွက်-DKBA နှင့် Eagle Brigade က ပစ်ခတ်တိုက်ခိုက်လို့ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ G-1 ဒုတိယ ဗိုလ်မှူးကြီးကျော်စွာမျိုးအပါအဝင် ၅ ဦး သေဆုံးခဲ့သည်။

ယင်းကိစ္စအပေါ် အရှိုက်ထိခဲ့သော စစ်ကောင်စီတပ်သည် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မည်ဟု ကြုံးဝါးထားပြီး အာရှလမ်းမလုံခြုံရေးယူ ထားသည့် ခမရ ၅၅၆ တပ်ရင်းမှ ကော့နွဲ့ကျေးရွာတဝိုက် ထိုးစစ်ဆင်ဝင်ရောက်လာပြီး ကော့ကရိတ်အခြေစိုက် ၉၇ အမြှောက်တပ်မှလည်း လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s