တရားမဝင် ခိုးထုတ်လာသော ပိတောက်သစ်ခွဲသား ၁၀ တန်ကို YDF ထီးလင်း ဖမ်းဆီး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါဘက်မှ ကုန်ကားနှစ်စီးဖြင့် တရားမဝင် ခိုးထုတ်လာသော ပိတောက်သစ်ခွဲသား ၁၀ တန်ကို ယနေ့ (အောက်တို ဘာလ ၁၂ ရက်) နံနက် ၈ နာရီခန့်တွင် ယောဒေသကာကွယ် ရေးတပ်ဖွဲ့ (YDF- ထီးလင်း) က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း YDF- ထီးလင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

မသင်္ကာဖွယ်ရာ ကုန်ကားနှစ်စီးကို ပိတ်ဆို့စစ်ဆေးခဲ့ရာ ကားအပြာတစ်စီးတွင် ပိတောက်သစ်ခွဲသား ဆိုဒ်စုံနှစ်တန်နှင့် ရှစ်ဘီးကုန်တင်ကား‌ ပေါ်တွင် ပိတောက်သစ်ခွဲသား ဆိုဒ်စုံ ရှစ်တန်ခန့် တရားမဝင် ခိုးထုတ်လာကြောင်း တွေ့ရှိရသဖြင့် ပြည်သူပိုင်ပစ္စည်းအဖြစ် သိမ်းဆည်းလိုက်သည်ဟု YDF- ထီးလင်း တပ်ဖွဲ့က ဆိုသည်။

ယာဉ်ပေါ်တွင် ပါလာသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်းလေးဦးကို ယခုလိုလုပ်ရပ်မျိုး နောက်ထပ်မလုပ်ရန် သတိပေးပြီးနောက် ပြန်လွှတ်ပေးခဲ့ပြီး သစ်ပိုင်ရှင်မှာ ပခုက္ကူမြို့နေ ဦးအောင်ကိုလတ်ဖြစ်ကြောင်း YDF- ထီးလင်း အဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဒေသဘက်တွင် လက်ရှိကာလအတွင်း သစ်များကို အဆမတန် ခုတ်ယူကာ တရားမဝင် ခိုးထုတ်ယူမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s