ပေါင်းတည် ကျေးလက်ဖွံ့ဖြိုးရေးရုံး ဗုံးပေါက်၊ နတ်တလင်းက ပျူစောထီးတစ်ဦး အသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့၊ ဘွဲ့ပင်ကန်ရပ်ကွက်၊ မှတ်တိုင်လမ်းမှာရှိတဲ့ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှာ ဒီကနေ့မနက် ၁၀ နာရီခွဲလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နီးစပ်တဲ့ဒေသခံတဦးက “ပေါက်ကွဲသံကြားရပြီး မီးခိုးတွေမြင်ရတယ်။ သိပ်မကြာဘူး စစ်နဲ့ရဲတွေရောက်လာပြီး စစ်ဆေးနေတယ်။ ဘာတွေဖြစ်သွားကြလည်းတော့ မသိရဘူး” လို့ ပြောပါတယ်။

အဆိုပါ ကျေးလက်ဖွံံဖြိုးရေးရုံးဝန်ထမ်းတွေ အခြားဌာနဝန်ထမ်းတွေလို အာဏာဖီဆန် CDM မှာ မပါဝင်ကြဘဲ ဝန်ထမ်းအားလုံး ရုံးတက်နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ပေါက်ကွဲသံကြားရပြီး ရဲနဲ့စစ်သားတချို့ရောက်လာကာ စစ်ဆေးမှုတွေပြုလုပ်နေပြီး ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးပါဘူး။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြိုသစ်မှာ ပျူစောထီးဆိုပြီး နာမည်ကြီးနေတဲ့ ကျောက်ပိုးထိုး (ခ) ကိုဖြိုးဟာ အောက် တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းက တောင်ညိုဆည်ဘက်က အပြန်လမ်းမှာ အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “သူက စစ်တပ်ကို သတင်းပေးဒလန်လည်းလုပ်တယ် ပျူစောထီးအဖွဲ့မှာလည်းပါတယ်။ သေနတ်ဒဏ်ရာကော ဓားဒဏ်ရာကောတွေ့တယ်ကြားတယ်” လို့ ပြောပါတယ်။

သေဆုံးသူ ကိုဖြိုး ဟာ ပရဟိတပြုလုပ်တာကိုအကြောင်းပြပြီး ပြည်သူတွေဆီက သတင်းတွေရယူကာ စစ်ကောင်စီကို သတင်းပေးနေတယ်လို့ ဆိုပါတယ်။

နတ်တလင်းမြို့နယ်မှာ စစ်တပ်သတင်းပေးဒလန်နဲ့ ရပ်ကျေးအုပ်ချုပ် ရေးမှူးတွေ မကြာခဏသတ်ဖြတ်ခံနေရပေမယ့် ရာထူးကနေ နုတ်ထွက်သူ နည်းပါးနေသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s