ပုလဲ- ဂန့်ဂေါလမ်းတွင် စစ်ကောင်စီ ယာဉ်တန်းကို PRA က မိုင်းဆွဲတိုက်ခိုက် စစ်ကောင် စီ တပ်ဖွဲ့ဝင် ၈ဦးသေဆုံး

စစ်ကိုင်းတိုင်း ပုလဲ-ဂန့်ဂေါလမ်းအပိုင်းရှိ ၅၆အရှေ့ထိပ်တွင် ကျောမြို့က ပုလဲမြို့သို့ သွားသည့် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA)က ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၄နာရီ ၃ဝမိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ဦးသေဆုံးကြောင်း PRA အဖွဲ့က သိရသည်။

” ကျွန်တော်တို့ PRA တပ်ရင်း (၄)က ကိုရာဇာ အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပေါ့။ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ဦးသေတယ်။ ဒဏ်ရာရသူတွေလဲရှိတယ်။ သူတို့ဖက်က လိုက်ပစ်လို့ ရဲဘော်တွေ ပြန်ဆုတ်ခွာခဲ့ရတယ်။ ထိခိုက်မိတာတော့ မရှိဘူး” ဟု ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) ပြောရေးဆိုခွင့်ရှိသူ ကိုဂျပန်ကြီးကပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s