ဆောမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း

မကွေးတိုင်း၊ ဆောမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အောက်တိုဘာ ၁၁ရက်က ဖွဲ့စည်းလိုက်ကြောင်း ယင်းအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ အုပ်ချုပ်ရေး ယန္တရား ခိုင်မြဲစွာ ရပ်တည်ရေးအတွက် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ကြေငြာချက်အမှတ် (၁/၂၀၂၁) ဖြင့် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

အုပ်ချုပ်ရေးအဖွဲ့တွင် နာယက လေးဦး၊ လုံခြုံရေးတာဝန်ခံ သုံးဦးအပါဝင် ၁၉ ဦး ဖြင့် ဖွဲ့စည်းထားသည်။ လိုအပ်သည့် ကဏ္ဍများကိုလည်း NUG ၏ လမ်းညွှန်မှုဖြင့် ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် အုပ်ချုပ်ရေးဖွဲ့စည်းပုံများကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အား ကူညီပံ့ပိုးကြရန်လည်း ကြေညာစာတွင် မေတ္တာရပ်ခံထားသည်။ ဆောမြို့ နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s